အမရပူရမြိုနယ်အတွင်း ငလျင်ဘေးကြောင့် အပျက်အစီးများအား ဆက်လက်ရှင်းလင်းဆောင်ရွက်

မန္တလေး ဧပြီ ၂၀

မန္တလေးငလျင်ကြီးကြောင့် အမရပူရမြိုနယ်အတွင်းရှိ အပျက်အစီးများအား မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းအင်အား၊ စက်ယန္တရား အင်အားများဖြင့် ယနေ့ နံနက်ပိုင်းက လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိရာ မင်္ဂလာကျောင်းတိုက်တွင် အဆောက်အဦပျက် အုတ်ကျိုးများအား ရှင်းလင်းခြင်း၊ အောင်မြေရွှေဘုံဘုရားတွင် ငလျင်ဒဏ်ကြောင့် ဘုရားရင်ပြင်တော်၌ ပျက်စီးမှုများအား ရှင်းလင်းခြင်း၊ တူမောင်းကျောင်းတိုက်နှင့် ဖောင်တော်ဦးကျောင်းတိုက်တိုတွင် အဆောက်အဦပျက် အုတ်ကျိုးများအား ရှင်းလင်းခြင်း၊ ဈေးချိုရပ်ကွက်၊ မောင်းတန်းလမ်းတွင် အန္တရာယ်ရှိ နေအိမ်အဆောက်အဦအား ဖြိုချရှင်းလင်းရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ ငယ်တိုးဈေးတွင် အမှိက်သိမ်း/ သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် တောင်သမန်ကန်ပတ်လမ်းတွင် လမ်းဘေး ဝဲ/ယာ သန့်ရှင်းရေး ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ (မန္တလေးနေ့စဉ်)

Loading

Leave a Comment