ရှေးဟောင်းအမွေအနှစ်များ

mandalay-5

ကုသိုလ်တော်ဘုရား

ကုသိုလ်တော်ဘုရားသည် မန္တလေးတောင်ခြေတွင် တည်ရှိပြီ ခရီးသွားများ၏ မဖြစ်မနေသွားသင့်သောနေရာများအနက်မှ တစ်ခုဖြစ်ပါသည်။ ဤဘုရားကို ၁၈၆၈ခုနှစ် တွင် မင်းတုန်းမင်းက တည်ထားကိုးကွယ်ခဲ့ပြီး ပိဋကတ်ကျမ်းစာများ ပါဝင်သော စကျင်ကျောက်ပြားများဖြင့် ဝန်ရံထားပါသည်။ ထိုဘုရားသည် UNESCO မှတ်တမ်း များတွင် ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီးအဖြစ် သတ်မှတ်ခြင်းခံရသောကြောင့် ကျော်ကြားပါသည်။

440px-Atumashi_Monastery_(Mandalay)(2)

အတုမရှိရွှေကျောင်း

အတုမရှိကျောင်းသည် မန္တလေးရွှေနန်းတော်၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး ရွှေနန်းတော်မှ ၁၀မိနစ်ခန့် မောင်းလျှင်ရောက်နိုင်ပါသည်။ ၁၈၅၇ခုနှစ်တွင် မင်းတုန်း မင်းမှတည်ဆောက်ခဲ့ပါသည်။ ထိုကျောင်းတော်ကြီး၏ မူလကျွန်းသစ်ကျောင်း တော်မှာ ဉာဏ်တော်ပေ၃၀ဖြင့်သည့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် ကျောင်းတော်ကိုဖျက်ဆီးခဲ့သည့် မြို့တွင်းမှမီးဘေး အန္တရာယ်ကြောင့် ၁၈၉၀တွင် ပြာကျခဲ့ရသည်။ အထိမ်းအမှတ် အောက်မေ့စရာ တစ်ခုအဖြစ် နိုင်ငံတော်၏ ရှေး ဟောင်းသုတေသနဌာနမှ ၁၉၉၆ခုနှစ်တွင် ပြန်လည် တည်ဆောက်ခဲ့သည်။

EAIN

အိမ်တော်ရာဘုရား

ပုဂံမင်းဘုရားကြီးထီးနန်းတက်စဉ် သီပေါမင်း၏ တစ်ဦးတည်းသော သားအား အမှတ်ရအနေဖြင့် အိမ်တော်ရာဘုရားကို တည်ဆောက်ခဲ့သည်။ အိမ်တော်ရာဘုရားသည် ဈေးချိုဈေး၏အနောက်ဘက်တွင်တည်ရှိသည်။ ၁၈၅၃ နန်းတွင်းအရေးတော်ပုံကြောင့် ပုဂံမင်းအား အရန်တော်အဖြစ် နန်းချခဲ့သည်။ ပုဂံမင်းသည် သူ၏ဘဝ တစ်လျှောက်လုံး ထိုနေရာရှိဘုန်းကြီးကျောင်းတွင် နေထိုင်ကုန်ဆုံးစေခဲ့ပြီး နောက်ဆုံးတွင် ကျောက်ရောဂါဖြင့်သေဆုံးခဲ့သည်။

1280px-Bagaya_Monastery

ဗားကရာဘုန်းကြီးကျောင်း

ကျွန်းပင်၂၆၇ပင်ဖြင့်ကျော်ကြားသည့် ဗားကရာဘုန်းကြီးကျောင်းသည် မြန်မာနိုင်ငံတွင် တင့်တယ်အလှပဆုံး ဘုန်းကြီးကျောင်းများထဲမှ တစ်ကျောင်းဖြစ်ပြီး အင်းဝ၊လေး ဒေါ်ကြီးတွင်တည်ရှိသည်။ ထိုဘုန်းကြီးကျောင်းသို့သွားရောက်ရန် အ ကောင်းဆုံး နည်းလမ်းမှာ လယ်ကွင်းတစ်လျှောက် လမ်းကျဉ်းလေးမှ ဖြတ်သွားသင့်သည်။ တံခါးနှင့်နံရံပပေါ်ရှိပန်းပုရုပ်ထုဖြင့် ပြုလုပ်ထားသော သတ္တဝါများမှာ လက်ရှိအချိန်ထိ ကောင်းမွန်စွာ ထိန်းသိမ်းထားဆဲဖြစ်သည်။  ခန်းမဆောင်တွင်  စင်္ကန်နှင့်ဘုန်းကြီးများစုဝေးရပ်များ ပါရှိသည်။

1084px-Kandaw_Mingalar_at_Maha_Sandamuni_Pagoda

မဟာစန္ဒာမုနိဘုရား

မဟာစန္ဒာမုနိဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ စစ်ကိုင်း-မန္တလေးကားလမ်းမဘေး အရှေ့ဘက်တွင် တည်ရှိသည်။ဘုရားပရဝဏ်ထဲတွင် မဟာစန္ဒာမုနိ ဘုရားကြီး၊ ရဟန္တာရှစ်ဆယ် ဂူများ၊ ရှေး ဟောင်းသမိုင်းဝင် ကန်တော်မင်္ဂလာကြီး တည်ရှိသည်။ နှစ်ပေါင်း (၂၃၀)ကျော် ရှိသော ရှေးဟောင်း ရေကန်ကြီး ဖြစ်သည်။ အမရပူရမြို့တည်၊ နန်းတည် ဗဒုံမင်းတရားကြီး(ခ) ဘိုးတော်ဦးဝိုင်းက မြန်မာသက္ကရာဇ် ၁၁၄၆-ခုနှစ်တွင် စတင်တူးဖော်ဆောင်ရွက်ခဲ့ပြီး ရှေးဟောင်း သမိုင်းဝင် ကန်တော်မင်္ဂလာကြီးမှာ အုတ်ချပ်ပေါင်း ဆယ်ကုဋေ ကိုးသန်းရှစ်သိန်း ခုနှစ်သောင်း ငါးဆယ့်ငါးချပ်ဖြင့် တည်ဆောက်ခဲ့ပြီး အပြင်တံတိုင်း၊ အတွင်းတံတိုင်းဖြင့် တံတိုင်းနှစ်ထပ် ကာရံထား သည်။

burma-mandalay-church-BD0MDJ

စိန်ဂျိူးဆက်ဘုရားရှိခိုးကျောင်းတော်

စိန်ဂျိူးဆက်ဘုရားရှိခိုးကျောင်းတော်သည် မန္တလေးရှိ အသင်းတော်နယ်ခံများမှ ကောင်းမွန်စွာ စောင့်ရှောက်ထားသော အေးချမ်းသည့် ကတ်သလစ်ခရစ်ယာန် ဘုရားကျောင်းဖြစ်ပြီး ဖာသားလာဖွန်ခရစ်ယာန်ကျောင်းဟုလဲ လူသိများကြပါသည်။ ပြင်သစ်ဖာသာများမှ ၁၈၉၄ ခုနှစ်တွင် အနောက်ဥရောပ အနုပညာလက်ရာဖြင့် တည်ဆောက်လုပ်ခဲ့သော ဘုရားရှိခိုးကျောင်းဖြစ်ပါသည်။ ဘုရားကျောင်း၏ အတွင်းဘက်တွင် မြန်မာတို့၏ လှပသော အရောင်ဖြစ်သည့် ရွှေရောင် အခင်းအကျင်း များရှိပါသည်။