Skip to content

ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာန

ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာန

cover_large ဌာန၏ အကြောင်းအရာဖော်ပြချက် Expand

နိဒါန်း

၁။     ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာနသည် ၁၉၉၄ ခုနှစ်၊ ဇွန်လမှစ၍ ဌာနတစ်ခုအနေဖြင့် ဖွဲ့စည်းခဲ့ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းတာဝန်ဖြစ်သော မန္တလေး မြို့တော်သန့်ရှင်းရမည်၊ မန္တလေးမြို့တော်သာယာလှပရမည်၊ မြို့တော်နေလူထု စိတ်ချမ်းသာ ရမည်ဟူသောအချက်များကို လုပ်ငန်းလမ်းညွှန်ချက်အနေဖြင့် ခံယူကျင့်သုံးလျက် မန္တလေး မြို့တော်အား ဥယျာဉ်ပန်းမန်တို့ဖြင့် သာယာလှပသော Green City အစိမ်းရောင်မြို့တော် ဖြစ်ပေါ် စေရေး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဖွဲ့စည်းပုံ

၂။    မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ မြို့တော်စိမ်းလန်းစိုပြည်သာယာလှပ ရေး၊ မြို့နေပြည်သူလူထုကျန်းမာကြံ့ခိုင်ရေး နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား ဆောင်ရွက် လျက်ရှိရာ ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာနနှင့်စပ်လျဉ်းသည့်လုပ်ငန်းများ စီမံခန့်ခွဲခြင်း၊ မြို့တွင်းလမ်းဘေးဝဲ/ယာ  လမ်းလယ်ကျွန်း၊ ပန်းခြံများတွင် အရိပ်ရပင်၊ အလှပန်းပင်များ စိုက်ပျိုးခြင်း၊ မြေယာရှုခင်းပြုလုပ်ခြင်း၊ ကျုံးရေပြင်နှင့် ကျုံးပတ်လည်တွင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ခြင်း၊ ကန်တော်ကြီးနှင့် ကမ်းနားလမ်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပြည်သူများကျန်းမာကြံ့ခိုင်စေရန် အားကစားကွင်းများတည်ဆောက်ခြင်း၊ အပန်းဖြေ အနားယူရန် ပန်းခြံများတည်ဆောက်ခြင်း၊ အကြောလျော့အားကစားပစ္စည်းများ တပ်ဆင်ပေးခြင်း၊ အများပြည်သူလူထုအန္တရာယ်ကင်းရှင်းစေရေးအတွက် ပြိုလဲမည့်သစ်ပင်ကြီးများနှင့် သစ်ကိုင်းများအား အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းဆောင်ရွက်ခြင်း၊ ဌာနပိုင်ပျိုးခြံများ၌ အရိပ်ရပင်၊ အလှပန်းပင်၊ Ground Cover ပင်နှင့် နိုင်ငံခြားမျိုးအလှပန်းပင်နှင့် အရိပ်ရပင်များ ပြုစုပျိုးထောင်စိုက်ပျိုးခြင်း၊ သစ်ပင်/သစ်ကိုင်းခုတ်ခွင့်တင်ပြခြင်းနှင့် ပျိုးပင်အရောင်းဆိုင်လိုင်စင် လျှောက်ထားခြင်းတို့အား ခွင့်ပြုခြင်း၊ ကြီးကြပ်ခြင်းတို့အား ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာနမှ ဆောင်ရွက်လျက်ရှိပါသည်။ ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာနတွင် အောက်ပါအတိုင်း ဌာနခွဲ (၃)ခု ရှိပါသည် –

(က)    လုပ်ငန်းဌာနခွဲ

(ခ)   အထူးလုပ်ငန်းဌာနခွဲ

(ဂ)   ပျိုးဥယျာဉ်နှင့်အားကစားကွင်းများဌာနခွဲ

ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာန၏လုပ်ဆောင်ချက်များ Expand ၁။ မြို့တော်နယ်နိမိတ်အတွင်း သစ်ပင်စိုက်ပျိုးခြင်း၊ ပြုစုထိန်းသိမ်းခြင်း၊ စိမ်းလန်းစိုပြည်သာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း။
၂။ မြို့တော်နယ်နိမိတ်အတွင်း စိမ်းလန်းစိုပြည်သာယာလှပရေးအတွက် စုပေါင်း သစ်ပင်စိုက်ပျိုးပွဲများ ပြုလုပ်ခြင်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် ပြပွဲ၊ပြိုင်ပွဲ၊ မီနီ မာရသွန်ပြိုင်ပွဲများ တာဝန်ယူဆောင်ရွက်ခြင်း။
၃။ ပြည်သူလူထုအပန်းဖြေနားနေနိုင်ရန် အခမဲ့ပန်းခြံများ ဆောက်လုပ်ခြင်း၊ အကြောလျော့ အားကစားပစ္စည်းများ တပ်ဆင်ပေးခြင်း၊ အားကစားကွင်းများအား အဆင့်မြှင့်တင်ပေး ခြင်း။
၄။ မန္တလေးမြို့တော်ကြီး စိမ်းလန်းစိုပြည်သာယာရေးအတွက် ဌာနပိုင်ပျိုးခြံများ၌ အရိပ်ရ ပင်၊ အလှပန်းပင်၊ Ground Cover ပင်နှင့် နိုင်ငံခြားမျိုးအလှပန်းပင်နှင့် အရိပ်ရပင်များ ပြုစုပျိုးထောင်ခြင်း၊
၅။ ကမ်းနားလမ်း သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကန်တော်ကြီးသာယာလှပရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျုံးပတ်လည် သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
၆။ မြို့တော်နယ်နိမိတ်အတွင်းရှိ ကော်မတီပိုင်နေရာများတွင် ပျိုးခြံများ၊ ခေတ်မီကစားကွင်းများ၊ စားသောက်ဆိုင်နှင့် အပန်းဖြေနားနေစခန်းများ၊ ဂေါက်ကွင်း မြေနေရာငှားရမ်းခြင်းများအား ကော်မတီ၏တာဝန်ပေးချက်အရ ဆောင်ရွက်ခြင်း၊
၇။ ကော်မတီမှ အခါအားလျော်စွာ ပေးအပ်သည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း၊
၈။ ပြည်သူလူထုအန္တရာယ်ကင်းရှင်းစေရေးနှင့်လျှပ်စစ်မီးအန္တရာယ်ကင်းရှင်းစေရေးအတွက် ပြိုလဲမည့်သစ်ပင်ကြီးများနှင့်သစ်ကိုင်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခြင်း။
၉။ ရာသီဥတုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော အပင်များအား ရှင်းလင်း၍ အသစ်ပြန်လည် စိုက်ပျိုးခြင်း။
၁၀။ လုပ်ငန်းများစီမံခန့်ခွဲခြင်း၊ မန္တလေး(၆)မြို့နယ်အတွင်းစိမ်းလန်းစိုပြည်သာယာ လှပစေရေးအတွက် အရိပ်ရပင်၊ အလှပန်းပင်၊Ground Cover ပင်နှင့် နိုင်ငံခြားမျိုး အလှပန်းပင်၊ အရိပ်ရပင်များ ပျိုးထောင်ခြင်းနှင့် စိုက်ပျိုးခြင်း။
၁၁။ ကျုံးရေပြင်နှင့် ကျုံးပတ်လည် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ခြင်း၊
၁၂။ ပန်းခြံ၊ အားကစားကွင်းများ တည်ဆောက်ခြင်း၊
၁၃။ အကြောလျော့အားကစားပစ္စည်းများ တပ်ဆင်ပေးခြင်း၊
၁၄။ ပြည်သူလူထု အန္တရာယ် ကင်းရှင်းစေရေးနှင့် လျှပ်စစ်မီးအန္တရာယ် ကင်းရှင်းစေရေး အတွက် ပြိုလဲမည့်သစ်ပင်ကြီးများနှင့် သစ်ကိုင်းများအား အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းခြင်း
၁၅။ သစ်ပင်၊ သစ်ကိုင်းခုတ်ခွင့် တင်ပြခြင်းနှင့်ပျိုးပင်အရောင်းဆိုင် လိုင်စင်လျှောက်ထားခြင်းတို့အား ခွင့်ပြုခြင်း၊ ကြီးကြပ်ခြင်း။ ပန်းခြံနှင့် ကစားကွင်းတည်နေရာများ Expand

အခမဲ့ပန်းခြံများ

အောင်မြေသာစံမြို့နယ်

(၁)     ရှုခင်းသာပန်းခြံ                        -၂၂လမ်းxကမ်းနားလမ်းထောင့်

(၂)      သင်္ဂဇာပန်းခြံ                          -၂၂လမ်းx၂၄လမ်းကြား၊ သင်္ဂဇာချောင်းဘေး

မဟာအောင်မြေမြို့နယ်

(၁)     ဗိုလ်ချုပ်ပန်းခြံ                         -၆၂လမ်း(၃၉x၄၀)လမ်းကြား၊ မဟာမြိုင်(၂)ရပ်ကွက်

(၂)      မဟာအောင်မြေပန်းခြံ              -၇၈လမ်းxသိပ္ပံလမ်းဆုံ

ချမ်းမြသာစည်မြို့နယ်

(၁)     ချမ်းမြဝတီပန်းခြံ                       -စစ်ကိုင်းxမန္တလေးလမ်းနှင့်ရေချိုလမ်းထောင့်

(၂)      မြနန္ဒာပန်းခြံ                             – ၆၉x၇၀လမ်းကြား(ခိုင်ရွှေဝါနှင့်မနော်ဟရီ)လမ်းကြား၊ (ဆ-၁၂)မြို့ကွက်သစ်

(၃)     ကန်တော်ကြီးလူထုအပန်းဖြေ      – ကန်တော်ကြီးအရှေ့ဘက်ခြမ်း ဉယျာဉ်(၃၀)ဧက

(၄)     ဧရာထွန်းပန်းခြံ                           – မြို့ပတ်လမ်းxကန်တော်ကြီးအနောက်မြောက်ဘက်

ပြည်ကြီးတံခွန်မြို့နယ်

(၁)     မန္တလာတံခွန်ပန်းခြံ                      –  ၅၆လမ်းx၅၇လမ်းကြား၊ ၁၂၆လမ်းx၁၂၇လမ်းကြား၊ ရတနာပုံ(စ)ရပ်ကွက်

(၂)      ကျန်စစ်သားပန်းခြံ                     – ၆၂လမ်းxကျန်စစ်သားလမ်းထောင့်

(၃)     ပရံတော်ပန်းခြံ                            – ၆၈လမ်း၊ပရံတော်ချောင်းဘေး၊ ကန်တော်မင်္ဂလာလမ်းဆုံ

အမရပူရမြို့နယ်   

(၁)     ကမ်းနားလမ်းပန်းခြံ                     – ကမ်းနားလမ်းတစ်လျှောက်၊ ရွှေဂဲနှင့် ရွှေကြက်ယက်ဘုရားကြား

ပုဂ္ဂလိကအား ငှားရမ်းထားသောပန်းဥယျာဉ်နှင့်ကစားကွင်းများ

(၁)     မြို့တော်ဥယျာဉ်ခေတ်မီကစားကွင်း   -၂၆လမ်းxကမ်းနားလမ်းထောင့် ချမ်းအေးသာစံမြို့နယ်

(၂)      မနော်ရမ္မံခေတ်မီကစားကွင်း            – ၆၂လမ်း(၄၁လမ်းx၄၃လမ်း)ကြား

(၃)     ရတနာပုံရေကူးကန်နှင့်အပန်းဖြေ        – မန္တလေးတောင်ခြေ၊အိုးဘိုရွှေကျင်ရပ်ကွက် နားနေစခန်း

 

အားကစားကွင်းများ

အောင်မြေသာစံမြို့နယ်

(၁)     နန်းရှေ့ဘောလုံးကွင်း                – ၁၉လမ်း၊အကွက်(၁၃)အနှိပ်တော်ရပ်ကွက်

ချမ်းအေးသာစံမြို့နယ်

(၁)     ဝါခင်းကုန်းဘောလုံးကွင်း           – ၃၅လမ်းx မင်းကုန်းလမ်း၊ကန်ကောက်ရပ်ကွက်

မဟာအောင်မြေမြို့နယ်

(၁)     မဟာနွယ်စဉ်ဘောလုံးကွင်း          – ၃၅လမ်းx၇၁လမ်းထောင့် ယခု ယာယီမင်္ဂလာဈေး

ချမ်းမြသာစည်မြို့နယ်

(၁)     ဆဆ-၉အောင်ပင်လယ်ဘောလုံးကွင်း    – အောင်ပင်လယ်(၅၀x၅၁)လမ်းကြား

(၂)      သခင်ဖိုးလှကြီးဘောလုံးကွင်း              – အကွက်(၄၇၆)၊တမ္ပဝတီရပ်ကွက်

(၃)    ဆဆ-၁၅အောင်သာယာဘောလုံးကွင်း   – အောင်ပင်လယ်(၄၄x၄၅)လမ်းကြား

(၄)     မြရည်နန္ဒာအဆင့်မြင့်ဘောလုံးကွင်း       – (၄၈လမ်းx၄၉လမ်း)ကြား၊ ၁၁၇လမ်းx၁၁၈လမ်းကြား

ပြည်ကြီးတံခွန်မြို့နယ်

(၁)     တံခွန်တိုင်ဘောလုံးကွင်း                     – အကွက်(၅၉၄)၊တံခွန်တိုင်ရပ်ကွက်

(၂)      ညည-၄၃ဘောလုံးကွင်း                     – (၅၄လမ်းx၅၅လမ်း)ကြား၊သမိန်ဗရမ်းလမ်း

(၃)     မန်းတံခွန်ဘောလုံးကွင်း                      – ရန်-မန်းလမ်းဘေး၊ရာတော်ရပ်ကွက်

(၄)     ဓဓ-၁၈ဘောလုံးကွင်း                          – ၁၃၁ လမ်း၊ ၆၄လမ်းx၆၅လမ်းကြား

(၅)     ထထ-၃၆ဘောလုံးကွင်း                        – (၁၂၇x၁၂၈)လမ်းကြား၊(၅၆x၅၇)လမ်းကြား

(၆)     ထထ-၃၆မိုးလုံလေလုံအားကစားရုံ         – (၅၆x၅၇)လမ်းကြား၊(၁၂၇x၁၂၈)လမ်းကြား

(၇)     မမ-၁၂ဘောလုံးကွင်း                           – ယုဇနလမ်း(၅၂လမ်းx၅၃လမ်း)ကြား

ပုဂ္ဂလိကငှားရမ်းထားသောဂေါက်ကွင်းများ

(၁)     ရွှေမန်းတောင်ဂေါက်ကွင်း                    – မန္တလေးတောင်ခြေအနီး၊ဥပုသ်တော်ရပ်ကွက်၊ အောင်မြေသာစံမြိုနယ်

(၂)     ရေတံခွန်တောင်အဆင့်မြှင့်တင်             – ရေကြည်ကျေးရွာအုပ်စု၊ပုသိမ်ကြီးမြို့နယ်

တည်ဆောက်ရေးစီမံကိန်း

ပျိုးခြံများ

(၁)     ရေစစ်ကန်ပျိုးခြံ                       -မဟာဇေယျာဘုံရပ်၊ကွင်းအမှတ်(၄၁၇) အောင်မြေသာစံမြို့နယ်

(၂)      မနော်ရမ္မံပျိုးခြံ                         – ၆၂လမ်း(လမ်း၄၀x၄၁လမ်း)ကြားမဟာအောင်မြေမြို့နယ်

(၃)     အာဇာနည်ပျိုးခြံ                       – ၈၄လမ်းxစစ်ကိုင်း-မန္တလေးလမ်း၊ သာမိုးရပ် ချမ်းမြသာစည်မြို့နယ်

(၄)     ချမ်းမြဝတီပျိုးခြံ                       – စစ်ကိုင်းxမန္တလေးလမ်းxရေချိုလမ်းထောင့် ချမ်းမြသာစည်မြို့နယ်

(၅)     မြနန္ဒာပျိုးခြံ                               – ခိုင်ရွှေဝါလမ်း၊ (၆၈လမ်းx၆၉လမ်း)ကြား၊ချမ်းမြသာစည်မြို့နယ်

(၆)     ရွှေလှံဘိုပျိုးခြံ                            – ကမ်းနားလမ်း၊ မြို့ပတ်လမ်း၊ချမ်းမြသာစည်မြို့နယ်

(၇)     မြရည်နန္ဒာပျိုးခြံ                         – ၄၈လမ်းx၄၉လမ်းကြား၊ ယုဇနလမ်းနှင့်စံပယ်လမ်းကြား၊ချမ်းမြသာစည်မြို့နယ်

(၈)     ဓဓ-၁၈ပျိုးခြံ                               – ၆၄လမ်းx၆၅လမ်း)ကြား၊ ရတနာလမ်းနှင့်မင်္ဂလာလမ်းကြား၊ပြည်ကြီးတံခွန်မြို့နယ်

(၉)     ထထ-၁၁ပျိုးခြံ                            – (၅၆လမ်းx၅၇လမ်း)ကြား၊ဘုရင့်နောင်လမ်းနှင့် ကျန်စစ်သားလမ်းကြား

(၁၀)   ညည-၄၃ပျိုးခြံ                            – (၅၄လမ်းx၅၅လမ်း)ကြား၊ ရန်နိုင်လမ်းနှင့် ဗညားဒလလမ်းကြား၊ပြည်ကြီးတံခွန်မြို့နယ်

ပင်မစာမျက်နှာသို့

Loading

Translate »