ပွဲအခမ်းအနားများ

Mandalay_Thingyan_Rehearsal_2012

သင်္ကြန်ပွဲ

မန္တ‌လေးမြို့တော် မြန်မာ့ရိုးရာမဟာသင်္ကြန်ကြီးကို (၁၃-၄-၂၀၁၉) ရက်နေ့မှ (၁၆-၄-၂၀၁၉) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး လမ်းလျောက်သင်္ကြန်၊ တောသင်္ကြန်နှင့် ညဈေးတို့ကိုပါ ထည့်သွင်းကျင်းပခဲ့ပါသည်။

15895107_1122999334463960_8666710869738745497_n

အားကစားပြိုင်ပွဲ

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ (၂၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဝန်ထမ်းကောင်းဆု၊ ပညာရည်ချွန်ဆု၊ အားကစား ပြိုင်ပွဲဆုများနှင့် အသက်(၇၅)နှစ်အထက် ပင်စင်စားဝန်ထမ်းများအား ချီးမြှင့်ပွဲအခမ်းအနားကို (၂၉-၁၂-၂၀၁၈) ရက်နေ့က မြို့တော်ခန်းမ၌ ကျင်းပခဲ့ပြီး ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

34818870_1612214725542416_7682468789027340288_o

တနင်္ဂနွေနေ့ မြို့တော်သန့်ရှင်းရေးနေ့

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ကြီးမှူးကျင်းပသော “တနင်္ဂနွေနေ့မြို့တော် သန့်ရှင်းရေးနေ့” စုပေါင်းအမှိုက်ကောက်ပွဲကို အစဉ်အလာမပျက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကျင်းပနိုင်ခဲ့ပြီး အတူပူးပေါင်း ပါဝင်ဆင်နွှဲလိုသည့် မြို့တော်သူ၊ မြို့တော်သားများ သိရှိပါဝင် ဆောင်ရွက်နိုင်ရန် ဆောင်ရွက်သွားမည့်နေရာကို မန္တလေးနေ့စဉ်သတင်းစာတွင် (၂)ရက်ကြိုတင် ကြေညာပေးခဲ့ပါသည်။ စုပေါင်းအမှိုက်ကောက်ခြင်း အလေ့အထ‌ကောင်းမှသည် မြို့တော်တစ်ဝန်း သန့်ရှင်းသာယာလှပရေးအတွက် မြို့တော်သူ၊ မြို့တော်သားများ တစ်ဦးချင်းစီက အလေးထားပြုပြင် ဆောင်ရွက်လာနိုင် ကြမည်ဖြစ်ပါသည်။

27545682_1499820280115195_8092115358007561632_n

ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြပွဲ

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ (၁၇)ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို ၁၀-၂-၂၀၁၉ ရက်နေ့ က မန္တလေးကန်တော်ကြီး လူထုအပန်းဖြေဥယျာဉ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆုရရှိသူများအား မြို့တော်ဝန်၊ ဒုမြို့‌တော်ဝန်၊ ကော်မတီဝင်များနှင့် တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ခဲ့သည်။