မန္တလေးမြို့တော် စည်ပင်သာယာရေးနည်းဥပဒေ

အခန်း (၁)

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဆိုင်ရာနည်းဥပဒေများ

အမိန့်ကြော်ငြာစာအမှတ်    ၁၆ / ၂၀၁၅

၁၃၇၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်

                                  (၂၀၁၅ ခုနှစ်၊ မေလ ၁၄ ရက်)

                               အခန်း(၁)

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေး ဆိုင်ရာ နည်းဥပဒေများ ဟုခေါ်တွင်စေရမည်။

၂။  ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် ၂၀၁၄ခုနှစ်၊ မန္တလေးမြို့တော်စည်ပင် သာယာရေးဥပဒေတွင်ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့အပြင် အောက်ပါစကားရပ်များ သည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က)  မြေခွန်၊ မြေငှားရမ်းခ ဆိုသည်မှာ ဤနည်းဥပဒေများအရ စည်းကြပ်ကောက်ခံသော မြေခွန်နှင့် မြေငှားရမ်းခတို့ကိုဆိုသည်။

(ခ)    မြေငှားစာချုပ် ဆိုသည်မှာ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ နှစ်တို နှစ်ရှည်ကာလသတ်မှတ်၍ အငှားချထားသည့်စာချုပ်ကိုဆိုသည်။

(ဂ)    လိုင်စင် ဆိုသည်မှာ မြေနှင့်စပ်လျဉ်း၍ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များ နှင့်အညီ မြေကိုယာယီအသုံးပြုခွင့်ပေးခြင်းကိုဆိုသည်။

(ဃ)  ပါမစ် ဆိုသည်မှာ မြေနှင့်စပ်လျဉ်း၍ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ  လူနေအိမ် သို့မဟုတ်  အဆောက်အအုံဆောက်လုပ်နေထိုင်ခွင့်ပြုခြင်းကို ဆိုသည်။

(င)    ဘိုးဘပိုင်မြေ ဆိုသည်မှာ ဘိုးဘွားမိဘလက်ထက်ကပင်  ဓားမဦးချပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံ ခွင့်ရှိသော မစိုက်ပျိုးသည့်မြေကိုဆိုသည်။

(စ)    မြေငှားဂရန်မြေ ဆိုသည်မှာ ကော်မတီကစည်းကမ်းချက်များ သတ်မှတ်ပြီး နှစ်တိုနှစ်ရှည်ကာလ သတ်မှတ်၍ မြေငှားစာချုပ်ဖြင့် အငှားချထားသည့် မြေကိုဆိုသည်။

(ဆ)  ကျူးကျော်မြေ ဆိုသည်မှာ ကော်မတီပိုင်မြေနှင့် ကော်မတီကစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေပေါ်တွင် ခွင့်ပြုချက် တစ်စုံတရာမရရှိဘဲ ဝင်ရောက်ကျူးကျော်နေထိုင်သောမြေကိုဆိုသည်။

(ဇ)    အခွန်လွတ်သာသနာ့မြေ ဆိုသည်မှာ မူလကနဦးပိုင်မြေ သို့မဟုတ် ဘိုးဘပိုင်မြေကို ဥပဒေနှင့်အညီ ရရှိသောပုဂ္ဂိုလ်က ဘာသာ၊ သာသနာအကျိုးသုံးစွဲရန်အတွက် လျှောက်ထားသဖြင့် တည်ဆဲဥပဒေနှင့် အညီ ခွင့်ပြုထုတ်ပေးထားသောမြေကိုဆိုသည်။

(ဈ)   အခွန်လွတ်သာသနာ့မြေဂရန် ဆိုသည်မှာ တည်ဆဲဥပဒေနှင့်အညီ ဘာသာ၊ သာသနာကိစ္စအလို့ငှာ မြေယာအပိုင်ပတ္တာစာချုပ်ဖြင့် သတ်မှတ်ထုတ်ပေးသည့် လက်မှတ်ကိုဆိုသည်။

အခန်း (၂)
အခန်း (၃)
အခန်း (၄)
အခန်း (၅)
အခန်း (၆)
အခန်း (၇)
အခန်း (၈)
အခန်း (၉)
အခန်း (၁၀)