အဆောက်အအုံများ ဖျက်သိမ်းခြင်းနှင့် စည်ပင်သာယာရေးလုပ်ငန်းများအတွက် အခကြေးငွေ တောင်းခံခြင်း မရှိဘဲ တောင်းခံလာပါက တိုင်ကြားနိုင်


မန္တလေး ဧပြီ ၁၁
မန္တလေး ငလျင်ကြီးဘေးဒဏ်ကြောင့် မန္တလေးမြိုတော်အတွင်း ပျက်စီးဆုံးရှုးသွားသော အဆောက်အဦများအား ဖယ်ရှားရှင်းလင်းရန်အတွက် မန္တလေးမြိုတော် စည်ပင်သာယာရေး ကော်မတီမှ စက်ယန္တရားများ၊ မြေသယ်ယာဉ်များ၊ လူအင်အားများဖြင့် ကူညီဆောင်ရွက်ပေးခြင်း၊ အဆောက်အအုံဖျက်မိန့် ပြုလုပ်ခြင်း၊ မိလ္လာစုပ်ယူရှင်းလင်းရေးနှင့် ရေဖြန့်ဖြူးရေးလုပ်ငန်းများ ပြုလုပ်ပေးခြင်း စသည့် စည်ပင်သာယာရေးနှင့် ပတ်သက်သော လုပ်ငန်းများကို ဆောင်ရွက်ပေးရာတွင် မြိုတော်နေ ပြည်သူလူထုအနေဖြင့် အခကြေးငွေ တစ်စုံတစ်ရာ ပေးဆောင်ရန် မလိုကြောင်းနှင့် အခကြေးငွေ တောင်းခံမှု ရှိပါက မြိုတော်စည်ပင်သာယာရေးကော်မတီ၊ ကွပ်ကဲရေးရုံးသို အထောက်အထားခိုင်လုံစွာဖြင့် လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဆက်သွယ်၍ဖြစ်စေ တိုင်ကြားနိုင်ကြောင်း သိရသည်။
ငလျင်ဘေးသင့် ပြည်သူများကူညီဆောင်ရွက်ရန်အတွက် စက်သုံးဆီ၊ ယန္တရားများ၊ ပစ္စည်းများနှင့် အလှူငွေများကို ကူညီလှူဒါန်းလိုသူများ အနေဖြင့်လည်း မြိုတော်စည်ပင်သာယာရေးကော်မတီ၊ ကွပ်ကဲရေးရုံးသို ဆက်သွယ်နိုင်ပြီး ဆက်သွယ်တိုင်ကြားရန် ဖုန်းနံပါတ်မှာ ၀၉-၂၀၅၅၃၆၃ ဖြစ်သည်။
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးထိခိုက်ခဲ့သော အဆောက်အအုံများအား ဖြိုဖျက်ရာတွင် စက်ယန္တရားများအသုံးပြုခြင်းအပါအဝင် အခြားစည်ပင် လုပ်ငန်းများဆောင်ရွက်ပေးရာ၌ ငွေကြေး ကောက်ခံမှုများ ပြုလုပ်နေသည်ဟု ကောလဟာလ သတင်းများ ထွက်ပေါ်နေခြင်းနင့်ပတ်သက်၍ မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီ၊ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ယခုကဲ့သိုဖြေကြားခဲ့သည်။
”ကျွန်တော်တို ဝန်ထမ်းပိုင်းဆိုင်ရာတွေအနေနဲ့ ဘယ်အဆောက်အအုံက ဘယ်လောက် ဘယ်ရွေ့ဆိုတာမျိုး ငွေကြေးကောက်ခံခြင်း မရှိသလို၊ ဆီဖိုးတောင်းတာတောင် မရှိပါဘူး၊ ယန္တရားကအစ အခမဲ့ ဝန်ဆောင်မှု ပေးနေပါတယ်” ဟု တွဲဖက်အတွင်းရေးမှူးကပြောသည်။
မန္တလေးမြိုတွင်းရှိ ဖြိုဖျက်ရန်လိုအပ်သော အဆောက်အဦများကို ဖြိုဖျက်သည့်နေရာတွင် အလှည့်ကျ ဖျက်ပေးသွားမည်ဖြစ်ကြောင်း၊ အန္တရာယ် ရှိသော အဆောက်အဦများကိုလည်း မိမိသဘောဖြင့် ဖြိုဖျက်မှုများ မလုပ်ဆောင်ကြရန်နင့် ကျွမ်းကျင် ပညာရှင်များအား တိုင်ပင်ရန်လိုအပ်ပြီး မြိုတော်စည်ပင်မှ ဖြိုဖျက်ခွင့် ရရှိမှသာ ဖြိုဖျက်ကြရန်လိုကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ (မန္တလေးနေ့စဉ်)