Skip to content

မန်းစည်ပင်မှ အခကြေးငွေ တောင်းခံခြင်းမရှိဘဲ ယာဥ်/စက်/ယန္တရားများဖြင့် ကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ပေးနေ

မန္တလေး ဧပြီ-၉

မန္တလေးမြိုပေါ်တွင် ငလျင်ဘေးဒဏ်အန္တရာယ်ကြောင့် ဖြစ်ပေါ်နေသည့် ပျက်စီးဆုံးရှုးမှုများအား မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီမှ လူအင်အား၊ ယာဥ်/စက်/ယန္တရားများဖြင့် ကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်ရာတွင် အခကြေးငွေ တစ်စုံတစ်ရာ တောင်းခံခြင်းလုံးဝ မရှိကြောင်းနှင့် ကယ်ဆယ်ရေး၊ အဆောက်အဦပျက်များ ဖယ်ရှားရှင်းလင်းရေးများနှင့်ပက်သက်၍ ကွပ်ကဲရေးရုံး ၂၆လမ်း၊ ၇၁လမ်းနှင့် ၇၂လမ်းကြားရှိ မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီရုံးကြီးသို ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
ထိုအပြင် ၂၆ လမ်း မန္တလေးမြိုတော်စည်ပင်သာယာကော််မတီရုံးတွင်လည်း အခွန်ဆောင်ခြင်း အပါအဝင် စည်ပင်သာယာ၏ ပုံမှန်လုပ်ငန်းစဉ်များကို နေ့စဉ် ရုံးဖွင့်ရက်အတိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Loading

Leave a Comment





Translate »