မဟာမုနိဘုရားကြီး ပရဝဏ်အတွင်း မန္တလေးငလျင်ကြီးဘေးဒဏ်ကြောင့် ပျက်စီးမှုများအား ရှင်းလင်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်





မန္တလေး ဧပြီ ၁၆
မန္တလေး ငလျင်ကြီးကြောင့် မဟာမုနိဘုရားကြီး ပရဝဏ်အတွင်း ရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိရာ ဧပြီ ၁၆ ရက်တွင် အနောက်ဘက်စောင်းတန်းဘေးကျောက်စာရုံ ပြိုကျအုတ်ကျိုးများအား လူအင်အားဖြင့် သယ်ယူရှင်းလင်းခြင်း၊ အနောက်ဘက်စောင်းတန်းဘေး ပြိုကျကျောက်စာရုံ အမိုးသွပ်များ ခွာယူသိမ်းဆည်းခြင်းနှင့် အမိုး ဒိုင်း၊မြားတန်းများ ဖြုတ်သိမ်းခြင်း၊ အရှေ့ဘက်စောင်းတန်းပြိုကျ အမိုးသွပ်များ ခွာယူသိမ်းဆည်းခြင်း၊ ဘုရားကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခြင်း၊ အရှေ့ဘက်စောင်းတန်းမုခ်ဦး ထီးတော်ပြန်လည်တည့်မတ်ရန် ငြမ်းဆင်ခြင်း၊ ကျောင်းတော်ကြီးအတွင်းပိုင်း ရွှေချထားသောအဆောက်အဦများနှင့် ပြိုကျသွားသောအဆောက်အဦ အုတ်ကျိုးများမှရွှေမှိက်ချွတ်ခြင်း၊ နှစ်ဆန်း ၁ ရက်နေ့တွင် LED Board မှ ဘုရားကြီးအား အများပြည်သူဖူးမြော်နိုင်ရန် မဏ္ဍပ်ဆောက်လုပ်ခြင်းနှင့် LED Board တပ်ဆင်ခြင်းစသည့် လုပ်ငန်များကို ဘုရားကြီး ဂေါပကအဖွဲဝင်များ၊ မန္တလေးမြိုတော်စည်ပင်မှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲများမှ လုပ်အားပေးများက ကုသိုလ်ယူ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။ (မန္တလေးနေ့စဉ်)