Sky Villa Condo ရှာဖွေ၊ ကယ်ဆယ်ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

မန္တလေး ဧပြီ ၁၈
Sky Villa Condo ရှာဖွေ၊ ကယ်ဆယ်
ရှင်းလင်းရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းတွင် Myanmar Rescue Team မှ အင်အားများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲဝင်များနှင့် မန္တလေးမြိုတော်စည်ပင်မှ ဝန်ထမ်းအင်အားများ၊ စက်ယန္တရားများဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
မန္တလေးငလျင်ကြီးကြောင့် ပြိုကျ ပျက်စီးခဲ့ရသော အဆိုပါ Sky Villa Condo အား မတ်လ ၂၈ ရက်မှ စတင်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ ဧပြီ ၁၆ ရက်အထိ အသက်ရှင်လျက်ရှိသူ ၅၂ ဦးအားကယ်တင်နိုင်ခဲ့ပြီး သေဆုံးသူ ၉၃ ဦးတို၏ ရုပ်အလောင်းများအားရှာဖွေနိုင်ခဲ့ကာ ဆက်လက်၍လည်း ရှာဖွေလျက်ရှိကြောင်း သိရသည်။ (မန္တလေးနေ့စဉ်)

Loading

Leave a Comment