မန်းစည်ပင်မှ အခကြေးငွေ တောင်းခံခြင်းမရှိဘဲ ယာဥ်/စက်/ယန္တရားများဖြင့် ကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ပေးနေ

မန္တလေး ဧပြီ-၉ မန္တလေးမြိုပေါ်တွင် ငလျင်ဘေးဒဏ်အန္တရာယ်ကြောင့် ဖြစ်ပေါ်နေသည့် ပျက်စီးဆုံးရှုးမှုများအား မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီမှ လူအင်အား၊ ယာဥ်/စက်/ယန္တရားများဖြင့် ကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်ရာတွင် အခကြေးငွေ တစ်စုံတစ်ရာ တောင်းခံခြင်းလုံးဝ မရှိကြောင်းနှင့် ကယ်ဆယ်ရေး၊ အဆောက်အဦပျက်များ ဖယ်ရှားရှင်းလင်းရေးများနှင့်ပက်သက်၍ ကွပ်ကဲရေးရုံး ၂၆လမ်း၊ ၇၁လမ်းနှင့် ၇၂လမ်းကြားရှိ မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီရုံးကြီးသို ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။ထိုအပြင် ၂၆ လမ်း မန္တလေးမြိုတော်စည်ပင်သာယာကော််မတီရုံးတွင်လည်း အခွန်ဆောင်ခြင်း အပါအဝင် စည်ပင်သာယာ၏ ပုံမှန်လုပ်ငန်းစဉ်များကို နေ့စဉ် ရုံးဖွင့်ရက်အတိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Loading

Read More

တရုတ်နိုင်ငံ ကြက်‌ခြေနီအဖွဲ မြိုတော်ဝန်နှင့် တွေ့ဆုံ

ဧပြီ -၉ တရုတ်နိုင်ငံ ကြက်ခြေနီအဖွဲမှ မန္တလေး ငလျင်ကြီး ငလျင်ဘေးသင့်ပြည်သူများ သောက်သုံးရေသန့်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးရန် မန္တလေးမြိုတော်ဝန် ဦးကျော်ဆန်းနှင့် ယနေ့ ဧပြီ ၉ ရက် နံနက်ပိုင်းက တွေ့ဆုံညှိနှိင်းခဲ့ကာ နေရာရှာဖွေပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါ ကြက်‌ခြေနီအဖွဲသည် ယာယီတဲအလုံး ၁၀၀ကျော်နှင့် အိမ်သုံးပစ္စည်းများကိုလည်း ထောက်ပံ့လှူဒါန်းထားကြောင်းသိရသည်။ (မန္တလေးနေ့စဉ်)

Loading

Read More

မန္တလေးငလျင်ကြီး ‎ငလျင်ဘေးသင့်ပြည်သူများ သောက်သုံးရေသန့် ရရှိစေရန် Authentic group of company မှ ရေသန့်စင်စက်များ ရွေ့လျားစနစ်ဖြင့် ဖြန့်ဝေပေးလျက်ရှိ‎‎

မန္တလေး၊ ဧပြီ ၈‎‎ မန္တလေးမြိုရှိ မန္တလေးငလျင်ကြီးငလျင်ဘေးသင့်ပြည်သူများ သောက်သုံးရေရရှိစေရန်အတွက် Authentic Group of Company မှ ရေဂါလံ သုံးထောင် သန့်စင်ပေးနိုင်သော စက်နှစ်ခုဖြင့် မြိုတွင်း ရွေ့လျားစနစ်ဖြင့် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။‎‎ရေဂါလံ သုံးထောင်သန့်စင်နိုင်သော ရေသန့်စင်စက်များကို ယနေ့တွင် မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီ၊ မော်တော်ယာဥ်ဌာနရှိဝန်ထမ်းများ ယာယီဝန်ထမ်းအိမ်ရာအနီးတွင် စက်တစ်ခု၊ အောင်တံခွန်စျေးအနီး ယာယီဝန်ထမ်းအိမ်ရာအနီးတွင် တစ်ခုထားရှိကာ ရေသန့်များ ဖြန့်ဝေပေးလျက်ရှိကြောင်းသိရသည်။‎‎နောက်ရက်များတွင် ရေလိုအပ်ချက်ရှိသော နေရာများသို လိုက်လံဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း၊ ရေသန့်လိုအပ်ချက်ရှိသော နေရာများ အနေဖြင့် မန္တလေးမြိုတော်စည်ပင်သာယာရေး ကော်မတီရုံးတွင် ဖွင့်လှစ်ထားသော ကွပ်ကဲရေးရုံးတွင် လာရောက်သတင်းပိုနိုင်ကြောင်းသိရသည်။(မန္တလေးနေ့စဉ်)

Loading

Read More

ငလျင်ဘေးသင့်ပြည်သူများအား စင်ကာပူနိုင်ငံ၊အရေးပေါ်ကယ်ဆယ်ရေးအဖွဲမှယာယီဆေးရုံဖွင့်လှစ်ကုသပေး

မန္တလေး ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် စင်ကာပူနိုင်ငံ၊အရေး ပေါ် ကယ်ဆယ်ရေးအဖွဲသည် မန္တလေးမြို လမ်း ၃၀၊ ၇၁ လမ်း၊ဗထူးအားကစားကွင်းအတွင်း၌ ဧပြီ ၇ ရက်မှ စတင်၍ ဆေးကုသမှုများ ပေးနေ ပြီဖြစ်သည်။အဆိုပါကုသပေးမှုများကို ဆေးအဖွဲဝင် ၃၄ ဦးဖြင့် ဧပြီ ၇ ရက်မှ ၁၃ ရက်နေ့ထိ၊နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီထိ ကုသပေးမည် ဖြစ်ပြီး မန္တလေးဆေးရုံကြီး၊အရိုးအထူးကုဆေးရုံကြီး၊ကုတင် ၅၅၀ ဆေးရုံကြီးတိုနဲ့ ချိတ် ဆက်ဆောင်ရွက်နေကြောင်း Singapore Emergency Medical Team မှ အဖွဲခေါင်းဆောင် Raihan Rafidk ကပြောသည်။(မန္တလေးနေ့စဉ်)

Loading

Read More

Japan Disaster Relief Team (JDR) ဂျပန်နိုင်ငံဆေးပညာရှင်အဖွဲ ၏ ဆေးကုသချိန် ပြောင်းလဲ

Japan Disaster Relief Team (JDR) ဂျပန်နိုင်ငံဆေးပညာရှင်အဖွဲ ၏ ဆေးကုသချိန် ပြောင်းလဲမန္တလေး မတ် ၇မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီရုံး၊ ၂၆လမ်းအတွင်း ၌ ဖွင့်လှစ်ထားရှိသော Japan Disaster Relief Team (JDR) ဂျပန်နိုင်ငံဆေးပညာရှင်အဖွဲ ၏ ပြင်ပလူနာများအား ဆေးကုသချိန်ကို နံနက် ၈နာရီမှ ၁၀နာရီခွဲအထိနှင့် မွန်းလွဲ ၁နာရီခွဲမှ ၃နာရီခွဲအထိ ပြောင်းလဲကုသပေးသွားမည်ဖြစ်ပြီး လူနာအရေအတွက်အား ကန့်သတ်ထားသည်။ကုသလိုသည့် ပြည်သူလူထုများအနေဖြင့် မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီရုံး၊ ၂၆လမ်း၊ ၇၁လမ်းx၇၂လမ်းကြားသို အထက်ပါအချိန်အတိုင်း လာရောက်ကုသနိုင်ပါကြောင်းသိရသည်။

Loading

Read More

အသိပေးကြေညာခြင်း

မန္တလေးမြိုတော် စည်ပင်သာယာနယ်နိမိတ်အတွင်း၌ နေထိုင်ကြသော လုပ်သားပြည်သူများ အနေဖြင့် အမှိက်ကား ခေါ်ယူလိုပါက မန္တလေးမြိုတော် စည်ပင်သာယာရေးကော်မတီ (၂၆လမ်း၊ ၇၁လမ်းနှင့် ၇၂ လမ်းကြား) ကွပ်ကဲရေးရုံးရှိ သန့်ရှင်းရေးဌာနသို လာရောက်၍ နေ့စဥ် ဆက်သွယ် ခေါ်ယူနိုင်ပြီ ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

Loading

Read More

မန်းစည်ပင်မှ အခကြေးငွေ တောင်းခံခြင်းမရှိ

မန္တလေးမြိုပေါ်တွင် ငလျင်ဘေးဒဏ်အန္တရာယ်ကြောင့် ဖြစ်ပေါ်နေသည့် ပျက်စီးဆုံးရှုးမှုများအား မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီမှ လူအင်အား၊ ယာဥ်/စက်/ယန္တရားများဖြင့် ကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်ရာတွင် အခကြေးငွေ တောင်းခံခြင်းမရှိကြောင်းနှင့် ကယ်ဆယ်ရေး၊ အဆောက်အဦပျက်များ ဖယ်ရှားရှင်းလင်းရေးများနှင့်ပက်သက်၍ ကွပ်ကဲရေးရူံး၊ ၂၆လမ်း၊ ၇၁လမ်းနှင့် ၇၂လမ်းကြားရှိ မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီရုံးကြီးသို ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ # မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီ မန္တလေး_ငလျင်

Loading

Read More

Japan Disaster Relief Team (JDR) ဂျပန်နိုင်ငံဆေးပညာရှင်အဖွဲ က ပြင်ပ လူနာ ၄၀ကျော်ကုသပေးနိုင်ခဲ့

မန္တလေး မတ် ၄ ပြင်ပလူနာများကို Japan Disaster Relief Team (JDR) ဂျပန်နိုင်ငံဆေးပညာရှင်အဖွဲ က  မွန်းလွဲ ၁နာရီ မှ စတင်ကာ   ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူလူထုများအား ကုသပေးလျက်ရှိရာ  လူနာ အရေအတွက် ၄၀ ကျော်ကို ကုသပေးခဲ့ကြောင်း သိရသည်။ နောက်ရက်များတွင်  ကုသလိုသည့် ပြည်သူလူထုများအနေဖြင့် မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီရုံး၊ ၂၆လမ်း၊ ၇၁လမ်းx၇၂လမ်းကြားသိုနံနက်(၉း၀၀)နာရီမှညနေ(၅း၀၀)ထိ လာရောက်ကုသနိုင်ပါကြောင်းသိရသည်။

Loading

Read More

ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်‌ရှောက်မှု အဖြစ် ဆေးကုသမှုများပေးနေ

မန္တလေးမြိုတွင် ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးသောင့်ရှောက်မှုပေးရန် အိန္ဒိယနိုင်ငံဆေးတပ်မှချမ်းမြသာစည် လေယာဉ်ကွင်းအဟောင်းအတွင်း ယာယီ‌ ဆေးရုံဖွင့်လှစ်၍လည်းကောင်း၊အိန္ဒိယသံအမတ်ကြီးဦးဆောင်မှုဖြင့် အိန္ဒိယနိုင်ငံမှဆရာဝန်များက ၇၇ လမ်းနှင့် ၂၈ လမ်းထောင့် မီးရထားဝင်းအတွင်း၌လည်းကောင်း၊ဂျပန်နိုင်ငံ JICA အဖွဲမှ ၂၆ လမ်း ၊လမ်း ၇၁လမ်းရှိမြိုတော်စည်ပင်သာယာရေးကော်မတီရုံးဝင်းအတွင်း၌လည်းကောင်း ဆေးရုံဆေးခန်းများဖွင့်လှစ်ကာ ဆေးကုသမှုများပေးနေပြီဖြစ်‌ေကြာင်း သိရသည်။

Loading

Read More

Japan Disaster Relief Team (JDR) ဂျပန်နိုင်ငံဆေးပညာရှင်အဖွဲ ဆေးရုံတည်ဆောက်လျက်ရှိ

မန္တလေး မတ် ၄ ရက် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူလူထုများအား  Japan Disaster Relief Team (JDR) ဂျပန်နိုင်ငံဆေးပညာရှင်အဖွဲမှ X-Rayရိုက်ခြင်း၊ Ultrasound ရိုက်ခြင်း၊ ပြင်ပထိခိုက်ဒဏ်ရာများ၊ အရိုးကျိုးခြင်းနှင့် အထွေထွေရောဂါများ အတွက် အခမဲ့စမ်းသပ်ကုသပေးမည့် ဆေးအဖွဲဝင် ၃၁ ဦး MCDC ရုံးကြီး အတွင်း ယနေ့ နံနက်ပိုင်းမှစတင်ကာ ဆောက်လုပ်တတပ်ဆင်နေပြီး မွန်းလွဲ ၁နာရီ တွင် စတင်ကုသမှုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ သိုဖြစ်၍ ကုသလိုသည့် ပြည်သူလူထုများအနေဖြင့် မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီရုံး၊ ၂၆လမ်း၊ ၇၁လမ်းx၇၂လမ်းကြားသို(၄-၄-၂၀၂၅)ရက်နေ့တွင် နေ့လည်(၁း၀၀)မှ (၅း၀၀)နာရီထိနှင့် ကျန်ရက်များတွင် နံနက်(၉း၀၀)နာရီမှညနေ(၅း၀၀)ထိ လာရောက်ကုသနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

Loading

Read More