ရှေးဟောင်းအမွေအနှစ်များ

540px-Buddha_00007

မဟာမြတ်မုနိရုပ်ပွားတော်ကြီး

မဟာမြတ်မုနိရုပ်ပွားတော်သည် မန္တလေးမြို့၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ ဤရုပ်ပွားတော်၏ထူးခြားချက်မှာ စိန်၊ပတ္တမြား၊နီလာနှင့် အမျိုးမျိုးသော ကျောက်မြတ် ရတနာများ စီခြယ်ထားသော မကိုဋ်တော်နှင့် ၄မီတာအမြင့်ရှိ၍ ၆.၅တန်ကြေး ပိဿာချိန်ရှိသော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူဖြစ်သည်။ ဗုဒ္ဓရုပ်ပွားတော်၏မျက်နှာတော်ကို ရိုးရာအရမပြတ် နံနက်စောစောတွင် မျက်နှာသစ်တော်မူခြင်းကို နေ့စဉ်ဝတ်ပြုသူများက လုပ်ဆောင့်လေ့ရှိသည်။

download (3)

ကျုံး

မန္တလေးနန်းမြို့ရိုးဟာ မန္တလေးရဲ့ ပုံရိပ်ဖြစ်ရုံသာမက အရှေ့တောင်အာရှ တွင်လည်း မြန်မာတို့၏ ဂုဏ်ယူစရာပုံရိပ်တစ်ခုပါ။ မင်းတုန်းမင်းဟာ ၁၈၅၀ခုနှစ်မှာ သူ၏နောင်တော်ကြီး ပုဂံမင်းဆီကန ထီးနန်းကိုလွှဲပြောင်းယူပြီး 1857တွင် နန်းတော်၊ ကျုံး၊ နန်းမြို့ရိုး စသည်တို့ကို ဆောက်လုပ်ပြီး ရတနာပုံနေပြည်တော်အဖြစ် စိုးစံတော့သည်။ နေ့ဘက်အချိန်တွင် မန္တလေးမြို့၏ အမြင့်တစ်နေရာမှကြည့်လျှင် လွယ်လင့်တကူမြင်တွေ့နိုင်ပြီး နန်းမြို့ရိုးကို ရေအပြည့်ရှိသော ကျုံးနှင့်အတားအ ဆီးအနေနှင့် ကာထားသည်။ မြို့ရိုးအတွင်းရှိ မန္တလေးနန်းတွင်းသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တပ်တို့အတွက် စတည်းချရာ စစ်စခန်းဖြစ်ခဲ့သည့်အတွက် မဟာမိတ်တပ်များ၏ ဗုံးကြဲတိုက်ခိုက်ခြင်းကိုခံခဲ့ရသည်။ နန်းတော်ကိုတော့ ၁၉၉၀တွင် ပြန်လည်ပြင်ဆင်မွမ်းမံခဲ့ပြီး ဘုရင်မနန်းဆောင်၊ ညီလာခံခန်းမတို့ကိုလည်း စစ်အစိုးရကဦးဆောင်၍ ပြုပြင်ခဲ့သည်။ ၃၆၀ ဒီဂရီပတ်လုံးကြည့်နိုင်သော မျှော်စင်မှာလည်းမြတ်နိုးဖွယ်ကောင်းသော နန်းတွင်း၏နေရာများစွာထဲမှတစ်ခုဖြစ်သည်။

IMG_20190407_080500

ဦးပိန်တံတား

ဦးပိန်တံတားသည် အမရပူရမြို့နယ်အတွင်းမှာရှိသော တောင်တမန်အင်းကို ဖြတ်ကျော်၍ အမရပူရမြို့ဟောင်းနှင့် ရတနာပုံတက္ကသိုလ်တို့ကို ဆက်သွယ်တည်ဆောက်ထားပါသည်။ တံတားကြီးကို ၃၉၇၆ပေရှည်လျားပြီး တိုင် ၉၈၄ တိုင်ဖြင့် တည်ဆောက်ထားသော ကမ္ဘာပေါ််တွင် အရှည်ဆုံး ကျွန်းသားတံတားကြီးလည်း ဖြစ်ပါသည်။ ထိုတံတားကြီးကို ၁၂၀၉ ခုနှစ်တွင် ကုန်းဘောင်ခေတ်၊ ပုဂံမင်းလက်ထက်က အမရပူရမြို့ဝန် ဦးဘိုင်ဆပ်နှင့် မြို့စာရေး မောင်ပိန်တို့ ဦးဆောင် ဆောက်လုပ်ခဲ့ပါသည်။

file

ကျောက်တော်ကြီးဘုရား

ကျောက်တော်ကြီးဘုရားသည် အထင်ကရ စကျင်ကျောက်ရုပ်ပွားတော်အနေဖြင့် ကျော်ကြားပြီး မန္တလေးတောင်ခြေတွင် တည်ရှိသည်။ ၁၈၆၅ခုနှစ်တွင် မင်းတုန်းမင်း မှတည်ခဲ့ပြီး လှပလှသော စကျင်ကျောက်အတုံးကြီး တစ်တုံးတည်းဖြင့် ကျောက်ဆစ် ထွင်းထားသော ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ရှိသည်။ မြန်မာနိုင်ငံ၏ ကြီးကျယ်လှသော ပွဲတော်များအနက် ကျောက်တော်ကြီးဘုရားပွဲသည် အောက်တိုဘာလတွင် ကျင်းပပြီး ကမ္ဘာအနှံ့မှ ဧည့်သည်များအား  ဆွဲဆောင်ရာပွဲလည်းဖြစ်သည်။

img_20150722_114424_0

ရွှေနန်းတော်ကျောင်း

ရွှေနန်းတော်ကျောင်းသည် နှစ်ပေါင်း (၁၃၀) ကျော် သက်တမ်းရှိပြီး မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ် ဒေါနဘွားရပ်ကွက် တွင်တည်ရှိသည်။ ကုန်းဘောင်ခေတ်(၁၉) ရာစု မြန်မာအနုပညာ ဗိသုကာလက်ရာစံပြု ကျောင်းကြီးဖြစ် သည်။ ရွှေနန်းတော်ကြီးမှာ အမိုးသုံးဆင့်၊ လယ်ပေါ်နှစ်ထပ်၊ စမြင်ပါသော ဇေတဝန်ဆောင်ဖြစ်သည်။ ကျောင်းကြီး တစ်ဆောင်လုံးတွင် အရှေ့အနောက်တိုင် (၁၅)လုံးတန်းနှင့် တောင်မြောင်(၁၀) လုံးတန်းရှိခြင်းကြောင့် တိုင်ပေါင်း(၁၅၀)တိုင်၊ နယား ရုပ်ထောက်တိုင်ပေါင်း(၅၄)တိုင်နှင့် သရက်ကင်းအုတ် လှေကားငါးစင်းဖြင့် တည်ဆောက်ထားသည်။ ကျောင်းကြီးတစ်ခုလုံးတွင် မြန်မာမှု သစ်သားပန်းပု အခြေခံခြူးပန်း၊ ခြူးနွယ်အပြောက်အမွှမ်းများ၊ ရုပ်လုံးရုပ်ကြွများ၊ ကျေးငှက် တိရစ္ဆာန်ရုပ်များ၊ နံရံကပ်ရုပ်ကြွများနှင့် အတွင်းမာရဘင် အရှေ့ပိုင်ကွန်းစင်တိုင် အခြေတွင် ဇာတ်ကြီးဆယ်ဘွဲ့၊ တောထွက်ခန်း၊ မဟာပဒုမဇာတ်၊ ဥတေနဇာတ်တော်များကို စိတ်ဝင်စားဖွယ် လက်ရာမြောက်စွာ အနုစိတ် တပ်ဆင်ထားသည်။