100

မန်းစည်ပင်၏ဆောင်ရွက်မှုများ

မန္တလေးမြို့ရဲ့ သတင်းအချက်အလက်များကို မြေပုံပေါ် မှတ်တမ်းတင်ခြင်း၊ မန်းစည်ပင်ရဲ့ ခြေ လှမ်း သစ်တစ်ခု၊ နည်းပညာအသစ် Stabilized Soilကို အသုံးပြုပြီး လမ်းစတင်ခင်း၊ နေပူမိုး ရွာမရှောင် နေ့ရောညပါ မြို့တော်အတွက် အလုပ်လုပ်နေတဲ့ မန်းစည်ပင်၊ သားရေနယ် လုပ်ငန်း ရေဆိုးသန့်စင်ခြင်း၊ မြောင်းဆီပြသနာ ဖြေရှင်းပြီ နည်းပညာ တိုးတက်ရေးအတွက် အမြဲမပြတ် ကြိုးစားဆောင်ရွက်၊ ဘတ်ဂျတ်နှစ်သစ်မှာ စက်အသစ်တွေနဲ့ စခင်းတဲ့ နိုင်လွန် ကတ္တရာလမ်း များ မြို့တော်စိမ်းလန်းစိုပြည်ဖို့ အမြဲကြိုးစားနေပါတယ်။ တောင်သမန်လှပရေး ဗေဒါဆယ်အမှိုက်ခွဲခြားစွန့်ပစ်ခြင်း၊ အလေ့အကျင့်ကောင်းများ ရရှိစေဖို့ပါ။ ပြင်ဦးလွင်ကားလမ်းပိုင်း အထူးသန့်ရှင်းရေးစဉ်ဆက်မပြတ် တနင်္ဂနွေ မြို့တော်သန့်ရှင်းရေးနေ့မန်းစည်ပင်ရဲ့ သမိုင်းတွင် ကျန်ခဲ့မယ့် အကြီးမားဆုံး ပြောင်းလဲမှုတစ်ခုရှေ့လုပ်ရမည့်လုပ်ငန်းတွေနဲ့ အနာဂတ်စီမံချက်တွေရေးဆွဲနိုင်ဖို့ GIS Software မှာ Dataတွေထည့်နိုင်ဖို့အတွက်အရေးကြီးဆုံးကကောင်းကင်ဓာတ်ပုံရိုက်ကူးရေးဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ဝန်ဆောင်မှုကြေးငွေကျသင့်တာက ကျပ်သိန်းပေါင်း၇၀၀၀ကျော်ဖြစ်တယ်။

မြို့သူ၊ မြို့သားတွေထမ်းဆောင်ကြတဲ့ အခွန်အခတစ်ခုတည်းနဲ့ မြို့တော်ဖွံ့ဖြိုးရေးကိုဆောင်ရွက်နေရတဲ့မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ အရေးကြီးတဲ့ အခြားလုပ်ငန်း တွေနဲ့ယှဉ်ရင် ကောင်းကင်ဓာတ်ပုံရိုက်ကူးရေးက ဒုတိယဉီးစားပေးဖြစ်သွားလို့ မလုပ်နိုင်ခဲ့ပါဘူး။ ယခုအချိန်မှာတော့ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံလေးကြောင်းနှင့်ကာယပညာတက္ကသိုလ်၊ မောင်းသူမဲ့လေယာဉ်သုတေသနဌာနက မေတ္တာနဲ့ အခမဲ့ကူညီလာလို့ စတင်ဆောင်ရွက်နိုင်တာပါ။ ကိုယ့်ဘာသာရပ်ကို စိတ်ပါဝင်စားပြီ းဌာနတိုးတက်စေချင်တဲ့ ဌာနမှူးနဲ့ဆရာ၊ ဆရာမတွေရဲ့ အကူအညီနဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကင်မရာကလွဲလို့ လေယာဉ်ကိုယ်ထည်နဲ့အခြားလိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ကိုယ်တိုင်တီထွင် ပြုလုပ်တပ်ဆင်အသုံးပြုထားတာဖြစ်ပေမယ့် ထွက်လာတဲ့ ဓာတ်ပုံအရည်အသွေး၊ တိကျတဲ့ လေယာဉ်အမြင့်နဲ့ပျံသန်း၍ လမ်းကြောင်းတွေကို Program လုပ်နိုင်တာ တွေ့ရပါတယ်။ ပညာရှင်တွေက နေပူထဲမှာ ကောင်းကင်ဓာတ်ပုံတွေကို တစ်နေကုန်ရိုက်ကူးပြီး ညနေပိုင်းမှာ ကွန်ပျူတာတွေနဲ့ အချိန်ပြည့်လုပ်ကြပါတယ်။ယခုရရှိတဲ့ မန္တလေးမြို့တော်ရဲ့ ကောင်းကင်ဓာတ်ပုံတွေက 3D လည်းရတဲ့အတွက် အလွန်တန်ဖိုးရှိပါတယ်။ ရှေ့လုပ်ရမည့်လုပ်ငန်းတွေနဲ့ အနာဂတ်စီမံချက်တွေရေးဆွဲနိုင်ဖို့ GIS Software မှာ Data တွေထည့်နိုင်ဖို့အတွက်အရေးကြီးဆုံးက ကောင်းကင် ဓာတ်ပုံရိုက်ကူးရေးဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ ဝန်ဆောင်မှုကြေးငွေကျသင့်တာက ကျပ်သိန်းပေါင်း၇၀၀၀ကျော်ဖြစ်တယ်။ မြို့သူ၊မြို့သားတွေ ထမ်းဆောင်ကြတဲ့အခွန်အခတစ်ခုတည်းနဲ့ မြို့တော်ဖွံ့ဖြိုးရေးကို ဆောင်ရွက်နေရတဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ အရေးကြီးတဲ့ အခြားလုပ်ငန်းတွေနဲ့ယှဉ်ရင် ကောင်းကင်ဓာတ်ပုံရိုက်ကူးရေးက ဒုတိယဉီးစားပေးဖြစ်သွားလို့ မလုပ်နိုင်ခဲ့ပါဘူး။ ယခုအချိန်မှာတော့ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံလေးကြောင်းနှင့်ကာယပညာတက္ကသိုလ်၊ မောင်းသူမဲ့လေယာဉ်သုတေသနဌာနက မေတ္တာနဲ့ အခမဲ့ကူညီလာလို့ စတင်ဆောင်ရွက်နိုင်တာပါ။ ကိုယ့်ဘာသာရပ်ကို စိတ်ပါဝင်စားပြီးဌာနတိုးတက်စေချင်တဲ့ ဌာနမှူးနဲ့ ဆရာ၊ ဆရာမတွေရဲ့ အကူအညီနဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကင်မရာကလွဲလို့ လေယာဉ်ကိုယ်ထည်နဲ့ အခြားလိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ကိုယ်တိုင်တီထွင် ပြုလုပ်တပ်ဆင် အသုံးပြုထားတာဖြစ်ပေမယ့် ထွက်လာတဲ့ ဓာတ်ပုံအရည်အသွေး၊ တိကျတဲ့ လေယာဉ်အမြင့်နဲ့ပျံသန်းမ၍ လမ်းကြောင်းတွေကို Program လုပ်နိုင်တာ တွေ့ရပါတယ်။ ပညာရှင်တွေက နေပူထဲမှာ ကောင်းကင်ဓာတ်ပုံတွေကို တစ်နေကုန်ရိုက်ကူးပြီး ညနေပိုင်းမှာ ကွန်ပျူတာတွေနဲ့ အချိန်ပြည့်လုပ်ကြပါတယ်။ ယခုရရှိတဲ့ မန္တလေးမြို့တော်ရဲ့ ကောင်းကင်ဓာတ်ပုံတွေက 3D လည်းရတဲ့အတွက် အလွန်တန်ဖိုးရှိပါတယ်။