မန်းစည်ပင်အကြောင်း

မြို့တော်စည်ပင်ဆိုသည်မှာ ၂၀၁၄ခုနှစ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥပဒေ အမှတ်(၁၁)ဖြင့် ပြဌာန်းဖွဲ့စည်းထားသော မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဖြစ်ပါသည်။

စည်ပင်မြို့တော်စည်ပင်ဆိုသည်မှာ ၂၀၁၄ခုနှစ် မန္တလေး တိုင်းဒေသကြီး လွှတ်တော်ဥပဒေ အမှတ်(၁၁)ဖြင့် ပြဌာန်းဖွဲ့စည်းထားသော မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဖြစ်ပါသည်။ စည်ပင်ဆိုသည်မှာ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အဦးများကို တည် ဆောက်ပေး ရသည့်အပြင် မြို့ပြသန့်ရှင်းသာယာလှပရေးနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးကိုလဲ ဆောင်ရွက်ပေးရပါသည်။

မြို့တော်အတွင်းနေထိုင်သည့် ပြည်သူများထံမှ သင့်လျော်သည့် အခွန်အခများကောက်ခံပြီး ခွင့်ပြုထားသည့် ဘဏ္ဍာငွေ အသုံးစရိတ်များအလိုက် တည်ဆောက်ရေးလုပ်ငန်းများ၊ မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အကျိုးရှိစွာသုံးစွဲ ဆောင်ရွက်ပေးရပါသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ ရည်ရွယ်ချက်မှာ

မန္တလေးမြို့တော် သန့်ရှင်းရမည်။

မန္တလေးမြို့တော် သာယာလှပရမည်။

မြို့တော်နေလူထု စိတ်ချမ်းသာရမည်။