မြို့တော် စည်ပင်၀န်ထမ်းများ နေ့စဉ် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်

မန္တလေး ငလျင်ကြီးကြောင့် အမရပူရမြိုနယ်အတွင်း ပျက်စီးမှုများအား မန္တလေးမြို့တော် စည်ပင်မှ ဝန်ထမ်းအင်အား၊ စက်ယန္တရားအင်အားများဖြင့် ဧပြီ ၁၃ ရက်တွင် ရှင်းလင်းလျက်ရှိရာ ဦးပိန်တံတားအနီးရှိ မယ်ဇယ်တန်းတွင် ပျက်စီးခဲ့သော ဈေးဆိုင်ခန်းများအား လည်းကောင်း၊ အိုးတော်ရပ်ကွက်၊ မင်္ဂလာကျောင်းတိုက်တွင် အန္တရာယ်ရှိကျောင်းဆောင် အဆောက်အဦအား လည်းကောင်း၊ ဆင်စွယ်ပွတ်ရပ်ကွက်၊ မဟာဂန္ဓာရုံကျောင်းတိုက်တွင် အန္တရာယ်ရှိ ကျောင်းဆောင်အား လည်းကောင်း၊ စစ်ကိုင်း-မန်းလမ်း၊ သိမ်ကြီးဈေးအနီး လမ်းဘေးဝဲ/ယာ ရေမြောင်းများအတွင်းရှိ အုတ်ကျိုး/မြောင်းစာများ ဆယ်ယူခြင်းအား လည်းကောင်း၊ ငယ်တိုးကျေးရွာ၊ တလိုင်းစုရပ်၊ ဈေးကုန်းကျောင်းတိုက်တွင် အန္တရာယ်ရှိအဆောက်အဦအား လည်းကောင်း၊ ဘုံးအိုးကျေးရွာ၊ ငလျင်ဘေးကယ်ဆယ်ရေးစခန်းရှိ အမှိုက်များအား သိမ်းဆည်းပေးခြင်းအားလည်းကောင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ (မန္တလေးနေ့စဉ်)

Loading

Read More

ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက်အလှူငွေလှူဒါန်း

မန္တလေးငလျင်ကြီး ဘေးဒဏ်ခံရသော ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် (မန္တလေး၊ရွှေဘို ၊ရန်ကုန်)စေတနာရှင်ပြည်သူများက အလှုငွေကျပ်နှစ်သိန်းကို ဧပြီ ၁၃ ရက်က ပေးအပ်လှုဒါန်းရာ တွဲဖက်အတွင်းရေးဦးသက်နိုင်ထွန်းက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့‌ကြောင်း သိရသည်။ (မန္တလေးနေ့စဉ်)

Loading

Read More

မန္တလေးမြိုတော်စည်ပင်မှ စက်ယန္တရားများဖြင့် ရှင်းလင်းရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေ

မန္တလေး ဧပြီ  ၁၂ ရက် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အဆောက်အဦများကို မန္တလေးမြိုတော် စည်ပင်သာယာရေးကော်မတီမှ စက်ယန္တရားများဖြင့် ရှင်းလင်းရေးလုပ်ငန်းများကို လက်ရှိအချိန်တွင် ဦးစားပေးဆောင်ရွက်လျက်ရှိရာ ချမ်းအေးသာစံမြိုနယ် ၇၂ လမ်းနှင့် ၃၁ A လမ်းထောင့်တွင် ဆောင်ရွက်လျက်ရှိသည်။ ထိုသိုအမြန်ဆုံး ရှင်းလင်းနိုင်မှသာ အပျက်အစီးများကြောင့် ပိတ်ဆိုနေသော လမ်းများပြန်ပွင့်ခြင်း၊ လျှပ်စစ်မီးများအမြန်ဆုံးပေးနိုင်ခြင်း၊ ရေပေးဝေခြင်း လုပ်ငန်းများကို အမြန်ဆုံး ပြန်လည်ဆောင်ရွက်နိုင်ဖြစ်ကြောင်းသိရသည်။ (မန္တလေးနေ့စဉ်)

Loading

Read More

အလုပ်သင်ဗိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၃)ကျောင်းဆင်းအရာရှိများ အလှူငွေလှူဒါန်း

အလုပ်သင်ဗိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၃)ကျောင်းဆင်းအရာရှိများက မန္တလေးငလျင်ကြီးအတွက် အလှူငွေကျပ် (၂၃)သိန်းပေးအပ်လှုဒါန်းရာ မန္တ‌လေးမြိုတော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများက လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့‌ကြောင်း သိရသည်။(မန္တလေးနေ့စဉ်)

Loading

Read More

မြို့တော်စည်ပင် သန့်ရှင်းရေး၀န်ထမ်း အမှိုက်များ၊ ဒိုက်များဆယ်ယူခြင်းလုပ်ငန်းဆောင်ရွက်

ဧပြီ ၁၂ရက်နေ့တွင် မန္တလေး၊ ချမ်းအေးသာစံမြိုနယ် ရွှေတစ်ချောင်းမြောင်း ၈၆(၂၇×၃၁)ကြား၊ အောင်စံမြိုနယ် ရေနီမြောင်း (၁၇×၁၉)ကြား ကျုံးရေသွင်းမြောင်းနှင့် အောင်‌မြေသာစံမြိုနယ် အတွင်းရှိ (၁၀×၁၁) ကြား သင်္ဂဇာရွှေတချောင်း၊ (၂၄×၂၅) ကြား သင်္ဂဇာရပ်ကွက်‌တိုတွင် မန္တလေးမြို့တော်စည်ပင် သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများက အမှိုက်များ၊ ဒိုက်များဆယ်ယူခြင်းလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

Loading

Read More

သဘာဝငလျင်ဘေးသင့် ယာယီ၊ နေ့စားဝန်ထမ်း များအားထောက်ပံ့လှူဒါန်း

မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် သဘာဝငလျင်ဘေးသင့်ဝန်ထမ်းများဖြစ်ကြသည့် မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီမှ ယာယီ၊ နေ့စားဝန်ထမ်း ၇၀၀ ဦးတိုအား အလှူရှင်မြန်မာပြည်ဖွားတရုတ်လူငယ်လုပ်ငန်းရှင်များအသင်းကလူသုံးကုန်ပစ္စည်းများ၊ စားသောက်ဖွယ်ရာပစ္စည်းများနှင့်တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၅၀၀၀၀)စီဖြင့် စုစုပါင်းတန်ဘိုးငွေကျပ် သိန်း(၇၅၀)တိတိကို ယနေ့မွန်းလွဲပိုင်းက မန္တ‌လေးမြိုတော် စည်ပင်သာယာရေးကော်မတီရုံး ယာယီကွပ်ကဲရေးနေရာရှိယာယီ၊နေ့စား ဝန်ထမ်းများအားတစ်ဦးချင်းစီအလိုက် လက်ဝယ်အရောက်လာရောက် ပေးအပ်လှူဒါန်းကြရာ တွဲဖက် အတွင်းရေးမှူး ဦးသက်နိုင်ထွန်းနှင့်ကော်မတီဝင်များ၊ ဌာနမှူးများ၊ အရာထမ်းများက ထောက်ပံကူညီမှုအတွက် ကူညီဆောင်ရွက်ပေးကြပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။(မန္တလေးနေ့စဥ်)

Loading

Read More

ဂျပန်ဆေးရုံမှ ငလျင်နှင့် အခြားရောဂါများအား အတတ်နိုင်ဆုံး ကုသပေးလျက်ရှိ

မန္တလေး၊ ဧပြီ ၁၁ မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီရုံးအတွင်း ဖွင့်လှစ်ထားရှိသော ဂျပန်ဆေးရုံမှ မန္တလေးငလျင်ကြီးဒဏ်ကြောင့်ခံစားရသော ထိခိုက်ဒဏ်ရာရရှိသူများနှင့် အခြားသော ရောဂါ‌ဝေဒနာရှင်များကို အတတ်နိုင်ဆုံး ကုသပေးလျက်ရှိကြောင်း အဆိုပါဆေးရုံတာဝန်ခံ မစ္စတာရာဇာမာက ပြောသည်။ ဆေးကုသမှုပြုလုပ်နိုင်ရန်အတွက် ဆရာဝန်၊သူနာပြု ၃၁ ယောက်ဖြင့် ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး လူနာပြသရန်နေရာ၊ ဆေးပေးခန်း၊ လူနာသုံး အိမ်သာ၊ X ray ဓာတ်မှန်ခန်းနှင့် အခြားသော ကျန်းမာရေးအတွက်လိုအပ်သည့် အ‌ထောက်အကူပြု ပစ္စည်းများလည်း ပါဝင်လာကြောင်းသိရသည်။” ဆေးရုံကိုတော့ တစ်ပတ်လောက် ဆက်လက်ကုသပေးပါ့မယ်။ ဂျပန်အစိုးရက စေလွှတ်လိုက်တဲ့ ဒီနေရာ (မန္တလေးမြို)မှာ ကုသမှုတွေ ပြုလုပ်ပေးနေပါတယ်၊ ဒဏ်ရာရတဲ့သူ၊ ဒုက္ခရောက်တဲ့သူ လူနာတွေကို စေတနာရှိရှိနဲ့ အတတ်နိုင်ဆုံး ဂျပန်ဆရာဝန်၊သူနာပြုတွေက ကူညီ‌ေဆာင်ရွက်ပေးပါ့မယ် “ဟု ၎င်းက ပြောသည်။ ထိုပြင် ၎င်းက “မန္တလေးက…

Loading

Read More

အဆောက်အအုံများ ဖျက်သိမ်းခြင်းနှင့် စည်ပင်သာယာ‌ရေးလုပ်ငန်းများအတွက် အခကြေးငွေ တောင်းခံခြင်း မရှိဘဲ တောင်းခံလာပါက တိုင်ကြားနိုင်

မန္တလေး ဧပြီ ၁၁ မန္တလေး ငလျင်ကြီးဘေးဒဏ်ကြောင့် မန္တလေးမြိုတော်အတွင်း ပျက်စီးဆုံးရှုးသွား‌သော အဆောက်အဦများအား ဖယ်ရှားရှင်းလင်းရန်အတွက် မန္တလေးမြိုတော် စည်ပင်သာယာရေး ကော်မတီမှ စက်ယန္တရားများ၊ မြေသယ်ယာဉ်များ၊ လူအင်အားများဖြင့် ကူညီဆောင်ရွက်ပေးခြင်း၊ အဆောက်အအုံဖျက်မိန့် ပြုလုပ်ခြင်း၊ မိလ္လာစုပ်ယူရှင်းလင်းရေးနှင့် ရေဖြန့်ဖြူးရေးလုပ်ငန်းများ ပြုလုပ်ပေးခြင်း စသည့် စည်ပင်သာယာရေးနှင့် ပတ်သက်သော လုပ်ငန်းများကို ဆောင်ရွက်ပေးရာတွင် မြိုတော်နေ ပြည်သူလူထုအနေဖြင့် အခကြေးငွေ တစ်စုံတစ်ရာ ပေး‌ဆောင်ရန် မလိုကြောင်းနှင့် အခကြေးငွေ တောင်းခံမှု ရှိပါက မြိုတော်စည်ပင်သာယာရေးကော်မတီ၊ ကွပ်ကဲရေးရုံးသို အထောက်အထားခိုင်လုံစွာဖြင့် လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဆက်သွယ်၍ဖြစ်စေ တိုင်ကြားနိုင်‌ကြောင်း သိရသည်။ငလျင်ဘေးသင့် ပြည်သူများကူညီဆောင်ရွက်ရန်အတွက် စက်သုံးဆီ၊ ယန္တရားများ၊ ပစ္စည်းများနှင့် အလှူငွေများကို ကူညီလှူဒါန်းလိုသူများ အနေဖြင့်လည်း မြိုတော်စည်ပင်သာယာရေးကော်မတီ၊ ကွပ်ကဲရေးရုံးသို ဆက်သွယ်နိုင်ပြီး ဆက်သွယ်တိုင်ကြားရန် ဖုန်းနံပါတ်မှာ ၀၉-၂၀၅၅၃၆၃…

Loading

Read More

ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန် ငွေကျပ်သိန်းနှစ်ရာတိတိလှူဒါန်း

မန္တလေးမြိုအတွင်းဖြစ်ပွားခဲ့သော မန္တလေးငလျင်ကြီး သဘာဝဘေး အန္တရာယ်(ငလျင်)ဘေးဒဏ်ခံရသော ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန်စေတနာအလှူရှင် AB WALK (Thailand) က အလှူငွေကျပ်သိန်းနှစ်ရာတိတိကို မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီ ကွပ်ကဲရေးရုံးသို လာရောက်လှူဒါန်းရာ မြိုတော်စည်ပင် တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့‌ေကြာင်း သိရသည်။ (မန္တလေးနေ့စဥ်)

Loading

Read More