မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေ

အခန်း (၁)

မန္တလေးမြို့တော်စည်ပင်သာယာရေးဉပဒေ

(၂၀၁၄ ခုနှစ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဉပဒေအမှတ် ၁၁။)

၁၃၇၆ ခုနှစ်၊ ပြာသိုလဆန်း ရက်

(၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်)

နိဒါန်း

    မန္တလေးတိုင်းဒေသကြီးလွှတ်တော်သည် ဤဉပဒေပြဌာန်းလိုက်သည်။

                                         အခန်း ()

 

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။      ဤဉပဒေကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဉပဒေဟုခေါ်တွင်စေရမည်။

၂။   ဤဉပဒေသည် မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်တစ်ဝန်းလုံးတွင် အာဏာ   သက်ရောက်စေရမည်။

၃။   ဤဉပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက် ရောက်စေရမည်။

(က)     မြို့တော်ဝန် ဆိုသည်မှာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဉက္ကဌ မန္တလေးမြို့တော်ဝန်ကို ဆိုလိုသည်။

(ခ)      ဒုတိယမြို့တော်ဝန် ဆိုသည်မှာ မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီ ဒုတိယဉက္ကဌ၊ ဒုတိယမြို့တော်ဝန်ကို ဆိုသည်။

(ဂ)      ကော်မတီ ဆိုသည်မှာ ဤဉပဒေအရဖွဲ့စည်းသော မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီကို ဆိုသည်။

(ဃ)    ကော်မတီဝင် ဆိုသည်မှာ ကော်မတီ၏ ဉက္ကဌ၊ ဒုတိယဉက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များကို ဆိုသည်။

(င)      ရုံးအကြီးအမှူး ဆိုသည်မှာ ကော်မတီ၏ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးကို ဆိုသည်။

(စ)      ဌာနမှူး ဆိုသည်မှာ ကော်မတီရှိဌာနတစ်ခုခုအား ကြီးကြပ်ကွပ်ကဲရသော အရာရှိကို ဆိုသည်။

(ဆ)     မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ဆိုသည်မှာ မန္တလေးမြို့တော်စည်ပင် သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့နယ်များ၏ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးကို ဆိုသည်။

(ဇ)      မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဆိုသည်မှာ မြို့နယ်စည်ပင်သာယာရေး မှူးရုံးကို ကြီးကြပ်ကွပ်ကဲရသော အရာရှိကို ဆိုသည်။

 

အခန်း (၂)
အခန်း (၃)
အခန်း (၄)
အခန်း (၅)
အခန်း (၆)
အခန်း (၇)
အခန်း (၈)
အခန်း (၉)
အခန်း (၁၀)