Skip to content

အခွန်ဌာနဝန်ဆောင်မှု

အခွန်ဌာနဝန်ဆောင်မှု

cover_large အခွန်ဌာနခွဲမှ ဝန်ဆောင်မှု လုပ်ငန်းများ Expand

၁။      ကော်မတီ၏အခွင့်အရေးလုပ်ငန်းအမျိုးမျိုးအား လေလံရောင်းချခြင်း

၂။       ဘီးခွန်ကောက်ခံခြင်းလုပ်ငန်း

၃။      အုတ်၊ ထုံး၊ သဲ၊ ကျောက် သယ်ဆောင်သည့်ယာဉ်များ မြို့တွင်းဝင်ရောက်ခွင့်

၄။      စက်သုံးဆီသယ်ဆောင်သည့်ယာဉ်များ မြို့တွင်းဝင်ရောက်ခွင့်

၅။      (၃)တန်အထက်ယာဉ် မြို့တွင်းဝင်ရောက်ခွင့်

၆။      (၃) တန်မှ (၄) တန်အထိ Box ကား မြို့တွင်းဝင်ရောက်ခွင့်

၇။      မြေသယ်ယာဉ် မြို့တွင်းမြေသယ်ဆောင်ခွင့်

၈။      ကော်မတီပိုင်မြေပေါ်၌ အိမ်ခန်း၊ တိုက်ခန်း၊ ဆိုင်ခန်းများမှ ယာဉ်ရပ်နားရန် မြေနေရာ ငှားရမ်းခွင့်

၉။      ကော်မတီပိုင်မြေပေါ်၌ အရောင်းဆိုင်၊ စားသောက်ဆိုင်၊ ဘဏ်၊ ဆေးရုံ စသည်များသို့ လာရောက်သည့်ယာဉ်များရပ်နားရန် မြေနေရာငှားရမ်းခွင့်

၁၀။    ဂိတ်ခန်း၊ ဆိုင်ခန်း၊ တိုက်ခန်း ပိုင်ဆိုင်မှုအမည်ပေါက်ပြောင်းလဲခွင့်

၁၁။    ယာဉ်လိုင်းပြေးဆွဲရန်အတွက် ဂိတ်ခန်းငှားရမ်းခွင့်

၁၂။     မော်တော်ယာဉ်ဖြင့် ဈေးရောင်းချခွင့်၊ သုံးဘီးဆိုင်ကယ်၊ လက်တွန်းလှည်းဖြင့် ကျုံးဘေး၌ ထီရောင်းချခွင့်

၁၃။    လ.ဘ.ဆ ဆိုင် သက်တမ်းတိုးမှတ်ပုံတင်ခြင်း

ကော်မတီ၏ လုပ်ငန်းအမျိုးမျိုးအား လေလံ ရောင်းချခြင်း Expand လေလံဆောင်ရွက်သည့်အမျိုးအစားများ
(၁) ဝက်/ဆိတ်/အမဲ အသားဆိုင်များ ရောင်းချခွင့်
(၂) ရေချိုး/အိမ်သာကောက်ခံခွင့်
(၃) စက်ဘီး/ဆိုင်ကယ်/ကား အပ်နှံခကောက်ခံခွင့်
(၄) အပေါင်ဆိုင်လုပ်ငန်းလုပ်ကိုင်ခွင့်
(၅) ထီးတိုင်စိုက်ထူခကောက်ခံခွင့်
(၆) မြို့နယ်လမ်းဘေးပျံကျဈေးကောက်
(၇) ဆိပ်ကမ်းခွန်(ယာဉ်ရပ်နားနှင့် လမ်းဘေးဈေးကောက်)
(၈) တည်းခိုခန်းငှားရမ်းလုပ်ကိုင်ခွင့်
(၉) မြေနေရာငှားရမ်းလုပ်ကိုင်ခွင့်
(၁၀) စားသောက်ဆိုင်ငှားရမ်းလုပ်ကိုင်ခွင့်
(၁၁) ဂိုဒေါင်ငှားရမ်းလုပ်ကိုင်ခွင့် လေလံဆွဲဝယ်သူ လိုက်နာရမည့်အချက်
(၁) လျှောက်လွှာဝယ်ယူခြင်း(မှတ်ချက်။လျှောက်လွှာနှင့်အတူအိမ်ထောင်စုဇယား၊မှတ်ပုံတင်မိတ္တူနှင့်လိုအပ်ပါကရပ်ကွက်အုပ်ချုပ်ရေးမှူး၏ နေထိုင်ကြောင်း ထောက်ခံစာပါရှိရမည်။
(၂) လုပ်ငန်းအလိုက် သတ်မှတ်စပေါ်ငွေပေးသွင်းရမည်။ (လေလံကြမ်းခင်းဈေး၏ ၃၀% )
(၃) လေလံပွဲမစမီ (၁)ရက်ကြိုတင်၍ လေလံယှဉ်ပြိုင်မှုတိုကင် ထုတ်ယူရမည်။ မှတ်ချက်။ ၁။ အပေါင်ဆိုင်လုပ်ငန်းလုပ်ကိုင်ခွင့်အတွက် လေလံလျှောက်လွှာ တင်ပြရာတွင် အောက်ပါအချက်များ ပူးတွဲတင်ပြရမည်-
(က) အိမ်ထောင်စုဇယားမိတ္တူ
(ခ) မှတ်ပုံတင်မိတ္တူ
(ဂ) မြေပိုင်ဆိုင်မှု အထောက်အထားမိတ္တူ
(ဃ) ရပ်ကွက်တွင်နေထိုင်ကြောင်းထောက်ခံစာ
(င) လက်ငုတ်လိုင်စင်စီများကိုသာပြည်တွင်းအခွန်တွင်အခွန်ကြေပြေစာ တင်ပြရန်

၂။ လေလံလုပ်ငန်းများ၏လုပ်ပိုင်ခွင့်အား ဘဏ္ဍာရေးနှစ်အလိုက်ခွင့်ပြု၍ လေလံအပြိုင် ရောင်းချခြင်းအား (၁)လကြိုတင်ဆောင်ရွက်ပါသည်။

 

ပူးတွဲပါဝင်ရမည့် အထောက်အထားများ Expand ၁။ ဘီးခွန်ပေးဆောင်ရန် အောက်ပါအထောက်အထားများနှင့်အတူ လာရောက်ပေးဆောင် နိုင်ပါသည်-
(က) မှတ်ပုံတင်စာအုပ်(ကမ-၃)မူရင်း
(ခ) ယာဉ်မှတ်ပုံတင်သက်သေခံကတ်ပြား
(ဂ) သက်တမ်းကုန်ဆုံးသဖြင့် ဘီးခွန်ပေးဆောင်ပါက ယခင်နှစ်ပေးဆောင်ခဲ့သော ဘီးခွန်ကတ်ပြားဟောင်း/ပြေစာနှင့်အတူ လာရောက် ပေးဆောင်နိုင်ပါသည်။

၂။ အုတ်၊ ထုံး၊ သဲ၊ ကျောက်ယာဉ်များ မြို့တွင်းဝင်ရောက်ခွင့် လျှောက်ထားလိုပါက အောက်ပါအထောက်အထားများနှင့်အတူ လျှောက်ထားနိုင်ပါသည်-

(၁) ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူ

(၂) ယာဉ်သက်သေခံအဝိုင်းမိတ္တူ

(၃) ဘီးလှိမ့်ခွန်မိတ္တူ

(၄) မှတ်ပုံတင်မိတ္တူ

၃။  စက်သုံးဆီသယ်ဆောင်မည့်ယာဉ် မြို့တွင်းဝင်ရောက်ခွင့် လျှောက်ထားရာတွင် ပါဝင်ရမည့် အချက်အလက်များ

(၁) မှတ်ပုံတင်မိတ္တူ

(၂)  ယာဉ်မှတ်ပုံတင်စာအုပ်(ကမ-၃)မိတ္တူ

(၃)  ယာဉ်သက်သေခံမိတ္တူ

(၄)  လုပ်ငန်းလိုင်စင်

(၅)   ရေချိန်

၄။ (၃)တန်အထက်ယာဉ်(Box)ကားယာဉ်များ မြို့တွင်းဝင်/ထွက်ခွင့်လာရောက်လျှောက်ထားပါက အောက်ပါအထောက်အထားများနှင့်အတူ လျှောက်ထားနိုင်ပါသည်-

(၁)     ယာဉ်မှတ်ပုံတင်စာအုပ်မိတ္တူ

(၂)      ယာဉ်သက်သေခံအဝိုင်းမိတ္တူ

(၃)     ဘီးလှိမ့်ခွန်မိတ္တူ

(၄)     မှတ်ပုံတင်မိတ္တူ

အချက်အလက်များစုံလင်ပါက ငွေရပြေစာအား နေ့ချင်းပြီးဆောင်ရွက်ပေးပြီး ခွင့်ပြု သည့်အကြောင်းကြားစာအား (၂)ရက်အတွင်းထုတ်ပေးပါသည်။

၅။ မြေသယ်ယာဉ် မြို့တွင်းမြေသယ်ဆောင်ခွင့်အတွက် အောက်ပါအထောက်အထားများနှင့်အတူ လျှောက်ထားနိုင်ပါသည်။

(က)  မှတ်ပုံတင်မိတ္တူ

(ခ)   မြေသယ်ယူမည့်နေရာ(သို့)မြေဖို့မည့်နေရာ၊ နေရပ်လိပ်စာအပြည့်အစုံ

(ဂ)   မြေသယ်ယူပို့ဆောင်မည့်ပမာဏ၊ သယ်ယူပို့ဆောင်မည့်ယာဉ်အမျိုးအစားနှင့် အရေအတွက်၊ ယာဉ်အမှတ်များ

(ဃ)  မြေသယ်ယာဉ် ဖြတ်သန်းမည့်လမ်းကြောင်း

(င)   မြေတူး/ဖို့မည့်နေရာသို့ ဌာန၏တာဝန်ပေးသူမှ သွားရောက်စစ်ဆေးခြင်း

(စ)   ကော်မတီသို့ တင်ပြခွင့်ပြုချက်တောင်းခံခြင်း

(ဆ)  ခွင့်ပြုချက်ရရှိပါက အခွန်ငွေပေးသွင်းစေခြင်း

(ဇ)    စည်းကမ်းနှင့်အညီ မြေသယ်ဆောင်ရန် ခွင့်ပြုချက်ထုတ်ပေးခြင်း ( အချိန်ကာလ (၇)ရက် )

၆။ ယာဉ်တစ်စီးချင်းရပ်နားရန် ယာယီမြေနေရာငှားရမ်းခြင်းအတွက် အောက်ပါ အချက်အလက်များဖြင့် လျှောက်ထားရပါမည်-

(၁) မှတ်ပုံတင်မိတ္တူ

(၂) အိမ်ထောင်စုဇယားမိတ္တူ

(၃) အိမ်ခွန်ပြေစာမိတ္တူ

(၄) လုပ်ငန်းလိုင်စင်မိတ္တူ(လုပ်ငန်းရှိလျှင်)

၇။ အရောင်းဆိုင်၊ စားသောက်ဆိုင်၊ ဘဏ်၊ ဆေးရုံ စသည်သို့ လာရောက်သော ယာဉ်များရပ်နားရန် အောက်ပါတို့ဖြင့် လျှောက်ထားရပါမည်-

(၁) မှတ်ပုံတင်မိတ္တူ

(၂) အိမ်ထောင်စုဇယားမိတ္တူ

(၃) လုပ်ငန်းလိုင်စင်မိတ္တူ

  • သတ်မှတ်အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးပါသည်။
  • မြေနေရာငှားရမ်းနိုင်ပါက ကော်မတီသို့ တင်ပြအတည်ပြုချက်ရယူပါသည်။

၈။ အခွန်ဌာနလက်အောက်ရှိ ဂိတ်ခန်း၊ ဆိုင်ခန်း၊ တိုက်ခန်းများ အမည်ပြောင်းရန်အတွက် ယာဉ်ရပ်နားစခန်းအုပ်ချုပ်ရေးမှူးရုံးများသို့ လျှောက်ထားရမည်။

၁။  အမည်ပေါက်ပြောင်းလဲသည့်လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲ တင်ပြရမည်-

(က)  အမည်ပြောင်းလဲခွင့်လျှောက်လွှာ

(ခ)  ပိုင်ဆိုင်မှုစာအုပ်မိတ္တူ

(ဂ)  အရောင်းအဝယ်ပြုလုပ်ထားသည့်စာချုပ်မိတ္တူအဆင့်ဆင့်

(ဃ)  မှတ်ပုံတင်မိတ္တူ

(င)  အိမ်ထောင်စုဇယားမိတ္တူ

(စ)  အခွန်ကြွေးကျန်မရှိ ပေးဆောင်ထားသည့်ပြေစာမိတ္တူ

၂။  မန္တလေးနေ့စဉ်သတင်းစာ၌ ကန့်ကွက်ရန်ရှိ/မရှိ ထည့်သွင်းကြေညာရပါသည်။

၃။  ကန့်ကွက်လျှောက်ထားလိုသူများမရှိပါက အမှုတွဲပြုစု၍ ကော်မတီသို့တင်ပြ အတည်ပြုချက် ရယူပါသည်။

၄။  ကော်မတီမှအတည်ပြုချက်ရရှိပါက အခန်းလခ၏အဆ(၂၀) အခွန်ငွေပေးသွင်းစေပြီး အမည်ပြောင်းခွင့်ပြုပါသည်။

မှတ်ချက်။ ကြာမြင့်ချိန်မှာ သတင်းစာကြော်ငြာခြင်း(၁၄)ရက်အပါအဝင် (၁)လခန့်ကြာမြင့် ပါသည်။

၉။ သက်ဆိုင်ရာ ယာဉ်ရပ်နားစခန်းအုပ်ချုပ်ရေးမှူးရုံးမှ အောက်ပါစာရွက်စာတမ်းများနှင့် အတူ လျှောက်ထားရပါမည်-

(၁) လျှောက်လွှာ

(၂)  ဂိတ်ခန်းငှားရမ်းစာချုပ်၊ ဂိတ်ခန်းပိုင်ဆိုင်မှု

(၃)  ယာဉ်လိုင်းပြေးဆွဲမည့်စီမံချက်

ဂိတ်ခန်းငှားရမ်းခွင့်နှင့်ပတ်သက်၍ ကော်မတီမှသာ စိစစ်ခွင့်ပြုပေးပါသည်။

မှတ်ချက်။      လုပ်ငန်းစဉ်တစ်ခုလုံးအတွက်(၁)လခန့်ကြာမြင့်ပါမည်။

၁၀။ မော်တော်ယာဉ်ဖြင့် ဈေးရောင်းချခွင့်အတွက် အောက်ပါ အချက်အလက်များဖြင့် လျှောက်ထားရပါမည်-

(က) ယာဉ်မှတ်ပုံတင်စာအုပ်(ကမ-၃)မိတ္တူ

(ခ)  ယာဉ်သက်သေခံအဝိုင်းမိတ္တူ

(ဂ)  မှတ်ပုံတင်မိတ္တူ

(ဃ)  ရောင်းချလိုသော(၅)နေရာလျှောက်ထားခွင့်ရှိခြင်း

(င)  သက်ဆိုင်ရာမြို့နယ်အလိုက်ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များမှကွင်းဆင်း စစ်ဆေးခြင်း

(စ)  ယာဉ်ကြောပိတ်ဆို့မှုမရှိနိုင်မည့်နေရာများကိုသာ သတ်မှတ်စည်းကမ်းများနှင့် အညီ လိုင်စင်ချထားပေးခြင်း

မှတ်ချက်။      လျှောက်လွှာတင်ပြီး (၁)ပတ်အတွင်း ဆောင်ရွက်ပေးပါသည်။

၁၁။ လမ်းဘေးအတည်ဆိုင် (လ.ဘ.ဆ)များအားယခင်ဆိုင်များကိုသာ နှစ်စဉ်သက်တမ်းတိုး ခြင်းဆောင်ရွက်ပြီး ထပ်မံခွင့်ပြုခြင်းမရှိတော့ပါ။

၁။  အမည်ပြောင်းလျှောက်ထားလိုပါက အောက်ပါတို့ပူးတွဲတင်ပြရမည်-

(က)  မှတ်ပုံတင်မိတ္တူ

(ခ)  အိမ်ထောင်စုဇယားမိတ္တူ

(ဂ)  လ.ဘ.ဆ ဆိုင်စာအုပ်မိတ္တူ

(ဃ)  ကော်မတီသို့ တင်ပြ၍ ခွင့်ပြုမှသာ အမည်ပြောင်းခွင့်ပြုပါသည်။

၂။      အမည်ပြောင်းခွင့် အခြားဆိုင်ခန်း၊ ဂိတ်ခန်းများနည်းတူ ဆိုင်ခန်းလခ၏ အဆ(၂၀) ပေးသွင်းရမည်။

မှတ်ချက်။      လုပ်ငန်းစဉ်တစ်ခုလုံးအတွက်(၁)လခန့်ကြာမြင့်ပါမည်။

ရာပြတ်ဌာနခွဲ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ Expand

၁။ ပုဂ္ဂလိကပစ္စည်းခွန်စည်းကြပ်ခြင်းနှင့် အမည်ပြောင်းဆောင်ရွက်ပေးခြင်း

၂။ အိမ်ခွန်မိတ္တူကူးခြင်း

၃။ မြေကွက်နှင့် အဆောက်အဦ ရာပြတ်တန်ဖိုးဖြတ်ဆောင်ရွက်ခြင်း

၄။ အစိုးရအဆောက်အဦခွန် စည်းကြပ်ခြင်း

၅။ ဟိုတယ်ပစ္စည်းခွန်စည်းကြပ်ခြင်း

၆။ ပုဂ္ဂလိကဆေးရုံပစ္စည်းခွန်စည်းကြပ်ခြင်း

၇။ စက်ပစ္စည်းခွန်စည်းကြပ်ခြင်း

၈။ နိုင်ငံခြားသားအငှားချပစ္စည်းခွန်စည်းကြပ်ခြင်း

၉။ ရုပ်ရှင်ရုံပစ္စည်းခွန်စည်းကြပ်ခြင်း

ပုဂ္ဂလိကအဆောက်အဦအမည်ပြောင်း ဆောင်ရွက်ခြင်းအတွက် လိုအပ်သည့် အထောက်အထားများ

၁။ လျှောက်ထားသူ၏ အိမ်ထောင်စုဇယားနှင့် နိုင်ငံသား စိစစ်ရေးကဒ်မိတ္တူ

၂။ အရောင်းအဝယ်စာချုပ်အဆင့်ဆင့်မိတ္တူ

၃။ အမွေဆက်ခံ၊ပေးကမ်း/စွန့်လွှတ်စာချုပ်မိတ္တူ (သို့မဟုတ်)ဘိုးဘအမည်ပေါက်မိတ္တူ၊ ဂရန်အမည်ပေါက် မိတ္တူ

၄။ အိမ်ခွန်ပြေစာမူရင်း

၅။ အိမ်ခွန်ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက်မူရင်း

၆။ ရ.ယ.က ထောက်ခံချက်မူရင်း (အရောင်းအဝယ်စာချုပ်အရပ်ကတိဖြင့် တင်ပြမှသာ)

အိမ်ခွန်မိတ္တူကူးခြင်း

၁။ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူ

၂။ အိမ်ခွန်ပြေစာမိတ္တူ

၃။ တရားရုံး၏ နေ့စဉ်မှတ်တမ်းမိတ္တူ

မြေကွက်နှင့်အဆောက်အဦး ရာပြတ်တန်ဘိုးဖြတ်ဆောင်ရွက်ခြင်း

၁။ တန်ဘိုးဖြတ်မည့်မြေကွက်၊အဆောက်အဦ၏ မြေပုံ၊  မြေရာဇဝင်ပုံစံ (၁၀၅၊၁၀၆)

၂။ ဂရန်စာချုပ် မိတ္တူ

၃။ ဘိုးဘပိုင်ဆိုင်မှုအထောက်အထား မိတ္တူ၊

၄။ မြေစလစ်မိတ္တူ

ပုဂ္ဂလိကအဆောက်အဦပစ္စည်းခွန်

၁။ မှတ်ပုံတင်မိတ္တူ၊

၂။ အိမ်ထောင်စုဇယားမိတ္တူ

၃။ အိမ်ဆောက်မိန့်မိတ္တူ

၄။  အရောင်းအဝယ်စာချုပ်/စွန့်လွှတ် စာချုပ်၊ ဂရန်စာချုပ်၊ ဘိုးဘပိုင်ဆိုင်မှုအထောက်အထားမိတ္တူ

အစိုးရအဆောက်အဦပစ္စည်းခွန်

–     ဌာနဆိုင်ရာအဆောက်အဦ အသစ်/အပျက်စာရင်းများ သက်ဆိုင်ရာဌာနများသို့ တောင်းခံခြင်း၊ ရာပြတ်ဌာနခွဲမှ ကွင်းဆင်းစစ်ဆေးခြင်း။

–     ကော်မတီသို့ တင်ပြအတည်ပြုချက်ရယူပြီး(၁)နှစ်တစ်ကြိမ်အခွန် စည်းကြပ်ရန်နှင့် ပြေစာထွက်ရှိရန် ဆောင်ရွက်ခြင်း။

ဟိုတယ်ပစ္စည်းခွန်

–     ဟိုတယ်၊ တည်းခိုခန်းများသို့ ရာပြတ်ဌာနခွဲမှကွင်းဆင်း၍ မှတ်ပုံတင်မိတ္တူ၊ စီမံရေးရာ ဌာန၏ လုပ်ငန်းလိုင်စင်မိတ္တူ(သို့မဟုတ်) ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန၏ လုပ်ငန်းလိုင်စင်မိတ္တူဖြင့် ဟိုတယ်၊ တည်းခိုခန်းဖွင့်လှစ်ကြောင်း အခွန်ဌာနသို့ တင်ပြရန်အကြောင်းကြားပါသည်။

–     တင်ပြစာရရှိပြီး ဟိုတယ်၊ တည်းခိုခန်းတည်နေရာသို့ ကွင်းဆင်းတွက်ချက် ပါသည်။

–     တွက်ချက်ပြီး တစ်ဦးတစ်ရက်စံငှားနှုန်းအား ကော်မတီသို့ အတည်ပြုချက် ရယူပြီး သက်ဆိုင်ရာ ဟိုတယ်၊ တည်းခိုခန်းများသို့ အကြောင်းကြားစာပေးပို့၍ (၁)လ တစ်ကြိမ် စည်းကြပ်ပါသည်။

ပုဂ္ဂလိကဆေးရုံပစ္စည်းခွန်

–     ဆေးရုံများသို့ ရာပြတ်ဌာနခွဲမှကွင်းဆင်း၍ မှတ်ပုံတင်မိတ္တူ၊ စီမံရေးရာဌာန၏ လုပ်ငန်းလိုင်စင်မိတ္တူ၊ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်းလိုင်စင်မိတ္တူဖြင့်ဆေးရုံ ဖွင့်လှစ်ကြောင်း အခွန်ဌာနသို့ တင်ပြရန် အကြောင်းကြားပါသည်။

–     တင်ပြစာရရှိပြီး ဆေးရုံသို့ ကွင်းဆင်းတွက်ချက်ပါသည်။

–     တွက်ချက်ပြီးတစ်ဦးတစ်ရက်စံငှားနှုန်းအား ကော်မတီသို့အတည်ပြုချက်ရယူပြီးပါက သက်ဆိုင်ရာဆေးရုံများသို့ အကြောင်းကြားစာပေးပို့၍ (၁)လတစ်ကြိမ် စည်းကြပ် ပါသည်။

စက်ပစ္စည်းခွန်

–     စက်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှစာရင်းများတောင်းယူခြင်း၊ ရာပြတ်ဌာနခွဲမှစက်ရုံ၊ အလုပ်ရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်း

–     ကွင်းဆင်းရာမှရရှိသော စက်ပစ္စည်းတန်ဘိုးအားတွက်ချက်၍ ကော်မတီသို့တင်ပြ အတည်ပြုချက်ရယူခြင်း

–     အတည်ပြုချက်ရရှိပြီးပါက(၆)လတစ်ကြိမ် စည်းကြပ်မည့်နှုန်းအား စက်ရုံပိုင်ရှင်များ သို့အကြောင်းကြားစာများပေးပို့၍ စည်းကြပ်ပါသည်။

နိုင်ငံခြားသားအငှားချပစ္စည်းခွန်

–     နိုင်ငံခြားသားနေထိုင်မှုစာရင်းအား သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှစာရင်း ရရှိခြင်း။

–     ရရှိလာသောစာရင်းပါ စက်ရုံများသို့ ကွင်းဆင်း၍ အဆောက်အဦငှားရမ်းသည့် စာချုပ်နှင့်အတူ ရုံးသို့ဆက်သွယ်ပေးပါရန် အကြောင်းကြားစာထုတ်ခြင်း။

–     စာချုပ်ပါငှားရမ်းသည့် နှုန်းထားနှင့်ငှားရမ်းသည့်နှစ်ကာလအတိုင်း ပစ္စည်းခွန် တွက်ချက်၍ကော်မတီသို့တင်ပြအတည်ပြုချက်ရယူပြီးတစ်နှစ်တစ်ကြိမ်ပစ္စည်းခွန် စည်းကြပ်ကောက်ခံခြင်း။

ရုပ်ရှင်ရုံပစ္စည်းခွန်

–     မန္တလေးတိုင်းဒေသကြီး ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာနမှ စာရင်းတောင်းခံခြင်းဌာနမှ ကွင်းဆင်းခြင်း။

–     ရုပ်ရှင်ရုံပိုင်ရှင်များအား ငှားရမ်းမှုစာချုပ်နှင့်အတူ ရုံးသို့ဆက်သွယ်ပေးရန် အကြောင်းကြားခြင်း။

–     စာချုပ်ပါငှားရမ်းသည့် နှုန်းထားနှင့် ငှားရမ်းသည့်နှစ်ကာလအတိုင်း ပစ္စည်းခွန် တွက်ချက်၍ကော်မတီသို့တင်ပြအတည်ပြုချက်ရယူပြီးတစ်နှစ်တစ်ကြိမ်ပစ္စည်းခွန် စည်းကြပ်ကောက်ခံခြင်း။

ရေခွန်ဌာနခွဲမှ ဝန်ဆောင်မှုလုပ်ငန်းများ Expand

ရေမီတာအမည်ပြောင်းသည့်လုပ်ငန်းအတွက် ပူးတွဲတင်ပြရမည့် အထောက်အထားများ

(က)   မြေ(သို့)မိမိပိုင်ဆိုင်မှုပြောင်းခဲ့ခြင်းအတွက် အထောက်အထားမိတ္တူ၊

( ခ )   အခွန်ဌာန၊ရေခွန်ဌာနခွဲမှနောက်ဆုံးအရစ်ကောက်ခံခဲ့သောရေမီတာခ၊ ကျုံးရေခ ငွေရပြေစာမိတ္တူ၊

(ဂ)   လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ

(ဃ)    ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ နေထိုင်ကြောင်းထောက်ခံချက်၊

စိစစ်ဆောင်ရွက်ခြင်း

(က)    ဌာနမှ အမှုတွဲပြုစု၍ ကော်မတီအတည်ပြုချက်(ခွင့်ပြုချက်) ရယူခြင်း ၊

(ခ)   နီးစပ်ရာ အရစ်(ကာလ)မှစ၍ အမည်ပြောင်းလဲပေးခြင်း

(ဂ)   အမည်ပြောင်းပြီးကြောင်း ကာယကံရှင်ထံ အကြောင်းကြားခြင်းမရှိပါ

(ဃ)   ကော်မတီမှခွင့်ပြုမိန့် (အတည်ပြုချက်)ရရှိရန် အမည်ပြောင်းကာလ (၂)ပတ်ခန့် ကြာမြင့်မည်ဖြစ်သည်။

 

ပင်မစာမျက်နှာသို့

Loading

Translate »