ငလျင်ဘေးသင့်ပြည်သူများအား စင်ကာပူနိုင်ငံ၊အရေးပေါ်ကယ်ဆယ်ရေးအဖွဲမှယာယီဆေးရုံဖွင့်လှစ်ကုသပေး




မန္တလေး ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် စင်ကာပူနိုင်ငံ၊အရေး ပေါ် ကယ်ဆယ်ရေးအဖွဲသည် မန္တလေးမြို လမ်း ၃၀၊ ၇၁ လမ်း၊ဗထူးအားကစားကွင်းအတွင်း၌ ဧပြီ ၇ ရက်မှ စတင်၍ ဆေးကုသမှုများ ပေးနေ ပြီဖြစ်သည်။အဆိုပါကုသပေးမှုများကို ဆေးအဖွဲဝင် ၃၄ ဦးဖြင့် ဧပြီ ၇ ရက်မှ ၁၃ ရက်နေ့ထိ၊နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီထိ ကုသပေးမည် ဖြစ်ပြီး မန္တလေးဆေးရုံကြီး၊အရိုးအထူးကုဆေးရုံကြီး၊ကုတင် ၅၅၀ ဆေးရုံကြီးတိုနဲ့ ချိတ် ဆက်ဆောင်ရွက်နေကြောင်း Singapore Emergency Medical Team မှ အဖွဲခေါင်းဆောင် Raihan Rafidk ကပြောသည်။(မန္တလေးနေ့စဉ်)