The Rising Star Award

န္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအား GovInsider ရဲ့ ၂၀၁၉ ခုနှစ်အတွက် The Rising Star Award ပေးအပ်ချီးမြှင့်။

ASEAN ဒေသတွင်းရှိ အစိုးရများ၏ ပြုပြင်ပြောင်းလဲ တီထွင် ဆန်းသစ်မှု့များကို အစီရင်ခံရေးသားသည့် Singapore နိုင်ငံ အခြေစိုက် GovInsider Magazine က ပေးအပ်သည့် Rising Star Award ကို MCDC မှရရှိတာဖြစ်ပါတယ်။

အဆိုပါဆုကို International Panel of Judges များ က အကဲဖြတ်ပြီး ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။

ဆုပေးပွဲအခမ်းအနားကို ထိုင်းနိုင်ငံ UN Conference Centre ၌ ကျင်းပခဲ့တာပါ။

မြို့သူ မြို့သားများ၏ လူနေထိုင်မှုဘဝ ပိုမိုတိုးတက်ကောင်းမွန်စေရန် ပြုပြင်ပြောင်းလဲမှုများကို မျက်ဝါးထင်ထင် ဆောင်ရွက်နိုင်ခဲ့သော အစိုးရ/ဌာနဆိုင်ရာ အဖွဲ့အစည်းများကို Rising Star Award ချီးမြှင့်ခြင်းဖြစ်ပါတယ်။

ဆုရရှိသည့် အစိုးရအဖွဲ့အစည်းများသည် ဆန်းသစ်တီထွင်မှုများ၊ ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ခဲ့ကြလို့ ဆုပေးအပ်တာပါ။

ဒီလိုပြုပြင်ဆောင်ရွက်တဲ့အခါ သမာရိုးကျမဟုတ်တဲ့ လမ်းကြောင်းသစ်၊ စနစ်သစ်များဖြင့် အကောင် အထည်ဖော်နိုင်ခြင်းနဲ့ ဝန်ထမ်းများ၊ မြို့သူမြို့သားများကို စိတ်ဓာတ်ရှင်သန်နိုးကြားစေနိုင်ခြင်း တို့ကိုအခြေခံပြီးရွေးချယ်ခဲ့တာပါ။

ဆုကိုကိုယ်တိုင်တက်မယူနိုင်လို့ ကျေးဇူးတင်ဝမ်းမြောက်ကြောင်း video လေးကိုပဲ ပို့ပေးနိုင်ခဲ့ပါတယ်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ နိုင်ငံတကာကပေးအပ်တဲ့ ၅ခုမြောက်ဆုပါ။

၁။ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်အတွက် Top 10 ASEAN Smart Cities မှာအမှတ်စဉ်၅ မှာရပ်တည်ခဲ့ပါတယ်။

၂။ ASEAN Public Toilet Award 2019-2021

၃။ ၂၀၁၉ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု

၄။ ASOCIO Smart City Award 2019

၅။ The Rising Star Award of GonInsider တို့ပါ။

မန္တလေးမြို့တော် ဖွံဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ဆက်လက်ကြိုးစားသွားပါမယ်။

Loading

Leave a Comment