Posts by Daily Newspaper
Golden City Hotel အဆောက်အဦ ဖြိုချရှင်းလင်းရေးဆောင်ရွက်စဉ် ယနေ့ ညနေ ၄ နာရီကျော်က ပြိုကျခဲ့
မန္တလေး ဧပြီ ၂၀လမ်း၃၀ ၊ ၇၀×၇၁ လမ်းကြားရှိ Golden City Hotel အဆောက်အဦအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဖြိုချနေစဉ် ယနေ့ ညနေ ၄နာရီ ၃ မိနစ်က ပြိုကျသွားပြီဖြစ်သည်။ အဆိုပါ နေရာသို မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမောင်၊မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲညွှန်ကြားရေးမှူးတို ရောက်ရှိလာကာ ဘေးကင်းစွာ ဆက်လက်လုပ်ဆောင်ကြရန်နှင့် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ အဆောက်အဦ ဖျက်သိမ်းရေး လုပ်ငန်းများကို လွန်ခဲ့သည် တစ်ပါတ်ကျော်ကတည်းက မန္တလေးမြိုတော် စည်ပင်သာယာရေးကော်မတီနှင့်မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲမှ ကယ်ဆယ်ရေးတပ်ဖွဲဝင်များ ပူးပေါင်း၍ နေ့ည မပြတ် စက်ယန္တရားများနှင့် ဆောင်ရွတ်လျက်ရှိရာ ယနေ့ ညနေတွင် အလုံးစုံပြိုကျ သွားခဲ့သည်။ ထိုသိုပြိုကျသွားသည့်ဖြစ်စဉ်တွင် အဆောက်အဦ အနီးအနား၌ ကြီးကြပ်ဆောင်ရွက်နေသူများနှင့် စက်ယန္တရား…
အမရပူရမြိုနယ်အတွင်း ငလျင်ဘေးကြောင့် အပျက်အစီးများအား ဆက်လက်ရှင်းလင်းဆောင်ရွက်
မန္တလေး ဧပြီ ၂၀ မန္တလေးငလျင်ကြီးကြောင့် အမရပူရမြိုနယ်အတွင်းရှိ အပျက်အစီးများအား မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းအင်အား၊ စက်ယန္တရား အင်အားများဖြင့် ယနေ့ နံနက်ပိုင်းက လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိရာ မင်္ဂလာကျောင်းတိုက်တွင် အဆောက်အဦပျက် အုတ်ကျိုးများအား ရှင်းလင်းခြင်း၊ အောင်မြေရွှေဘုံဘုရားတွင် ငလျင်ဒဏ်ကြောင့် ဘုရားရင်ပြင်တော်၌ ပျက်စီးမှုများအား ရှင်းလင်းခြင်း၊ တူမောင်းကျောင်းတိုက်နှင့် ဖောင်တော်ဦးကျောင်းတိုက်တိုတွင် အဆောက်အဦပျက် အုတ်ကျိုးများအား ရှင်းလင်းခြင်း၊ ဈေးချိုရပ်ကွက်၊ မောင်းတန်းလမ်းတွင် အန္တရာယ်ရှိ နေအိမ်အဆောက်အဦအား ဖြိုချရှင်းလင်းရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ ငယ်တိုးဈေးတွင် အမှိက်သိမ်း/ သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် တောင်သမန်ကန်ပတ်လမ်းတွင် လမ်းဘေး ဝဲ/ယာ သန့်ရှင်းရေး ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ (မန္တလေးနေ့စဉ်)
စန္ဒာမုနိဘုရားအတွင်း ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
မန္တလေး ဧပြီ ၂၀ မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရသော စန္ဒာမုနိဘုရား ပရိဝဏ်အတွင်းမှ အပျက်အစီးများနှင့် အုတ်ကျိုးအုတ်ပဲ့များအား ယနေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်မှ တပ်မတော်သားများ၊ မန္တလေးမြိုတော် စည်ပင် သန့်ရှင်းရေးဌာနနှင့် ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနမှ ဝန်ထမ်းများကဆက်လက်ဖယ်ရှား ရှင်းလင်းလျက်ရှိရာ တာဝန်ရှိသူများ လာရောက်ကြည့်ရှုပြီး လုပ်ငန်းများ မြန်ဆန်ထိရောက်စွာနှင့် အန္တရာယ်ကင်းအောင် လုပ်ဆောင်ကြရေး မှာကြားကာ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ (မန္တလေးနေ့စဉ်)
မန္တလေးမြိုတော်စည်ပင် ပန်းကစားဌာနမှ စန္ဒာမုနိဘုရားအတွင်း ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်
မန္တလေး ဧပြီ ၁၈မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရသော စန္ဒာမုနိဘုရား ပရိဝဏ်အတွင်းမှ အပျက်အစီးနှင့် အုတ်ကျိုးအုတ်ပဲ့များအား ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြိုတော်စည်ပင် ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနမှ ဝန်ထမ်းများက ဖယ်ရှားရှင်းလင်းလျက်ရှိရာ မန္တလေးမြိုတော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမောင် လာရောက်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ (မန္တလေးနေ့စဉ်)
Sky Villa Condo ရှာဖွေ၊ ကယ်ဆယ်ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
မန္တလေး ဧပြီ ၁၈Sky Villa Condo ရှာဖွေ၊ ကယ်ဆယ်ရှင်းလင်းရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းတွင် Myanmar Rescue Team မှ အင်အားများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲဝင်များနှင့် မန္တလေးမြိုတော်စည်ပင်မှ ဝန်ထမ်းအင်အားများ၊ စက်ယန္တရားများဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။မန္တလေးငလျင်ကြီးကြောင့် ပြိုကျ ပျက်စီးခဲ့ရသော အဆိုပါ Sky Villa Condo အား မတ်လ ၂၈ ရက်မှ စတင်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ ဧပြီ ၁၆ ရက်အထိ အသက်ရှင်လျက်ရှိသူ ၅၂ ဦးအားကယ်တင်နိုင်ခဲ့ပြီး သေဆုံးသူ ၉၃ ဦးတို၏ ရုပ်အလောင်းများအားရှာဖွေနိုင်ခဲ့ကာ ဆက်လက်၍လည်း ရှာဖွေလျက်ရှိကြောင်း သိရသည်။ (မန္တလေးနေ့စဉ်)
မဟာမုနိဘုရားကြီး ပရဝဏ်အတွင်း မန္တလေးငလျင်ကြီးဘေးဒဏ်ကြောင့် ပျက်စီးမှုများအား ရှင်းလင်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
မန္တလေး ဧပြီ ၁၆ မန္တလေး ငလျင်ကြီးကြောင့် မဟာမုနိဘုရားကြီး ပရဝဏ်အတွင်း ရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိရာ ဧပြီ ၁၆ ရက်တွင် အနောက်ဘက်စောင်းတန်းဘေးကျောက်စာရုံ ပြိုကျအုတ်ကျိုးများအား လူအင်အားဖြင့် သယ်ယူရှင်းလင်းခြင်း၊ အနောက်ဘက်စောင်းတန်းဘေး ပြိုကျကျောက်စာရုံ အမိုးသွပ်များ ခွာယူသိမ်းဆည်းခြင်းနှင့် အမိုး ဒိုင်း၊မြားတန်းများ ဖြုတ်သိမ်းခြင်း၊ အရှေ့ဘက်စောင်းတန်းပြိုကျ အမိုးသွပ်များ ခွာယူသိမ်းဆည်းခြင်း၊ ဘုရားကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခြင်း၊ အရှေ့ဘက်စောင်းတန်းမုခ်ဦး ထီးတော်ပြန်လည်တည့်မတ်ရန် ငြမ်းဆင်ခြင်း၊ ကျောင်းတော်ကြီးအတွင်းပိုင်း ရွှေချထားသောအဆောက်အဦများနှင့် ပြိုကျသွားသောအဆောက်အဦ အုတ်ကျိုးများမှရွှေမှိက်ချွတ်ခြင်း၊ နှစ်ဆန်း ၁ ရက်နေ့တွင် LED Board မှ ဘုရားကြီးအား အများပြည်သူဖူးမြော်နိုင်ရန် မဏ္ဍပ်ဆောက်လုပ်ခြင်းနှင့် LED Board တပ်ဆင်ခြင်းစသည့် လုပ်ငန်များကို ဘုရားကြီး ဂေါပကအဖွဲဝင်များ၊ မန္တလေးမြိုတော်စည်ပင်မှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲများမှ…
မန္တလေး၊ ချမ်းအေးသာစံမြိုနယ်အတွင်း ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
မန္တလေး ဧပြီ ၁၆မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေး ချမ်းအေးသာစံမြိုနယ်အတွင်း ပြိုကျပျက်စီးနေမှုများအား စည်ပင်သာယာ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးစီး၍ စည်ပင်သာယာ ဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲဝင်များဖြင့် လမ်းပိတ်ဆိုနေရာများရှင်းလင်းခြင်း၊ ပြိုပျက်နေရာများရှင်းလင်းခြင်း စစ်ဆေးခြင်း၊ ဘာသာ ရေးအဆောက်အဦများအားပူပေါင်းလုပ်အားပေး ရှင်းလင်းပေးခြင်း၊ တိုင်းသမအဆောက်အဦ ဖျက်သိမ်းခြင်း၊အထက (၅) ကျောင်းဘောလုံးကွင်းနေရာ၌ ငလျင်ဘေးသင့်သူများအားနေရာချထားခြင်းများနှင့် Golden city ဟိုတယ်အား တိုင်းမီးသတ်ဦးစီးမှူး ဦးစီး၍ ထွေအုပ်၊စည်ပင်၊မီးသတ်တပ်ဖွဲဝင်များဖြင့် ပေါင်းစပ်ကာ ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(မန္တလေးနေ့စဉ်)
မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို နှစ်ဆန်း တစ်ရက်နေ့တွင် အများပြည်သူဖူးမြော်နိုင်ရန် LED နှစ်ခုဖြင့် စီစဉ်ပေးသွားမည်
မန္တလေး ဧပြီ ၁၃ မန္တလေးငလျင်ကြီးကြောင့် မဟာမုနိရုပ်ရှင်တော်(ဘုရားကြီး)၏ မကိုဋ်တော်အနည်းငယ်စောင်းသွားရာ ဧပြီ ၁၂ ရက်နေ့က ပြင်ဆင်ပြီး ဖြစ်၍ လာရောက်ဖူးမြော်သူ အများဆုံးဖြစ်သည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရုပ်ပွားတော်မြတ်ကြီးအား အများပြည်သူ ဖူးမြော်နိုင်ရန် ၉၆ လက်မအရွယ်ရှိ LED နှစ်ခုဖြင့် စီစဉ်ပေးသွားမည်ဖြစ်သည်။ ငလျင်ဒဏ်ကြောင့် ဘုရားပုရိဝုဏ်အတွင်းရှိ ရှေးဟောင်းအဆောက်အဦ ၇၀ ရာခိုင်နှုန်း ပျက်စီးခဲ့သဖြင့် ရုပ်ပွား တော်မြတ်ကြီးအား အနီးကပ်ဖူးမြော်နိုင်မှု မရှိသေးသဖြင့် သင့်လျော်သော နေရာများတွင် LED နှစ်ခု ထားရှိပေးမည်ဖြစ်သည်။
မြို့တော် စည်ပင်၀န်ထမ်းများ နေ့စဉ် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်
မန္တလေး ငလျင်ကြီးကြောင့် အမရပူရမြိုနယ်အတွင်း ပျက်စီးမှုများအား မန္တလေးမြို့တော် စည်ပင်မှ ဝန်ထမ်းအင်အား၊ စက်ယန္တရားအင်အားများဖြင့် ဧပြီ ၁၃ ရက်တွင် ရှင်းလင်းလျက်ရှိရာ ဦးပိန်တံတားအနီးရှိ မယ်ဇယ်တန်းတွင် ပျက်စီးခဲ့သော ဈေးဆိုင်ခန်းများအား လည်းကောင်း၊ အိုးတော်ရပ်ကွက်၊ မင်္ဂလာကျောင်းတိုက်တွင် အန္တရာယ်ရှိကျောင်းဆောင် အဆောက်အဦအား လည်းကောင်း၊ ဆင်စွယ်ပွတ်ရပ်ကွက်၊ မဟာဂန္ဓာရုံကျောင်းတိုက်တွင် အန္တရာယ်ရှိ ကျောင်းဆောင်အား လည်းကောင်း၊ စစ်ကိုင်း-မန်းလမ်း၊ သိမ်ကြီးဈေးအနီး လမ်းဘေးဝဲ/ယာ ရေမြောင်းများအတွင်းရှိ အုတ်ကျိုး/မြောင်းစာများ ဆယ်ယူခြင်းအား လည်းကောင်း၊ ငယ်တိုးကျေးရွာ၊ တလိုင်းစုရပ်၊ ဈေးကုန်းကျောင်းတိုက်တွင် အန္တရာယ်ရှိအဆောက်အဦအား လည်းကောင်း၊ ဘုံးအိုးကျေးရွာ၊ ငလျင်ဘေးကယ်ဆယ်ရေးစခန်းရှိ အမှိုက်များအား သိမ်းဆည်းပေးခြင်းအားလည်းကောင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ (မန္တလေးနေ့စဉ်)
ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက်အလှူငွေလှူဒါန်း
မန္တလေးငလျင်ကြီး ဘေးဒဏ်ခံရသော ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် (မန္တလေး၊ရွှေဘို ၊ရန်ကုန်)စေတနာရှင်ပြည်သူများက အလှုငွေကျပ်နှစ်သိန်းကို ဧပြီ ၁၃ ရက်က ပေးအပ်လှုဒါန်းရာ တွဲဖက်အတွင်းရေးဦးသက်နိုင်ထွန်းက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ (မန္တလေးနေ့စဉ်)