MCDC
ဂျပန်ဆေးရုံမှ ငလျင်နှင့် အခြားရောဂါများအား အတတ်နိုင်ဆုံး ကုသပေးလျက်ရှိ
မန္တလေး၊ ဧပြီ ၁၁ မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီရုံးအတွင်း ဖွင့်လှစ်ထားရှိသော ဂျပန်ဆေးရုံမှ မန္တလေးငလျင်ကြီးဒဏ်ကြောင့်ခံစားရသော ထိခိုက်ဒဏ်ရာရရှိသူများနှင့် အခြားသော ရောဂါဝေဒနာရှင်များကို အတတ်နိုင်ဆုံး ကုသပေးလျက်ရှိကြောင်း အဆိုပါဆေးရုံတာဝန်ခံ မစ္စတာရာဇာမာက ပြောသည်။ ဆေးကုသမှုပြုလုပ်နိုင်ရန်အတွက် ဆရာဝန်၊သူနာပြု ၃၁ ယောက်ဖြင့် ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး လူနာပြသရန်နေရာ၊ ဆေးပေးခန်း၊ လူနာသုံး အိမ်သာ၊ X ray ဓာတ်မှန်ခန်းနှင့် အခြားသော ကျန်းမာရေးအတွက်လိုအပ်သည့် အထောက်အကူပြု ပစ္စည်းများလည်း ပါဝင်လာကြောင်းသိရသည်။” ဆေးရုံကိုတော့ တစ်ပတ်လောက် ဆက်လက်ကုသပေးပါ့မယ်။ ဂျပန်အစိုးရက စေလွှတ်လိုက်တဲ့ ဒီနေရာ (မန္တလေးမြို)မှာ ကုသမှုတွေ ပြုလုပ်ပေးနေပါတယ်၊ ဒဏ်ရာရတဲ့သူ၊ ဒုက္ခရောက်တဲ့သူ လူနာတွေကို စေတနာရှိရှိနဲ့ အတတ်နိုင်ဆုံး ဂျပန်ဆရာဝန်၊သူနာပြုတွေက ကူညီေဆာင်ရွက်ပေးပါ့မယ် “ဟု ၎င်းက ပြောသည်။ ထိုပြင် ၎င်းက “မန္တလေးက…
အဆောက်အအုံများ ဖျက်သိမ်းခြင်းနှင့် စည်ပင်သာယာရေးလုပ်ငန်းများအတွက် အခကြေးငွေ တောင်းခံခြင်း မရှိဘဲ တောင်းခံလာပါက တိုင်ကြားနိုင်
မန္တလေး ဧပြီ ၁၁ မန္တလေး ငလျင်ကြီးဘေးဒဏ်ကြောင့် မန္တလေးမြိုတော်အတွင်း ပျက်စီးဆုံးရှုးသွားသော အဆောက်အဦများအား ဖယ်ရှားရှင်းလင်းရန်အတွက် မန္တလေးမြိုတော် စည်ပင်သာယာရေး ကော်မတီမှ စက်ယန္တရားများ၊ မြေသယ်ယာဉ်များ၊ လူအင်အားများဖြင့် ကူညီဆောင်ရွက်ပေးခြင်း၊ အဆောက်အအုံဖျက်မိန့် ပြုလုပ်ခြင်း၊ မိလ္လာစုပ်ယူရှင်းလင်းရေးနှင့် ရေဖြန့်ဖြူးရေးလုပ်ငန်းများ ပြုလုပ်ပေးခြင်း စသည့် စည်ပင်သာယာရေးနှင့် ပတ်သက်သော လုပ်ငန်းများကို ဆောင်ရွက်ပေးရာတွင် မြိုတော်နေ ပြည်သူလူထုအနေဖြင့် အခကြေးငွေ တစ်စုံတစ်ရာ ပေးဆောင်ရန် မလိုကြောင်းနှင့် အခကြေးငွေ တောင်းခံမှု ရှိပါက မြိုတော်စည်ပင်သာယာရေးကော်မတီ၊ ကွပ်ကဲရေးရုံးသို အထောက်အထားခိုင်လုံစွာဖြင့် လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဆက်သွယ်၍ဖြစ်စေ တိုင်ကြားနိုင်ကြောင်း သိရသည်။ငလျင်ဘေးသင့် ပြည်သူများကူညီဆောင်ရွက်ရန်အတွက် စက်သုံးဆီ၊ ယန္တရားများ၊ ပစ္စည်းများနှင့် အလှူငွေများကို ကူညီလှူဒါန်းလိုသူများ အနေဖြင့်လည်း မြိုတော်စည်ပင်သာယာရေးကော်မတီ၊ ကွပ်ကဲရေးရုံးသို ဆက်သွယ်နိုင်ပြီး ဆက်သွယ်တိုင်ကြားရန် ဖုန်းနံပါတ်မှာ ၀၉-၂၀၅၅၃၆၃…
ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန် ငွေကျပ်သိန်းနှစ်ရာတိတိလှူဒါန်း
မန္တလေးမြိုအတွင်းဖြစ်ပွားခဲ့သော မန္တလေးငလျင်ကြီး သဘာဝဘေး အန္တရာယ်(ငလျင်)ဘေးဒဏ်ခံရသော ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန်စေတနာအလှူရှင် AB WALK (Thailand) က အလှူငွေကျပ်သိန်းနှစ်ရာတိတိကို မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီ ကွပ်ကဲရေးရုံးသို လာရောက်လှူဒါန်းရာ မြိုတော်စည်ပင် တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ေကြာင်း သိရသည်။ (မန္တလေးနေ့စဥ်)
My Tel မိသားစုက ဒီဇယ်ဆီဂါလံ(၄၃၉)ဂါလန် ပေးအပ်လှုဒါန်း
ဧပြီ ၁၁ရက် နံနက်ပိုင်းတွင် My Tel မိသားစုက မန္တလေးငလျင်ကြီး ငလျင်ဘေးသင့်အဆောက်အဦများရှင်းလင်းဖယ်ရှားရာတွင် စက်ယန္တရားများ အသုံးပြုနိုင်ရန်အတွက် ဒီဇယ်ဆီဂါလံ(၄၃၉)ဂါလန် ပေးအပ်လှုဒါန်းရာ မန္တလေးမြိုတော်ဝန် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်စဉ်။ (မန္တလေးနေ့စဉ်)
ပြည်ကြီးမျက်ရှင်ယာဉ်ရပ်နားစခန်း RC 3ထပ်အဆောက်အအုံပြိုကျမှု ဖယ်ရှားရှင်းလင်းခြင်းဆောင်ရွက်
ပြည်ကြီးမျက်ရှင်ယာဉ်ရပ်နားစခန်း RC 3ထပ်အဆောက်အအုံပြိုကျမှုမှ ဖယ်ရှားရှင်းလင်းခြင်းဆောင်ရွက် မန္တလေး ငလျင်ကြီးကြောင့် မဟာအောင်မြေမြိုနယ်၊ လမ်း(၆၀)၊ ပြည်ကြီးမျက်ရှင်ယာဉ်ရပ်နားစခန်း RC 3ထပ်အဆောက်အအုံပြိုကျမှုမှ အင်္ဂတေကျိုးများ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းကိုဧပြီ ၁၁ ရက် နံနက်ပိုင်းကမန္တလေးမြိုတော်စည်ပင်၊ အခွန်ဌာနမှ ဝန်ထမ်းများ၊ စက်ယန္တရားများဖြင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။(မန္တလေးနေ့စဥ်)
မန်းစည်ပင်သန့်ရှင်းရေးဌာနမှ ဘုရားနီဘုရားရှိ ပြိုကျပျက်စီးအုတ်ခဲကျိုးများအား သယ်ယူရှင်းလင်း
မန္တလေး ငလျင်ကြီး လှုပ်ခတ်မှုကြောင့် ၈၁ လမ်း၊၂၁x၂၂ ကြားရှိ ဘုရားနီဘုရားမှ ပြိုကျပျက်စီးနေသော အုတ်ခဲကျိုးများအား မန္တလေးမြို့တော်စည်ပင် သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများက ဧပြီ ၁၁ရက် နံနက်ပိုင်းတွင် သယ်ယူရှင်းလင်းဆောင်ရွက် ေပးခဲ့ကြောင်း သိရသည်။(မန္တလေးနေ့စဥ်)
မန်းစည်ပင်မှ မြို့ရေပေးရေးပိုက်အား ပြင်ဆင်ခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်
ချမ်းအေးသာစံမြိုနယ်အောက်ကမ်းနားလမ်းအရှေ့ဘက်ခြမ်းချမ်းသာရတံတားထိပ်ရှိမြို့ရေပေးရေး အချင်း၈၀၀မမ (၃၂”) DIပိုက်သည် မန္တလေးငလျင်ကြီး ဒဏ်ကြောင့် ပျက်စီးသွားခြင်းအား ဧပြီ ၁၁ ရက် နံနက်စောပိုင်းကပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။(မန္တလေးနေ့စဥ်)
မန္တလေး ငလျင်ကြီး ငလျင်ဘေးသင့်ပြည်သူများအတွက်အလှူငွေလှူဒါန်း
စစ်တက္ကသိုလ်အမှတ်စဉ်(၃၉) ကျောင်းဆင်းအရာရှိများက မန္တလေး ငလျင်ကြီး ငလျင်ဘေးသင့်ပြည်သူများအတွက်အလှုငွေ ကျပ်(၁၅)သိန်း ပေးအပ်လှုဒါန်းရာ မန္တလေးမြိုတော်စည်ပင်မှ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်စဉ်။(မန္တလေးနေ့စဉ်။)
မန္တလေး ငလျင်ကြီး ငလျင်ဘေးသင့် ပြည်သူများအတွက် ယာယီတဲများ ဆောက်လုပ်ပေးရန်ညှိနှိုင်း
မန္တလေး ငလျင်ကြီး ငလျင်ဘေးသင့် ပြည်သူများအတွက် ယာယီတဲများ ဆောက်လုပ်ပေးရန်မန္တလေး ငလျင်ကြီး ငလျင်ဘေးသင့် ပြည်သူများအတွက် ယာယီတဲများ ဆောက်လုပ်ပေးရန်အတွက် ဧပြီ ၉ ရက် နံနက်ပိုင်းက 39-Mega (ရန်ကုန်)မှ မန္တလေးမြိုတော်ဝန် ဦးကျော်ဆန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး သင့်လျော်မည့် နေရာရှာဖွေ၍ ဆောက်လုပ်ကာ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (မန္တလေးနေ့စဉ်)
မန္တလေး ငလျင်ကြီးကြောင့် ပျက်စီးသွားသော မြိုရေပေးရေး ကွန်ယက်များကို အမြန်ဆုံး ပြန်လည် ပြုပြင်လျက်ရှိ
မန္တလေး ဧပြီ ၉ချမ်းအေးသာစံမြိုနယ်ကမ်းနားလမ်းအောက်လမ်းနှင့်၂၈ C လမ်းထောင့် အရှေ့ဘက်ခြမ်း ချမ်းသာရတံတားထိပ်ရှိ အချင်း၈၀၀မမ (၃၂”) DIပိုက် ရေပိုပိုက်လိုင်း အကြီးစားပြုပြင်နေမှုအား မန္တလေးမြိုတော်စည်ပင် ရေနှင့် သန့်ရှင်းမှုဌာန ဌာနမှုး၏ အနီးကပ်ကြပ်မတ်မှုဖြင့် ဝန်ထမ်းများက မြိုနေလူထု ရေအမြန်ဆုံးရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(မန္တလေးနေ့စဥ်)