ရရှိခဲ့သော ဆုများ

၂၀၁၉ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု

ASEAN Public Toilet Award (2019-2021)

ASOCIO Smart City Award

ပြည်သူ့ဂုဏ်ရည်ဆုရှင် မန်းစည်ပင်

(၁၀)ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုအတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကို ဆုချီးမြှင့်ကြောင်း အပြည်ပြည်ဆိုင်ရာမြန်မာတိုင်းရင်းသား မိသားစုများ၏ ပြည်သူ့ဂုဏ်ရည်အသင်းက အမေရိကန် ပြည်ထောင်စု အရီဇိုးနားပြည်နယ်၊ ဖိနစ်မြို့တွင် ဧပြီ ၆ ရက်နေ့ စနေနေ့ကကျင်းပသည့် ဂုဏ်ပြုပွဲမှာ ထုတ်ပြန်ကြေညာပါသည်။

(၁၀)ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုအတွက် မြန်မာနိုင်ငံရှိ အသင်းအဖွဲ့များနှင့် လူပုဂ္ဂိုလ်(၃၂)ဦးအနက် စနစ်တကျ ရွေးချယ်ပြီး ချီးမြှင့်ခြင်းဖြစ်ပါသည်။

ပြည်သူ့ဂုဏ်ရည်ဆုကို ၂၀၁၁ ခုနှစ်က စတင်ပြီး အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်နေသူမျမတီအနေဖြင့်ကော်မတီဝင်များနှင့်ဝန်ထမ်းများကမန္တလေးမြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်နေ့ရော၊ညပါအားသွန်ခွန်စိုက်လုပ်ဆောင်သဖြင့်ဆုချီးမြှင့်ခြင်းဖြစ်ကြောင်းဆုရွေးချယ်ရေးအဖွဲ့ကထုတ်ပြန်ပါသည်။

အဆိုပါ အခမ်းအနားသို့ အမေရိကန် နိုင်ငံအတွင်း ပြည်နယ်အသီးသီးမှ မြန်မာပြည်သား လူဦးရေ တစ်ရာနီးပါးတက်ရောက်ခဲ့ပါသည်။ ပြည်သူ့ဂုဏ်ရည်အသင်းက (၂၈-၄-၂၀၁၉)ရက်နေ့မှာမန္တလေးကွန်ဗင်းရှင်းစင်တားကို နှစ်စဉ်ရွေးချယ်ပြီး ချီးမြှင့်ခြင်း ဖြစ်ပါသည်။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်ာမှာမန္တလေးမြို့တော်စည်ပင်သယာရေးကော်မတီနဲ့ရရှိသူ(၄)ဦးကိုဆုပေးအပ်ပါသည်။(၁၀)ကြိမ်မြောက်ပြည်သူ့ဂုဏ်ရည်ဆုရရှိတဲ့မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကိုဆုအမှတ်အသားတံဆိပ်နဲ့ ဆုကြေးငွေကျပ် အမေရိကန်ဒေါ်လာ(၁၀၀၀၀)၊အထူးဆုရရှိကြတဲ့ (၁) ဆရာမ မအိအိညိမ်း၊ (၂) ရန်ကုန်မြို့သန့်ရှင်းရေးဆောင်ရွက်နေသည့်CleanYangonCampaign၊ (၃) ကချင်လူငယ် မဆွတ်ဆိုင်းထွယ်နဲ့ (၄) ဂုဏ်သိက္ခာအတွက် ဒုတိယရဲမှုးဟောင်း မိုးရန်နိုင်တို့ကိုဆုအမှတ်အသားတံဆိပ်နဲ့ အမေရိ ကန်ဒေါ်လာ (၁၀၀၀) စီ ချီးမြှင့်ပါသည်။ ဆုချီးမြှင့်တဲ့ အခမ်းအနားမှာ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က-

“မန္တလေးမြို့ကို Most Promising Top 10 Smart Cities of ASEAN မှာ နံပါတ်(၅)အဆင့်အသိအမှတ်ပြုခံထားရသလို ASEAN Public ToiletAward 2019 ချီးမြှင့်ခြင်းခံထားရပါတယ်။ယခုအခါပြည်သူ့ဂုဏ်ရည်ဆုကိုပါ ထပ်မံချီးမြှင့်ခြင်းခံရတဲ့အတွက် ဂုဏ်ယူလို့မဆုံးနိုင်ဘဲ စိတ်ကျေနပ်ကြည်နူးရပါတယ်” လို့ ပြောကြားခဲ့ပါသည်။

မြို့တော်ဝန်ဒေါက်တာရဲလွင် ဆက်လက်ပြောကြားခဲ့တာတွေကတော့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့အရပ်သားအစိုးရလက်ထက်(၃)နှစ်တာကာလအတွင်းပြောင်းလဲချိန်တန်ပြီဆိုတဲ့ဆောင်ပုဒ်နှင့်အညီပြုပြင်ပြောင်းလဲမှုပေါင်းများစွာကိုလုပ်ဆောင်နိုင်သလောက်ကြိုးစားလုပ်ဆောင်ခဲ့ကြတာဖြစ်တဲ့အကြောင်း၊မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတိုးတက်ပြောင်းလဲသွားတာကမြို့တော်ဝန်နှင့်ကော်မတီဝင်တွေရဲခေါင်းဆောင်မှုအောက်မှာ ဝန်ထမ်းတွေက လက်တွဲပါဝင်ပြောင်းလဲ လုပ်ဆောင်ကြလို့ဖြစ်ကြောင်း၊ ဝန်ထမ်းတွေမပါဘဲမပြောင်းလဲဘဲ ဖွံ့ဖြိုးတိုးတက်မှုကိုလုပ်ဆောင်လို့ မအောင်မြင်နိုင်ကြောင်း ၊ ဆုပေးအပ်ပွဲအခမ်းအနားကို မြို့တော်စည်ပင်ရဲ့ အခြေခံအကျဆုံး သန့်ရှင်းရေး ဝန်ထမ်းတွေကအစဝန်ထမ်းများအားလုံးကို တက်ရောက်စေချင်ပေမယ့် နေရာအခက်အခဲကြောင့် သူတို့အားလုံး မတက်ရောက်ကြရတဲ့အကြောင်း ပြောကြားခဲ့ပါသည်။ ယခုအခါမန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှာဝန်ထမ်းတွေကနားရက်မယူဘဲအလုပ်လိုအပ်ရင်လိုအပ်သလိုညဉ့်နက်သန်းခေါင်အထိအလုပ်လုပ်နေကြတဲ့အကြောင်း၊လုပ်ငန်းဌာနအချင်းအချင်းလည်းပေါင်းစပ်ညှိနှိုင်းလက်တွဲလုပ်ဆောင်လာကြတဲ့အကြောင်းကော်မတီဝင်တွေကလည်းသူ့နယ်ပယ်အလိုက်နှံ့စပ်ကျွမ်းကျင်သူတွေဖြစ်တဲ့အတွက်အပြောင်းအလဲကပိုမိုထိရောက်မြန်ဆန်ကြောင်း၊ပြုပြင်ပြောင်းလဲတိုးတက်မှုများကိုတွေ့မြင်ရတဲ့အတွက်ပြည်သူ လူထုကတည်း အားပေးကြ၊ထည့်ဝင်လှူဒါန်းကြ၊လက်တွဲပါဝင်လာကြတဲ့အကြောင်းပြောကြားခဲ့ပါသည်။ ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ခံရခြင်းကမန္တလေးမြို့တော်ည်ပင်သာယာရေးကော်မတီကိုမြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများလပ်ဆောင်ရာတွင်ဆတက်ထမ်းပိုးဆက်လက်ကြိုးပမ်းဆောင်ရွက်ကြဖို့အတွက်ကြီးမားတဲ့တွန်းအာားနဲ့အင်အးဖြစ်စေခဲ့ပါသည်။