Skip to content

Mandalay

မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးမြို့တော်ဖြစ်သည်။ ၂၀၁၄ ခုနှစ် စာရင်းအရ လူဦးရေ ၁ ၂၂၅ ၅၅၃ ယောက် ရှိသည်။ စီးပွားရေးမြို့တော် ရန်ကုန်မြို့ မှ ၃၈၅မိုင် ကွာဝေး၍ ဧရာဝတီမြစ်၏ အရှေ့ဘက်တွင် တည်ရှိသည်။ ကုန်းဘောင်မင်းဆက် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းနေပြည်တော် ဖြစ်ခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်တို့၏ ရုံးစိုက်မြို့ဖြစ်သည်။ ရန်ကုန်မြို့ပြီးနောက် ဒုတိယအကြီးဆုံးသောမြို့ဖြစ်သည်။ မြန်မာနိုင်ငံ၏ အလယ်ဗဟိုတွင် တည်ရှိသကဲ့သို့ပင် မြန်မာ့ယဉ်ကျေးမှုတို့ စုဝေးရာ ဒေသလည်း ဖြစ်ပေသည်။ မန္တလေးမြို့သည် ခေတ် ၃ ခေတ်ပြောင်းခဲ့သော်လည်း ထင်ရှားလျက်ပင် ရှိပေသေးသည်။ နှစ် ၁ဝဝ အတောအတွင်းဝယ် မန္တလေးမြို့တွင် ဒုတိယကမ္ဘာစစ်ဒဏ်၊ မီးဘေးအန္တရာယ်များကို ခံရသောကြောင့် အပျက်အစီးရှိခဲ့သော်လည်း အသစ် ပြန်လည်ပျိုးထောင်နိုင်ခဲ့သည်။

မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းနေပြည်တော် ဖြစ်ခဲ့သည့်အလျောက် ယဉ်ကျေးမှု အမွေအနှစ်များ အများအပြား ကျန်ရစ်ခဲ့သည်။

မာတိကာ

သမိုင်းကြောင်း

လက်ဦးသမိုင်း (၁၈၅၇ မှ ၁၈၈၅)

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး – မန္တလေး နန်းတော်

မန္တလေးမြို့ကို ခရစ်နှစ် ၁၈၅၇ ခုနှစ်တွင် ကုန်းဘောင်မင်းဆက် (၁၁) ဆက်တွင် ဒဿမ​မြောက် ဖြစ်သော မြန်မာဘုရင် မင်းတုန်းမင်း မှ ရဟန်းရှင်လူအများ ကန့်ကွက်သည့်ကြားမှ စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ မန္တလေးသည် ၁၈၈၅ ခုနှစ် သီပေါမင်းလက်ထက် တတိယအင်္ဂလိပ်မြန်မာစစ်ပွဲ မတိုင်မီ (၁၈၆၀-၁၈၈၅)တွင် နောက်ဆုံး ကျန်ရစ်သည့် လွတ်လပ်သော မြန်မာ့မင်းနေပြည်တော်လည်းဖြစ်သည်။

ယခင်က “ရတနာပုံ” ဟုအမည်တွင်ခဲ့ပြီး နောင်အခါ “မန္တလေးတောင်” ကိုအစွဲပြု၍ “မန္တလေး”ဟု အမည်တွင်လေသည်။

ကိုလိုနီခေတ် မန္တလေး (၁၈၈၅ မှ ၁၉၄၈)

၁၈၈၅ ခုနှစ် တတိယ အင်္ဂလိပ် – မြန်မာ စစ်ပွဲအပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ဆုံးရှုံး၍ အင်္ဂလိပ် တို့၏ လက်အောက်သို့ကျရောက်ခဲ့ကြသည်။ မီးရထားပို့ဆောင်ဆက်သွယ်ရေးစနစ်ကို ၁၈၈၉ ခုနှစ်တွင် တည်ဆောက်ပေးခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် မန္တလေးကောလိပ် ကို တည်ဆောက်ဖွင့်လှစ်ပေးခဲ့သည်။

ကိုလိုနီခေတ်တွင် မန္တလေးမြို့သည် ဗုဒ္ဓယဉ်ကျေးမှုနဲ့ အနုပညာတို့ သင်ကြားရာဗဟိုချက်အဖြစ် တည်ရှိခဲ့သည်။

မန္တလေးမြို့သည် ဒုတိယကမ္ဘာစစ်အတွင်း စစ်ဒဏ်ကို အပြင်းအထန် ခံစားခဲ့ရသည်။ ဧပြီလ ၃ ရက်၊ ၁၉၄၂ ခုနှစ်တွင် ဂျပန်တို့ လေကြောင်းမှ ဝင်ရောက်တိုက်ခိုက်သဖြင့် မြို့၏ ၅ ပုံ ၃ ပုံ ခန့် ပျက်စီးခဲ့ရပြီး လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့သည်။

လက်ရှိ မန္တလေး (၁၉၄၈ မှ ယခု)

၁၉၄၈ ခုနှစ် အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် မန္တလေးမြို့သည့် ယဉ်ကျေးမှု၊ ပညာရေး နှင့် စီးပွားရေးတို့၏ အဓိက ဗဟိုချက်အဖြစ် ဆက်လက်တည်ရှိခဲ့သည်။

၁၉၄၉ခုနှစ်၊ မတ်လ ၁၁ရက်တွင် ကေအင်န်ဒီအို ကရင်သောင်းကျန်းသူများနှင့် ကွန်မြူနစ်တပ်များက မန္တလေးမြို့တွင်းသို့ပစ်ခတ် တိုက်ခိုက်ပြီး ဝင်ရောက်သိမ်းပိုက်ခဲ့ ကြသည်။ သောင်းကျန်းသူများကို တပ်မတော်၊ စစ်ရဲနှင့် မန္တလေးတက္ကသိုလ် ကျောင်းသားများက ခုခံတိုက်ခိုက်ခဲ့ကြသည်။ မန္တလေးမြို့ကြီးသည် တိုက်ပွဲများကြောင့် များစွာ ပျက်စီးခဲ့ရသည်။ ကေအင်န်ဒီအိုများသည် ကွန်မြူနစ်တပ်များနှင့် အတူ ၁၉၄၉ခုနှစ်၊ မတ်လ ၁၁ရက်မှ ၁၉၄၉ခုနှစ်၊ ဧပြီလ ၆ရက်အထိ မန္တလေးမြို့ကြီးအား သိမ်းပိုက်နိုင်ခဲ့သည်ဆိုသော်လည်း လုယက်ခြင်း၊ ဖျက်ဆီးခြင်းစသည့် အဖျက်လုပ်ငန်းများကိုသာ ဆောင်ရွက်သွားခဲ့ကြသည်။

၁၉၉၁ ခုနှစ် မတိုင်ခင်ကာလအထိ မန္တလေးတက္ကသိုလ်မန္တလေးဆေးတက္ကသိုလ် နှင့် စစ်တက္ကသိုလ်တို့သာ အထက်မြန်မာနိုင်ငံတွင် တည်ရှိခဲ့သည်။ တခြားမြို့များရှိ ဒီဂရီကောလိပ်တို့ကသာ ဘာသာအနည်းငယ်ကို မန္တလေးတက္ကသိုလ်နှင့်ချိတ်ဆက်သင်ကြားခဲ့သည်။

၁၉၅၉ ခုနှစ် နိုဝင်ဘာလတွင် မန္တလေး နှစ်တစ်ရာပြည့် ရာပြည့်ပွဲတော်ကို မန္တလေးတောင်ခြေတွင် ကျင်းပခဲ့ပြီး မန္တလေးရာပြည့်ပွဲတော် အမှတ်တရ တံဆိပ်ခေါင်းကိုလည်း ထုတ်ဝေခဲ့သည်။

တပါတီ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အစိုးရ လက်ထက် (၁၉၆၂ – ၁၉၈၈) အတွင်း မန္တလေးမြို့၏ အသွင်အပြင်မှာ ကျဆင်းခဲ့ရသည်။ ၁၉၈၀ အစောပိုင်းမှာတော့ အထပ်နှိမ့် အဆောက်အအုံအသစ်များ ပေါ်ပေါက်လာခဲ့သည်။ လမ်းမများပေါ်မှာ စက်ဘီးများဖြင့် စည်ကားလျက်ရှိပြီး စက်ဘီးမြို့တော်ဟု နာမည်တွင်ခဲ့သည်။ ၁၉၈၁ ခုနှစ် မေလ တွင် လောင်ကျွမ်းခဲ့သောမီးကြောင့် အိမ် ၆၀၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရပြီး လူဦးရေ ၃၆၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ၁၉၈၄ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် လောင်ကျွမ်းခဲ့သောမီးကြောင့် အိမ် ၂၇၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လူပေါင်း ၂၃၀၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။ မီးလောင်မှုများသည် မန္တလေးမြို့၏ တိုးတက်မှုကို တုံ့နှေးစေခဲ့သည်။ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလတွင် လောင်ခဲ့သောမီးကြောင့် မန္တလေးမြို့၏ ဒုတိယအကြီးဆုံးဖြစ်သည့် ရတနာပုံဈေး တစ်ခုလုံးပျက်စီးဆုံးရှုံးခဲ့ရသည်။ နောက်ထပ် အကြီးအကျယ်လောင်ကျွမ်းခဲ့သောမီးမှာ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီတွင် လောင်ကျွမ်းခဲ့သောမီးဖြစ်သည်။ အိမ် ၃၂၀ ကို လောင်ကျွမ်းခဲ့ပြီး လူဦးရေ ၁၆၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ပထဝီဝင်အနေအထား

မန္တလေးမြို့သည် ဧရာဝတီမြစ်၏ လက်ဝဲဖက်ဖြစ်သော အရှေ့ဖက် ကမ်းပေါ်တွင် တည်ရှိ၍ ဧရာဝတီမြစ်နှင့် ရှမ်းကုန်းပြင်မြင့်၏ အကြား အနံ ၈ မိုင် ရှိသော မြေပြန့်၏ တစ်စိတ်တစ်ပိုင်းတွင် တည်ရှိသည်။ မြောက်လတ္တီကျု ၂၁ ဒီဂရီ ၉၈ မိနစ် နှင့် အရှေ့လောင်ဂျီကျု ၉၆ ဒီဂရီ ဝ၈ မိနစ် ကြားတွင် တည်ရှိသည်။

မန္တလေးမြို့သည် အကျယ်အဝန်းအားဖြင့် ၂၅ စတုရန်းမိုင် ရှိ၍ လူဦးရေမှာ ၁၉၆၃ ခုနှစ်တွင် ခန့်မှန်းခြေ ၂၁၅၄၂၆ ယောက်ခန့်ရှိသည်။ ရပ်ကွက် ၃၈ ၊ အိမ်ခြေပေါင်း ၃၅ဝဝဝ ခန့် ရှိ၏။ ရန်ကုန်မြို့ကဲ့သို့ပင် လူမျိုးပေါင်းစုံသော မြို့ဖြစ်၏။ ရာသီဥတုမှာ ပူအိုက်ခြောက်သွေ့၍ ဖုံထူသည်။

မြို့တော်မြင်ကွင်း

မဟာမုနိ

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး – မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)

မဟာမုနိ ရုပ်ရှင်တော်

မဟာမုနိဘုရား ရုပ်ပွားတော်ကြီးသည် မန္တလေးမြို့၏ အထင်ကရ နေရာ တစ်ခု ဖြစ်သည်။ ဂေါတမ မြတ်စွာဘုရားက ရင်ငွေ့တော် (၇)ကြိမ် ပေးခဲ့သဖြင့် သက်တော် ရှိသည်ဟု ယုံကြည်ကြသည်။ ဘိုးတော်ဘုရား(ဗဒုံမင်း)လက်ထက် ၁၇၈၄ ခုနှစ်တွင် သားတော်အိမ်ရှေ့မင်းသား ဦးပေါ်က ရခိုင် မှပင့်ဆောင်ခဲ့သည်။

မန္တလေးတောင်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး – မန္တလေးတောင်

မန္တလေးတောင်

မန္တလေးတောင်သည် မန္တလေးမြို့၏ မြောက်ဘက်တွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်မှ ၂၃၀ မီတာ မြင့်သည်။ စေတီပုထိုးပေါင်း များစွာ တည်ထားသည်။ မန္တလေးတောင်သည် မန္တလေးမြို့ကိုအပေါ်မှ စီးပိုးအုပ်မိုးထားသကဲ့သို့ ရှိပေရာ၊ မန္တလေးတောင်ပေါ်မှနေ၍ ကြည့်သော်နန်းမြို့ရိုး၊ ကျုံးနှင့်တကွ မန္တလေးမြို့၏ ရှုခင်းကို ကောင်းမွန်စွာမြင်တွေ့ရပေသည်။ အရှေ့ဖက်သို့ မျှော်ကြည့်လိုက်လျှင် ရှမ်းရိုးမတောင်နှင့် အနောက်ဖက်သို့ ကြည့်လိုက်လျှင် ဧရာဝတီ မြစ်ကမ်းများကိုလည်း မြင်တွေ့နိုင်ပေသည်။ မန္တလေးဟူသော အမည်သည် ‘မဏ္ဍလ’ ဟူသော ပုဒ်မှ’မဏ္ဍလေး’၊ ထိုမှ ‘မန္တလေး’ဖြစ်လာသည်ဟု ယူဆဖွယ်ရှိ၏။ အဓိပ္ပါယ်မှာ ‘ပျံပျူးသာယာသော နယ်မြေ’ ဟု ယူဆသော်ရ၏။အချို့က ‘မန္ဓရေး’ မှ ပြောင်းလာဟန်ရှိသည် ဟုဆိုကြသည်။ အဓိပ္ပါယ်မှာ ‘ကျက်သရေတို့ကို ဆောင်အရပ်’ ဖြစ်၏။ အချို့ကလည်း ရှေးပုံဂံခေတ်က မင်းရှင်စော မင်းကလေး မှီခိုနေသွားသော တောင်ဖြစ်ခြင်းကြောင့် မင်းကလေးတောင်ဟု တွင်ရာမှ မန္တလေးတောင်ဟူ၍ ဖြစ်လာပြီးလျှင်၊ နောင်သော် ထိုတောင်၏ ပတ်ဝန်းကျင်ရှိ မန္တလေးအရပ်တွင် မြို့တည်သဖြင့် မန္တလေးမြို့ဟု ဖြစ်ပေါ်လာသည်ဟုဆိုကြသည်။[၆]

မန္တလေး နန်းတော်

ကျုံးနှင့် မြို့ရိုး ကာရံထားသော မန္တလေး နန်းတော်ကြီးသည် ကုန်းဘောင်မင်းဆက်၏ ဘုရင်များ စိုးစံခဲ့သော နေရာဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် အတွင်းက ဗုံးကြဲခြင်း အကြိမ်ကြိမ် ခံခဲ့ရပြီး ပျက်စီးခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ပြုပြင်၍ မြနန်းစံကျော် ရွှေနန်းတော် ကြီးကို ပြန်လည် တည်ဆောက်ခဲ့သည်။

အခြား

ကမ္ဘာ့အကြီးဆုံးစာအုပ်၊ သုဓမ္မာဇရပ်များ၊ ပယ်ပုံတော်ဝင်း၊ တဝဂူဘုရား၊ မဟာသကျသီဟ ရုပ်ပွားတော်၊ မဟာအတုလဝေယန်ကျောင်းတော်ကြီး၊ အိမ်တော်ရာဘုရား၊ ကျောက်တော်ကြီးဘုရား(မန္တလေး)ကုသိုလ်တော်စန္ဒာမုနိရန်ကင်းတောင်ရေတံခွန်တောင်ရွှေစာရံဘုရားမန္တလေးယဉ်ကျေးမှုပြတိုက်၊ အိမ်ရှေ့မင်းထန်းတော၊ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်၊ မန်းသီတာ ဥယျာဉ် နှင့် အောင်ပင်လယ်ကန် တို့ရှိသည်။

မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ် အတွင်းရှိ အမရပူရမြို့ဟောင်း တွင် အမရပူရနန်းတော်၊ သပြေတန်း ခံတပ်၊ တောင်သမန်အင်း၊ ဦးပိန်တံတား၊ မယ်ဇယ်တန်း၊ တောင်လေးလုံးကျောင်းတိုက်၊ ဗားကရာဘုန်းကြီးကျောင်း၊ ဆောင်းဒါး ရက်ကန်းကျောင်း၊ ကျောက်တော်ကြီးဘုရား(အမရပူရ) နှင့် ရတနာ့ဂူ တို့အဓိကနေရာအဖြစ် တည်ရှိနေသေးသည်။

ပို့ဆောင်ဆက်သွယ်ရေး

မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ အလယ်ဗဟိုချက်တွင် တည်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့် ကူးသန်းသွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေးတို့အတွက် အချက်အချာကျသည်။ မြို့တွင်းသယ်ယူပို့ဆောင်ရေးစနစ်တွင် ဘတ်စ်ကားများရှိသော်လည်း တွင်ကျယ်စွာ အသုံးမပြုကြပေ။ စက်ဘီး၊ ဆိုင်ကယ်များကိုသာ အများဆုံးအသုံးပြုကြသည်။ ယခင်က စက်ဘီးမြို့တော်ဟု ခေါ်ဆိုခဲ့ကြသောလည်း ယခုအခါ ဆိုင်ကယ်မြို့တော်ဟုပင် ခေါ်ဆိုနိုင်ပေသည်။

အစိုးရအသစ်လက်ထက် မော်တော်ကားများကို တရားဝင်သွင်းခွင့်ပြုပြီးနောက် မော်တော်ကားအသုံးပြုသူ ပိုမိုများပြားလာခဲ့သည်။

လေကြောင်း

ယခင်က ချမ်းမြသာစည်လေဆိပ်ကို အသုံးပြုခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် တံတားဦးမြို့နယ်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် ကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀ အကုန်အကျခံ တည်ဆောက်ဖွင့်လှစ်ခဲ့သည်။ မန္တလေးမြို့မှ ၂၈မိုင်ခန့် အကွာမှာတည်ရှိသည်။ အဓိက အနေဖြင့် ပြည်တွင်းလေကြောင်းလိုင်းများ ဆင်းသက်လျက်ရှိပြီး ပြည်ပလေကြောင်းလိုင်းများမှ တရုတ်နိုင်ငံ ကူမင်းမြို့ထိုင်းနိုင်ငံ ဘန်ကောက်မြို့စင်ကာပူနိုင်ငံ စင်ကာပူမြို့ တို့နှင့် ချိတ်ဆက် ဆင်းသက်လျက်ရှိသည်။

ရေကြောင်း

မီးရထားလမ်း နှင့် ကားလမ်းများ အဆင်ပြေလာသော်လည်းမြန်မာ့ဂုဏ်ဆောင် ဧရာဝတီမြစ်မှာ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ဝါး နှင့် အခြားကုန်ပစ္စည်းများ ပို့ဆောင်ရန် အဓိကနေရာအဖြစ် တည်ရှိနေသေးသည်။

မီးရထားလမ်း

မန္တလေးဘူတာကြီးမှာ မြန်မာနိုင်ငံ၏ အဓိက အချက်အချာ လမ်းဆုံမှာ တည်ရှိသည်။ မန္တလေးမှ ရထားဖြင့် ရန်ကုန်မြို့နေပြည်တော်ပြင်ဦးလွင်မြို့လားရှိုးမြို့မုံရွာမြို့ပခုက္ကူမြို့ကလေးမြို့ဂန့်ဂေါမြို့ရွှေဘိုမြို့ကောလင်းမြို့နဘားမြို့ကန့်ဘလူမြို့မိုးညှင်းမြို့ဟိုပင်မြို့မိုးကောင်းမြို့မြစ်ကြီးနားမြို့ မြို့များသို့ ရောက်ရှိနိုင်သည်။

မန္တလေးမြို့တွင် ယခင်က မြို့ပတ် ဓာတ်ရထားရှိခဲ့သော်လည်း ယခုမြို့ပတ်ရထား စနစ်မရှိပေ။

ကားလမ်း

မန္တလေးမြို့သည် အိမ်နီးချင်း အင်အားကြီး နိုင်ငံများဖြစ်သော တရုတ်နိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့နှင့် ချိတ်ဆက်ရန်အတွက် အချက်အချာနေရာတွင် တည်ရှိသည်။ အာရှအမြန်လမ်းများသည် မန္တလေးမြို့ကို ဖြတ်သန်းသွားလာလျက်ရှိသည်။

  • မြန်မာ – တရုတ်ကားလမ်း : မန္တလေး – တကောင်း – ဗန်းမော် – မြစ်ကြီးနား ကားလမ်း၊ မန္တလေး – မိုးကုတ် – ဗန်းမော်လမ်း၊ မန္တလေး – လားရှိုး – မူဆယ်လမ်း
  • မြန်မာ – အိန္ဒိယကားလမ်း : မန္တလေး – စစ်ကိုင်း – မုံရွာ – ကလေးဝ – တမူးလမ်း
  • ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်းမကြီး

မြို့ပြလူဦးရေ

ကမ္ဘာ့ကုလသမဂ္ဂ၏ ခန့်မှန်းချက်များအရ ၂၀၀၇ ခုနှစ်တွင် မန္တလေးမြို့၏ လူဦးရေသည် စုစုပေါင်း ၁ သန်းခန့် ရှိသည်ဟု သိရသည်။ လူဦးရေ တိုးတက်နှုန်းများအရ ၂၀၂၅ ခုနှစ်တွင် မြို့နေလူဦးရေ စုစုပေါင်း ၁.၅ သန်းခန့်ရှိလာမည်ဟု ခန့်မှန်းထားသည်။ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု မြို့တော်ဖြစ်သော မန္တလေးမြို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က တရုတ်လူမျိုးများ ဝင်ရောက်လာခဲ့ပြီး တရုတ်ယဉ်ကျေးမှုများ စီးဆင်းဝင်ရောက်လာသည်။ တရုတ်လူမျိုးများသည် မြန်မာနိုင်ငံသား စိစစ်ရေးကဒ်များကို တရားမဝင်ရကြသည်။ ယခုအခါ တရုတ်လူမျိုးများမှာ မြို့နေလူထု၏ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ရှိနေပြီ ဖြစ်သည်။ အိန္ဒိယလူမျိုးများသည်လည်း မန္တလေးမြို့တွင် နေထိုင်ကြသည်။

ဗမာဘာသာစကားမှာ အဓိက ဘာသာစကားဖြစ်သည်။ တရုတ်ပြည်မကြီး စကားကို တရုတ်တန်း နှင့် ဈေးချိုတော် အနီးတဝိုက်တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုကြသည်။ အင်္ဂလိပ်ဘာသာစကားမှာ တတိယဘာသာစကား အဖြစ် ပြောဆိုနေကြသည်။

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
၁၉၅၀၁၆၇၀၀၀—    
၁၉၆၀၂၅၀၀၀၀+49.7%
၁၉၇၀၃၇၄၀၀၀+49.6%
၁၉၈၀၄၉၉၀၀၀+33.4%
၁၉၉၀၆၃၆၀၀၀+27.5%
၂၀၀၀၈၁၀၀၀၀+27.4%
၂၀၀၇၉၆၁၀၀၀+18.6%
၂၀၁၀၁၀၃၄၀၀၀+7.6%
[၃]

အုပ်ချုပ်ရေး

မန္တလေးမြို့သည် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ၏ အုပ်ချုပ်မှုတွင် တည်ရှိသည်။ မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ်ကို မြို့နယ်၆ခု ၊အရံမြို့နယ် ၁ခုဖြင့် ဖွဲ့စည်းထားသည်။ မန္တလေးစည်ပင်သာယာရေးကော်မတီ နယ်နမိတ်တွင် အောက်ဖော်ပြပါ မြို့နယ် (၇) နယ်ပါဝင်သည်။

ယဉ်ကျေးမှု

မန္တလေးမြို့ တွင် ဝါကျွတ်ချိန်မှစ၍ တပို့တွဲတပေါင်း အထိ ပွဲလမ်းတွေ ဆက်နေသည်။ ဘုရားပွဲ၊ ကထိန်ပွဲ၊ အလှူပွဲ၊ ကျောင်းရေစက်ချ၊ ဘုန်းကြီးပျံ၊ မင်္ဂလာဆောင်၊ အောင်ပွဲ၊ ကလေးမွေးနေ့ပွဲ၊ ဘောလုံး အနိုင်ရ၍ ဂုဏ်ပြုပွဲ စသဖြင့် ကြံဖန်ပြီးကို ပွဲထည့် ပွဲခင်းကြသည်။ အထူးသဖြင့် ဘုရားပွဲတွေမှာ ဆိုလျှင် အငြိမ့်တွေ၊ ဇာတ်တွေ၊ တီးဝိုင်းတွေ၊ ဆိုင်းများ ဖောဖောသီသီ ပါတတ်သည်။ ဘုရားပွဲအစ ဘုရားသုံးဆူက၊ ဘုရားပွဲအဆုံး ဝါခင်းကုန်းဟု ဆိုရိုးပြုကြသည်။

မန္တလေးမြို့ခံ မြို့မ အပျော်တမ်း တူရိယာအဖွဲ့

၁၉၂၅ ခုနှစ်တွင်တည်ထောင်ခဲ့သော မန္တလေးမြို့ခံ မြို့မ အပျော်တမ်း တူရိယာအဖွဲ့ သည် မြန်မာနိုင်ငံ၏ သက်တမ်း အရှည်ကြာဆုံး တူရိယာ အသင်း တစ်ခုဖြစ်ပါသည်။ ဝိုင်အမ်ဘီ ဆရာတင်၊ မြန်မာညွန့် ဆရာတင်နန်း​တော်​ရှေ့ဆရာတင်၊ အလင်္ကာကျော်စွာမြို့မငြိမ်း၊ အလင်္ကာကျော်စွာရွှေမန်းတင်မောင်၊ အစရှိသော မြန်မာ့ဂီတ​လောကတွင်ထင်ရှား​ကျော်ကြားလှ​သော မန္တလေးမြို့ခံ သဘင်ပညာရှင် နှင့် ဂီတစာဆိုကြီးများ ပေါ်ထွက်ခဲ့လေသည်။

မန္တလေး စကား၊ ရန်ကုန် အကြွား၊ မော်လမြိုင် အစား ဟူသော မြန်မာဆိုရိုးစကား စကားပုံတစ်ခု အဖြစ်ကျန်ရစ်အောင်ပင် မန္တလေးသူ မန္တလေးသားများ သည် စကားကြွယ်ကြသည်။

မန္တလေးမုန့်တီ၊ မန္တလေးပဲကြော် အစရှိသည်တို့ သည်ကျော်ကြားသည်။

စီးပွားရေး

မန္တလေးမြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်း ဒေသများ၏ အဓိက စီးပွားရေးစင်တာ တစ်ခု ဖြစ်သည်။ တရုတ်နှင့် အိန္ဒိယ တို့ကဲ့သို့သော ပြည်ပ ကုန်သွယ်မှုများအတွက် လမ်းကြောင်းသည် မန္တလေးမြို့ကို ဖြတ်သွားရသည်။ အဓိက စီးပွားရေးလုပ်ငန်းများမှာ ပိုးလုပ်ငန်း၊ ကျောက်စိမ်း ဖြတ်တောက် အရည်တင်ခြင်း၊ ပရိဘောဂ လုပ်ငန်း၊ အလှဆင်ကျောက်လုပ်ငန်း၊ ကျောက်ဆင်းတုတော်များနှင့် သစ်သား ရုပ်ပွားတော်များ ထုလုပ်ခြင်း၊ ငွေပြားခတ်ခြင်း၊ ရွှေဆိုင်းခတ်ခြင်း၊ အစရှိသည်တို့ ဖြစ်ကြသည်။

ပညာရေး

အခြေခံပညာ

မန္တလေးမြို့တွင် အစိုးရအထက်တန်းကျောင်းပေါင်း ၃၈ကျောင်း ရှိသည်။

အဆင့်မြင့်ပညာ

ကျန်းမာရေး

အစိုးရဆေးရုံများ

  • မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး ခေါ် (မန္တလေးပြည်သူ့ဆေးရုံကြီး)
  • မန္တလေး ဗဟိုအမျိုးသမီး ဆေးရုံ
  • မန္တလေး ကလေး ဆေးရုံ
  • မန္တလေး အလုပ်သမား ဆေးရုံ
  • မန္တလေး နား နှာခေါင်း လည်ချောင်း ဆေးရုံ
  • မန္တလေး စိတ်ကျန်းမာရေး ဆေးရုံ
  • မန္တလေး အရိုး ဆေးရုံ
  • မန္တလေး တီဘီရောဂါကု ဆေးရုံ
  • မန္တလေး ကူးစက်ရောဂါကု ဆေးရုံ
  • မန္တလေး တိုင်းရင်းဆေး ဆေးရုံ
  • မန္တလေး တက္ကသိုလ်ဆေးရုံ(ခုတင်-၅၀)[၇]

အားကစား

မန္တလာသီရိ အားကစားကွင်း

ရတနာပုံဘောလုံးအသင်း၏ အိမ်ကွင်းမှာ ဗထူး အားကစားကွင်း ဖြစ်ပြီး မန္တလေးမြို့တွင် အခြေစိုက်သည်။ ရတနာပုံ ဘောလုံးအသင်းသည် ၂၀၀၉ ခုနှစ် မြန်မာအမျိုးသားလိဂ် စတင်ချိန်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြုဖွဲ့စည်းတိုင်ထောင်ခဲ့သည်။ 2010 AFC President Cup (၂၀၁၀ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား) တွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိပြီး အဆိုပါ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ၂၀၁၀ တွင်လည်း အနိုင်ရဗိုလ်စွဲ ခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)တို့ ပူးပေါင်းဆောင်ရွက်ပြီး တည်ဆောက်သည့် ဘောလုံးအကယ်ဒမီ (မန္တလေး) ရှိသည်။ မန္တလာသီရိ အားကစားကွင်းသည် မန္တလေးမြို့တွင် တည်ရှိပြီး ဘက်စုံသုံး အားကစားကွင်းတစ်ခုဖြစ်သည်။ အဆိုပါအားကစားကွင်းတွင် ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အမျိုးသမီးဘောလုံးအားကစားပြိုင်ပွဲများ ကျင်းပခဲ့သည်။

ညီအစ်မမြို့တော်

Mandalay (/ˌmændəˈleɪ/ or /ˈmændəleɪ/; Burmese: မန္တလေး; MLCTS: manta.le: [máɴdəlé]) is the second-largest city in Myanmar, after Yangon. Located on the east bank of the Irrawaddy River, 716 km (445 mi) north of Yangon, the city has a population of 1,225,553 (2014 census).

Mandalay was founded in 1857 by King Mindon, replacing Amarapura as the new royal capital of the Konbaung dynasty. It was Burma’s final royal capital before the kingdom’s annexation by the British Empire in 1885. Under British rule, Mandalay remained commercially and culturally important despite the rise of Yangon, the new capital of British Burma. The city suffered extensive destruction during the Japanese conquest of Burma in the Second World War. In 1948, Mandalay became part of the newly independent Union of Burma.

Today, Mandalay is the economic centre of Upper Myanmar and considered the centre of Burmese culture. A continuing influx of Chinese immigrants, mostly from Yunnan, in the past 20 years, has reshaped the city’s ethnic makeup and increased commerce with China.[4][5] Despite Naypyidaw‘s recent rise, Mandalay remains Upper Burma’s main commercial, educational and health center.

Contents

Etymology

The city gets its name from the nearby Mandalay Hill. The name is probably a derivative of a Pali word, although the exact word of origin remains unclear. The root word has been speculated to be mandala, referring to circular plains[6] or Mandara, a mountain from Hindu mythology.[7]

When it was founded in 1857, the royal city was officially named Yadanabon (ရတနာပုံ, [jədənàbòʊɴ]), a loan of the Pali name Ratanapūra (ရတနပူရ) “City of Gems.”[8][9] It was also called Lay Kyun Aung Myei (လေးကျွန်းအောင်မြေ, [lé dʑʊ́ɴ àʊɴ mjè], “Victorious Land over the Four Islands”) and Mandalay Palace (မြနန်းစံကျော်, [mja̰ náɴ sàɴ tɕɔ̀], “Famed Royal Emerald Palace”).

History

Mandalay Palace Grounds

Early history

See also: Mandalay Palace

Like most former (and present) capitals of Burma, Mandalay was founded on the wishes of the ruler of the day. On 13 February 1857, King Mindon founded a new royal capital at the foot of Mandalay Hill, ostensibly to fulfill a prophecy on the founding of a metropolis of Buddhism in that exact place on the occasion of the 2,400th jubilee of Buddhism.[10]

King Mindon is the founder of Mandalay royal capital

A bastion at Mandalay Palace

The new capital city site was 66 km2 (25.5 sq mi) in area, surrounded by four rivers. The plan called for a 144-square block grid patterned citadel, anchored by a 16 square block royal palace compound at the center by Mandalay Hill.[11] The 1020-acre (413-hectare) citadel was surrounded by four 2,032 m (6,666 ft) long walls and a moat 64 m (210 ft) wide, 4.6 m (15 ft) deep. At intervals of 169 m (555 ft) along the wall, were turrets with gold-tipped spires for watchmen.[12] The walls had three gates on each side, and five bridges to cross the moat.[11] In addition, the king also commissioned the Kuthodaw Pagoda, the Pahtan-haw Shwe Thein upasampada hall, the Thudamma “Good Dharmazayats (IPA: [zəjaʔ]) or public houses for preaching Buddhism and a library for the Pāli Canon.

In June 1857, the former royal palace of Amarapura was dismantled and moved by elephants to the new location at the foot of Mandalay Hill, although construction of the palace compound was officially completed only two years later, on Monday, 23 May 1859.[10]

For the next 26 years, Mandalay was to be the last royal capital of the Konbaung Dynasty, the last independent Burmese kingdom before its final annexation by the British Empire. Mandalay ceased to be the capital on 28 November 1885 when the conquering British sent Thibaw Min and his queen Supayalat into exile, ending the Third Anglo-Burmese War.

The Thudammazayats built during the reign of Mindon Min

Colonial Mandalay (1885–1948)

Map of Mandalay, 1911

While Mandalay would continue to be the chief city of Upper Burma during the British colonial rule, the commercial and political importance had irreversibly shifted to Yangon. The British view on the development of Mandalay (and Burma) was mainly with commercial intentions. While rail transport reached Mandalay in 1889,[13] less than four years after the annexation, the first college in Mandalay, Mandalay College, was not established until 40 years later, in 1925.[14] The British looted the palace, with some of the treasures still on display in the Victoria and Albert Museum,[15] also renaming the palace compound Fort Dufferin and used it to billet troops.

Myowun (Mayor) of Mandalay, c. 1900.

Old street scene in Chinatown of Mandalay during the British colonial time

Throughout the colonial years, Mandalay was the centre of Burmese culture and Buddhist learning, and as the last royal capital, was regarded by the Burmese as a primary symbol of sovereignty and identity. Between the two World Wars, the city was Upper Burma’s focal point in a series of nationwide protests against the British rule. The British rule brought in many immigrants from India to the city. In 1904–05, a plague caused about one-third of the population to flee the city.[6]

During World War II, Mandalay suffered the most devastating air raids of the war. On 3 April 1942, during the Japanese conquest of Burma, the Imperial Japanese Army Air Service carried out an extensive assault. The city was in effect defenseless as its firefighting resources were weak, having been lost in earlier bombing, it had no anti-aircraft capacity, and the British RAF had by now withdrawn all its aircraft to India. Three-fifths of Mandalay’s houses were destroyed and 2,000 civilians were killed.[16][17][18] Many residents also fled when the city was under Japanese occupation from May 1942 to March 1945. The palace citadel, which had been turned into a supply depot by the Japanese, was in turn burnt to the ground by Allied bombing; only the royal mint and the watch tower survived. (A faithful replica of the palace was rebuilt in the 1990s.)

Contemporary Mandalay (1948–present)

After the country gained independence from Britain in 1948, Mandalay continued to be the main cultural, educational and economic hub of Upper Burma. Until the early 1990s, most students from Upper Burma went to Mandalay for university education. Until 1991, Mandalay University, the University of Medicine, Mandalay and the Defence Services Academy were the only three universities in Upper Burma. Only a few other cities had “Degree Colleges” affiliated with Mandalay University that offered a limited number of subjects. Today, the city attracts a fraction of students as the military government requires students to attend their local universities in order to reduce concentration of students in one place.

In November 1959, Mandalay celebrated its centennial with a festival at the foot of Mandalay Hill. Special commemorative stamps were issued.[19]

During Ne Win‘s isolationist rule (1962–1988), the city’s infrastructure deteriorated. By the early 1980s, the second largest city of Burma resembled a town with low-rise buildings and dusty streets filled mostly with bicycles. In the 1980s, the city was hit by two major fires. In May 1981, a fire razed more than 6,000 houses and public buildings, leaving more than 36,000 homeless. On 24 March 1984, another fire destroyed 2,700 buildings and made 23,000 people homeless.[20][21]

Fires continue to plague the city. A major fire destroyed Mandalay’s second largest market, Yadanabon Market, in February 2008, and another major fire in February 2009 destroyed 320 homes and left over 1600 people homeless.[22][23]

The 1980s fires augured a significant change in the city’s physical character and ethnic makeup. Huge swaths of land left vacant by the fires were later purchased, mostly by the ethnic Han-Chinese, many of whom were recent immigrants from Yunnan.[24] The Chinese influx accelerated after the current State Peace and Development Council came to power in 1988. With the Burmese government turning a blind eye, many Chinese immigrants from Yunnan (and also from Sichuan) poured into Upper Burma in the 1990s and many openly ended up in Mandalay.[5] In the 1990s alone, about 250,000 to 300,000 Yunnanese are estimated to have migrated to Mandalay.[25] Today, ethnic Chinese people are believed to make up about 40%–50% of the city’s population that is nearly the same as the natives,[25] and are a major factor in the city’s doubling of population from about 500,000 in 1980 to one million in 2008. Chinese festivals are now firmly embedded in the city’s cultural calendar.[24] There is a complaint that Mandalay is becoming little more than a satellite of China and that the British colonial romance of old Mandalay is long gone.[26]

The Chinese are largely responsible for the economic revitalization of the city centre, now rebuilt with apartment blocks, hotels and shopping centres, and returning the city to its role as the trading hub connecting Lower Burma, Upper Burma, China and India. The Chinese dominance in the city center has pushed out the rest to the suburbs. The urban sprawl now encompasses Amarapura, the very city King Mindon left some 150 years ago. Mandalay celebrated its 150th birthday on 15 May 2009, at precisely 4:31:36 am.[6]

Despite the rise of Naypyidaw, the country’s capital since 2006, Mandalay remains Upper Burma’s main commercial, educational and health center. In October 2018, Mandalay was ranked by CIO Asia as number fifth among the top 10 cities in Southeast Asia in the process of becoming a smart city for ASEAN Smart Cities Network.[27]

Geography

Mandalay metropolitan area seen from satellite

Location

Mandalay is located in the central dry zone of Burma by the Irrawaddy river at 21.98° North, 96.08° East, 80 meters (260 feet) above sea level. Its standard time zone is UTC/GMT +6:30 hours.

626 km from Yangon.

Mandalay lies along the Sagaing Fault, a tectonic plate boundary between the India and Sunda plates. (The biggest earthquake in its history, with a magnitude of 7, occurred in 1956.[28] The devastation was greatest in nearby Sagaing, and it came to be known as the Great Sagaing Quake.)

Leave a Comment