No Plastic Bag Day

ဒုဒုတိယအကြိမ် ပလတ်စတစ်အိတ် မသုံးစွဲသည့်နေ့ အစီအစဉ် ကျင်းပ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်သူများ ပူးပေါင်းပါဝင်

မန္တလေးမြို့တော်ဝန်၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာ ရဲလွင်သည် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးရဲမွန်နှင့် ကော်မတီဝင်များ၊ သန့်ရှင်းရေးဌာန ဌာနမှူး၊ ဒုတိယ ဌာနမှူးတို့နှင့်အတူ ဇူလိုင်၃၀ရက်ညနေ ၄နာရီခွဲက အောင်မြေသာစံမြို့နယ်၊ ၁၉လမ်း City Mart ၏ No Plastic Bag Day (ပလတ်စတစ်အိတ် မသုံးစွဲသည့်နေ့)အစီအစဉ် (ဒုတိယအကြိမ်)ကျင်းပပြုလုပ်ဆောင်ရွက်မှု အခြေအနေများအား သွားရောက်ကြည့်ရှုလေ့လာအားပေးသည်။
မြို့တော်ဝန်နှင့်အဖွဲ့အား City Mart Holding Co.,Ltd, PR Team ဒေါ်စိမ်းလဲ့လဲ့နှင်း က City Love & Hope Foundation ၏ လူမှု သိတတ်မှု ဆိုင်ရာ Corporate Social Responsibility (CSR) လုပ်ငန်းစဉ်များဖြစ် သည့် ကျန်းမာရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူနေမှုဘဝတိုးတက်မြှင့်မားရေးစသည့် လုပ်ငန်းစဉ်လေးရပ်မှ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကဏ္ဍတစ်ရပ်အဖြစ် No Plastic Bag Day အား ၂ဝ၁၄ခုနှစ်မှစ၍ City Mart Supermarket ရန်ကုန်ဆိုင်ခွဲများ၌ ကျင်းပ ပြုလုပ်လျက်ရှိပြီး မန္တလေးဆိုင်ခွဲဖြစ်သည့် ၁၉လမ်း City Mart Supermarket တွင် ၂ဝ၁၈ခုနှစ် ဇွန် ၂၅ ရက်နှင့် ၂၆ ရက်များ၌ (ပထမအကြိမ်) အဖြစ် ဈေးဝယ်သူ မိဘပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း၊ ယခု ဇူလိုင် ၃ဝ နှင့် ၃၁ ရက်များတွင် (ဒုတိယ အကြိမ်)ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားရာ မြို့တော်ဝန်က သဘာဝပတ်ဝန်းကျင်အား အလွန်တရာမှ ဒုက္ခပေးနေသော ပလတ်စတစ် အိတ်များလျော့ချသုံးစွဲရေး Program တစ်ခုဖြစ်သည့် No Plastic Program ကို City Mart Supermarket မှ မန္တလေးမြို့၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ရှေ့ဆောင်လမ်းပြ ပြုလုပ်ခြင်းအား လွန်စွာမှ အားရကျေနပ် မိပါကြောင်းနှင့် အားပေးထောက်ခံကြောင်း ပြောကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဆိုင်အတွင်း အကြိမ်ကြိမ်ပြန်လည် အသုံးပြုနိုင်သော Reusable Bag ရောင်းချနေမှု၊ ပလတ်စတစ်အိတ်အစား ကတ်ထူဂျပ်ဘူးများဖြင့် ထုတ်ပိုးရောင်းချမှု၊ ပညာရှင် Don Wright ၏ ၂ဝ၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် အာရှနှင့်ပစိဖိတ် တစ်ဝန်းတွင် စိုက်ထူခဲ့သည့် အနုပညာလက်ရာများထဲမှ ဝါယာကြိုးများနှင့် ပြန်လည်အသုံး ပြုနိုင်သော ပစ္စည်းများအစရှိသည့် ကြားခံပစ္စည်းမျိုးစုံတို့ဖြင့် အသုံးပြုကာ Plastic Pollution Artwork ဖန်တီးထားသည့် ရေလမ်းကြောင်း များတွင် ပလတ်စတစ်များဝင်ကာ ညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေသည့် ”ညစ်ညမ်းလှိုင်း” အမည်ရှိ ပန်းပု ရုပ်တု ဖန်တီးပြသထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး ယခု အစီအစဉ်ကို အားပေးထောက်ခံကာ မန္တလေးမြို့တော်နေ ပြည်သူများအနေ ဖြင့် ပလတ်စတစ်အိတ်များ တတ်နိုင် သမျှ လျှော့ချသုံးစွဲကြရန် တိုက်တွန်း ပါကြောင်းနှင့် ယခုကဲ့သို့လုပ်ဆောင် မှုများကို တစ်မြို့လုံး တိုးချဲ့ဆောင် ရွက်သွားရန် စီစဉ်ထားရှိကြောင်းတို့ ကို မြို့တော်ဝန်က ဆွေးနွေးပြော ကြားသွားသည်။
No Plastic Bag Day သည် ကိုယ်ပိုင်ဈေးဝယ်အိတ်နှင့် ဈေးဝယ် သည့် အလေ့အထကို အားပေးသည့် အစီအစဉ်တစ်ခုဖြစ်သည်။ လစဉ် နောက်ဆုံးတနလာၤနှင့် အင်္ဂါနေ့များ ကို ပလတ်စတစ်အိတ် မသုံးစွဲသည့် နေ့အဖြစ် သတ်မှတ်ပြုလုပ်လျက်ရှိ ပြီး ထိုရက်များတွင် City Mart Supermarket ဆိုင်များ၌ ဈေးဝယ် သူများအား ပလတ်စတစ်အိတ်မပေး ဘဲ မိမိ၏ ကိုယ်ပိုင်ဈေးဝယ်အိတ်ဖြင့် လာရောက်၍ ကုန်ပစ္စည်းများ ဝယ်ယူနိုင်ကာ ကိုယ်ပိုင်ဈေးဝယ်အိတ် မပါရှိပါက Reusable Bag ဝယ်ယူ ၍ လည်းကောင်း၊ မဖြစ်မနေ ပလတ်စတစ်အိတ် လိုအပ်ပါက ငွေကျပ် ၁ဝဝ ကျပ်လှူဒါန်း၍လည်း ကောင်း၊ မိမိဝယ်ယူထားသည့် ကုန် ပစ္စည်းများကို သယ်ဆောင်နိုင်ကြောင်း၊ အဆိုပါနေ့များတွင် ရောင်းချရသော Reusable Bag ရောင်းရငွေ၏ ၅ဝ ရာခိုင်နှုန်းနှင့် ပလတ်စတစ်အိတ်များ အတွက် လှူဒါန်းငွေများကို သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (FREDA) နှင့်ပူးပေါင်း၍ နှစ်စဉ် သစ်ပင်များ စိုက်ပျိုးပေးလျက်ရှိကာ သစ်ပင်စုစုပေါင်း တစ်သိန်းခုနစ်သောင်း ကျော် စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့ပြင်စာနယ်ဇင်း၊ မီဒီယာများမှ တစ်ဆင့် သဘာဝပတ်ဝန်းကျင်ဆိုင် ရာ အသိပညာပေးဆောင်းပါးများ ရေးသားခြင်းတို့ဖြင့် ပြုလုပ်လျက် ရှိကြောင်း ဒေါ်စိမ်းလဲ့လဲ့နှင်းက ပြောသည်။

Loading

Leave a Comment