ကမ္ဘာမြေ သန့်ရှင်းရေးနေ့

၁၅.၉.၂၀၁၈ (စနေ) ကမ္ဘာမြေ သန့်ရှင်းရေးနေ့

အထိမ်းအမှတ် စုပေါင်း အမှိုက်ကောက်ခြင်း ကို မနက်၆း၃၀ တွင် အောက်ပါအတိုင်း ၃ နေရာ ခွဲ၍ ဆောင်ရွက်ခဲ့ရာ သက်ဆိုင်ရာစုရပ်နေရာများ၌ လူမှုအဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးဘက်မှ တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများ၊ ပြည်သူများ၊ တက်ကြွစွာ ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

ညပိုင်းတွင် မနော်ရမ္မာန် ပြည်သူ့ရင်ပြင်၌ စာရေးဆရာ ဆရာကြီးဦးညီပုလေး၊ ဆရာမကြီး ဒေါ်သန်းမြင့်အောင်၊ ဆရာကြီး ဦးကျော်ရင်မြင့် တို့က စနစ်တကျ အမှိုက်စွန့်ပစ်ရေး၊ ပညာပေးလုပ်ငန်းများတိုးမြှင့်၍ အမှိုက်အပေါ်ထားရှိသော အများပြည်သူ၏ အမြင်နှင့် ခံယူချက် ပြင်နိုင်ရေး၊ မျိုးဆက်သစ်တို့အတွက် သန့်ရှင်းကောင်းမွန်သော သဘာဝပတ်ဝန်းကျင်အား လက်ဆင့်ကမ်းအမွေပေးနိုင်ရေးအတွက် ဆောင်ရွက်သင့်သည်များ၊ အမူအကျင့်ပိုင်းပြောင်းလဲရန်လိုအပ်မှုများ၊ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ ၁နာရီခန့် အကျယ်တဝင့်ဆွေးနွေးကြပါသည်။

Loading

Leave a Comment