ကြေညာချက်

၁။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ Coronavirus Disease 2019(COVID-19) အား ကမ္ဘာ့ကပ်ရောဂါတစ်ခုအဖြစ် သတ်မှတ်ကြေညာခဲ့ပြီးနောက် COVID-19 ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်် တုံ့ပြန်ရေးတို့အတွက် မန္တလေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေး‌ပေါ်တုံ့ ပြန်ရေးကော်မတီဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါသည်။

၂။ COVID-19 ရောဂါ နှင့်ပတ်သက်၍ WHO၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအရ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သဖြင့် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်သည့် အကောင်းဆုံးသော နည်းလမ်းမှာ မိမိအိမ်တွင် နေထိုင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ထိတွေ့မှုမရှိခြင်းတို့ဖြစ်ပါသည်။ မဖြစ်မနေ အပြင်သို့ သွားရောက်သည့်အခါတိုင်း နှာခေါင်းစည်း Mask များ တပ်ဆင်၍ သွားရောက်ရန် လိုအပ်ပါသည်။

၃။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် စပ်လျဉ််း၍ စုဝေးခြင်း မပြုလုပ်ရန် ထုတ်ပြန်ခဲ့သော အမိန့်များတွင် ဖော်ပြထားသော ကိစ္စရပ်များမှအပ (၁၆-၈-၂၀၂၀)ရက်မှစ၍ လူ(၁၅)ဦးအစား လူ(၃ဝ)ဦးဖြစ်စေ၊ လူ(၃ဝ)ဦးထက် ပို၍ဖြစ်စေ စုဝေးခြင်း မပြုရန် ပြင်ဆင်ထုတ်ပြန်ခဲ့ပါသည်။

၄။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြီး မြောက်ပြီဖြစ်သော်လည်း လူစုလူဝေးပြုလုပ်ခြင်းများရှိနေသေးသည်ကို တွေ့ရှိရပါသည်။

၅။ ယခုအချိန်သည် covID-19 ရောဂါ ပြန့်ပွားနိုင်သည့် အန္တရာယ်ကြီးမားနေသည်ဖြစ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၁၀)ရက်နေ့တွင် အမိန့်အမှတ်(၁၄၇/၂၀၂၀)| ဖြင့် ထပ်မံထုတ်ပြန်ခဲ့ပါသည်။ ထုတ်ပြန်ထားရှိသော အမိန့်၊ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရန် လိုအပ်ပါသည်။ လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲစည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ကို ပြည်သူများအနေဖြင့် ကျယ်ကျယ်| ပြန့်ပြန့် သိရှိနိုင်ရန်နှင့် လူစုလူဝေး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

၁။ မန္တလေးခရိုင်အတွင်း COVID-19 ရောဂါသည် ကူးစက်ပြန့်ပွားမှုနှင့် သေဆုံးမှု ပိုမိုများပြားလာကြောင်း တွေ့ရှိရပါသည်။ WHO နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအရ COVID-19 ရောဂါသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သဖြင့် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်သည့် အကောင်းဆုံးနည်းလမ်းမှာ မိမိအိမ်တွင် နေထိုင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ထိတွေ့မှုမရှိခြင်းတို့ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်စေရန် မန္တလေးခရိုင်အတွင်း နေထိုင်သည့်| ပြည်သူများအနေဖြင့် အောက်ပါစည်းကမ်းချက်များကို မဖြစ်မနေလိုက်နာရန် လိုအပ်ပါသည် -

(က) ပုဂ္ဂလိကလုပ်ငန်းများဖြစ်သည့် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သား၊ ငါး၊ အအေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ နေ့စဉ်တစ်ကိုယ်ရေသုံးပစ္စည်းထုတ်လုပ်သည့် စက်ရုံများ၊ ဆိပ်ကမ်းပို့ကုန်/သွင်းကုန် သယ်ဆောင်သည့် ကုန်တင်မော်တော်ယာဉ်၊ ရေယာဉ်လုပ်ငန်းများ၊ ကုန်းတွင်း ကုန်သေတ္တာစခန်းများ (Inland Container Depot) နှင့် ကုန်းတွင်းဆိပ်များ (Dry Port) ၊ ဆက်သွယ်ရေး ဝန်ဆောင်မှုပေးရသော လုပ်ငန်းများဖြစ်သည့် စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်း၊ ကြိုးဖုန်းနှင့် မိုဘိုင်းတယ်လီဖုန်းဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှုများ၊ တာဝါ နှင့် ဖိုက်ဘာပြုပြင်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများကိုသာ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး ကျန်လုပ်ငန်းများကို လုပ်ကိုင်ခြင်းမပြုရန် ဖြစ်ပါသည်။

( ခ ) အထက်အပိုဒ်ခွဲ(က)ပါ လုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိသည့် ဝန်ထမ်းများ ဝင်/ထွက်ခွင့်ရရှိရေးအတွက် လုပ်ငန်းရှင်/ကုမ္ပဏီပိုင်ရှင်က မြို့နယ်စီမံခန့်ခွဲမှုကော်မတီသို့ လျှောက်ထားရယူရန် ဖြစ်ပါသည်။

( ဂ ) အခြားမြို့နယ်များသို့ လုပ်ငန်းကိစ္စဖြင့် သွားရောက်လိုပါက ဝင်/ထွက်ခွင့်ကတ်ပြားများကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီသို့ လျှောက်ထားရယူရန် ဖြစ်ပါသည်။

( ဃ ) အထက်အပိုဒ်ခွဲ(က)ပါ လုပ်ငန်းများတွင် မပါဝင်သည့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့် နေအိမ်မှနေ၍ လုပ်ငန်းများဆောင်ရွက်ရန် ဖြစ်ပါသည်။

( င ) ဆိုင်ဖွင့်လှစ်၍ တယ်လီဖုန်းရောင်းချခြင်း၊ ဒေတာရောင်းခြင်းများ မပြုလုပ်ရန် ဖြစ်ပါသည်။

( စ ) မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်ဖြစ်ပြီး ဈေးဝယ်ရန် ဝင်/ထွက်ခွင့်ကတ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် တစ်အိမ်ထောင်လျှင် တစ်ကတ်နှုန်းဖြင့် ထုတ်ယူနိုင်ပါသည်။ ဈေးဝယ်ရန် သွားရောက်ရာတွင် ယာဉ်မောင်း(၁)ဦး၊ ဈေးဝယ်သူ(၁)ဦး စုစုပေါင်း (၂)ဦးသာ သွားရောက်ရန်ဖြစ်ပြီး ပါးစပ်/နှာခေါင်းစည်းများ တပ်ဆင်သွားရန် ဖြစ်ပါသည်။

( ဆ ) မြို့နယ်အတွင်းရှိ ဈေးများကို နေ့စဉ် နံနက် (၆)နာရီမှ (၁၂)နာရီအထိ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ကျန်အချိန်များတွင် ပိတ်ထားမည်ဖြစ်ပါသည်။ ဈေးသည်များသည် ဈေးရောင်းချရာတွင် ပါးစပ်/နှာခေါင်းစည်း၊ Face Shield ၊ လက်အိတ်များ မဖြစ်မနေဝတ်ဆင်ထားရန် လိုအပ်ပါသည်။ ကမ်းနားလမ်းနှင့် (၄၁)လမ်းထောင့်ရှိ ကုန်စိမ်းလက်ကားဈေးကို နေ့စဉ် နံနက် (၄)နာရီမှ နံနက် (၆)နာရီအထိ တစ်ကြိမ်နှင့် နံနက် (၁၁)နာရီမှ ည(၈)နာရီအထိ တစ်ကြိမ် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး
ကျန်အချိန်များတွင် ဈေးပိတ်ထားမည် ဖြစ်ပါသည်။

( ဇ ) ကုန်စည်ဒိုင်များ၊ ပွဲရုံများမှ ကုန်ပစ္စည်းများ လက်ကားဝယ်ယူရောင်းချသူများအနေဖြင့် ဝင်/ထွက်ခွင့်ကတ်ပြားများကို နီးစပ်ရာ ဈေးစည်ပင်ဌာနတွင် ထုတ်ယူရန်နှင့် ကုန်စည်ဒိုင်များ၊ ပွဲရုံများအနေဖြင့် ကုန်ဝယ်ယူသူများ၏ အမည်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ်များကို မှတ်သားစာရင်းပြုစု၍ ဈေးများဌာနသို့ ပေးပို့ရန်လိုအပ်ပါသည်။

( ဈ ) လက်လီဈေးဝယ်သူများအနေဖြင့် မိမိမြို့နယ်အတွင်းရှိ ဈေးများတွင်သာ ဈေးဝယ်ရန်နှင့် အခြားမြို့နယ်များမှလည်း လာရောက်ဝယ်ယူခြင်းမပြုရန် ဖြစ်ပါသည်။

( ည ) ဈေးဝယ်ရန်နှင့် ဆေးခန်းသွားရန် သတ်မှတ်ထားသည့် လူဦးရေထက်ပိုလျှင်ဖြစ်စေ၊ အခြားအရေးပေါ်ကိစ္စရပ်များအတွက် သွားလာရန်ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ တင်ပြစေရန်နှင့် တာဝန်ထမ်းဆောင်ရန် သွားရောက် / ပြန်လာသူများမှအပ ခွင့်ပြုချက်မရှိဘဲ ရပ်ကွက်အပြင်မှလည်းကောင်း၊ ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်/ထွက်သွားလာခြင်းမပြုရန် ဖြစ်ပါသည်။

( ဋ ) Shopping Mall များတွင် မဖြစ်မနေ ဖွင့်လှစ်ခွင့်ပြုရမည့် ဆိုင်ခန်းများမှအပ ကျန်ဆိုင်ခန်းများအား ယာယီပိတ်သိမ်းသွားရန် ဖြစ်ပါသည်။

( ဌ ) Delivery စနစ်ဖြင့် စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်သူများအား ဝင်/ထွက်ခွင့်ကတ်ပြားများ ပြုလုပ်ပေးရန် လုပ်ငန်းရှင်မှ မြို့နယ်စီမံခန့်ခွဲမှုကော်မတီသို့ လျှောက်ထားရန်နှင့် မြို့နယ်အတွင်းသာ လိုက်လံပို့ဆောင်ရန် ဖြစ်ပါသည်။

( ဍ ) ဆိုင်ကယ်ဖြင့် ဟင်းသီးဟင်းရွက်များ၊ ကုန်စိမ်းများ လိုက်လံရောင်းချသူများအနေဖြင့် နီးစပ်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဝင်/ထွက်ခွင့်ကတ်ပြားများ ရယူရောင်းချရန် ဖြစ်ပါသည်။

( ပ ) ကျန်းမာရေးကိစ္စအတွက် ဆေးရုံဆေးခန်းသွားရန် လိုအပ်ပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် တစ်အိမ်ထောင်လျှင် တစ်ကတ်နှုန်းဖြင့် ထုတ်ယူရန်နှင့် ယာဉ်မောင်းအပါအဝင် (၃)ဦးသာ သွားရောက်ခွင့်ပြုမည် ဖြစ်ပါသည်။

(ဏ) ကျုံးဘေးတွင် အပန်းဖြေအနားယူခြင်း၊ ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ လမ်းလျှောက်ခြင်းများကို သတ်မှတ်ကာလအတွင်း (လုံးဝ)မပြုလုပ်ရန် ဖြစ်ပါသည်။

(တ) မန္တလေးမြို့သို့ ညအိပ်လာရောက်သူ တည်းခိုနေထိုင်မည့်သူများ ရောဂါပိုးကင်းရှင်းကြောင်း ကျန်းမာရေးဌာန၏ ထောက်ခံချက် ပါရှိရမည်ဖြစ်သည်။ ကုန်စည်ပို့ဆောင်သော ကားများမှလွဲ၍ ကျန်မော်တော်ယာဉ်များ ညအိပ်ရပ်နားခြင်း မပြုရပါ။

(ထ) တာဝန်အရ မဖြစ်မနေ ရုံးတက်ရမည့် ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကတ်ဖြင့် သွားလာရန် ဖြစ်ပါသည်။

၂။ အထက်ပါ ညွှန်ကြားချက်များအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့မှ (၁၈)ရက်နေ့အထိ လိုက်နာဆောင်ရွက်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

၁။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ Coronavirus Disease 2019(COVID-19)အား ကမ္ဘာ့ကပ်ရောဂါတစ်ခုအဖြစ် သတ်မှတ်ကြေညာခဲ့ပြီးနောက် COVID-19 ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးတို့အတွက် မန္တလေးတိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါသည်။

၂။COVID-19 ရောဂါနှင့်ပတ်သက်၍ WHO ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအရ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သဖြင့် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်သည့် အကောင်းဆုံးသောနည်းလမ်းမှာ မိမိအိမ်တွင် နေထိုင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦးထိတွေ့မှု မရှိခြင်းတို့ ဖြစ်ပါသည်။ မဖြစ်မနေ အပြင်သို့ သွားရောက်သည့်အခါတိုင်း နှာခေါင်းစည်း Mask များ တပ်ဆင်၍ သွားရောက်ရန် လိုအပ်ပါသည်။

၃။ မန္တလေးတိုင်းဒေသကြီးအတွင်း လူစုလူဝေးဖြစ်ပေါ်နိုင်သည့် လူထုအပန်းဖြေနေရာများ ပန်းခြံ၊ ကလေးကစားကွင်း၊ စကိတ်ကွင်း၊ ဖူဆယ်ကွင်း၊ ဘောလုံးကွင်း၊ နိုက်ကလပ်၊ KTV၊ ကာရာအိုကေ စင်တင်တေးဂီတ၊ စတိတ်ရှိုးပွဲများ၊ ဗီဒီယိုရုံများ၊ ရုပ်ရှင်ရုံများ၊ အနှိပ်ခန်းများ(အကြောပြုပြင်ရေးလုပ်ငန်းအပါအဝင်)၊ ကိုယ်ကာယကြံ့ခိုင်မှုဝန်ဆောင်မှုလုပ်ငန်း(GYM)နှင့် Spa အလှပြင်ဆိုင်များ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းနှင့် အင်းများအား ယာယီပိတ်သိမ်းထားရန်နှင့် ပိတ်သိမ်းခြင်း မပြုပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ပါသည်။

၄။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စားသောက်ဆိုင်၊ ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်များအပါအဝင် အစားအသောက်ရောင်းချသည့် ဆိုင်များအားလုံး ဆိုင်ထိုင်၍ စားသောက်ခြင်းကို ခွင့်မပြုတော့ဘဲ Take-away စနစ်ဖြင့်သာ ရောင်းချသွားရန်နှင့် Take-away စနစ်ဖြင့် ရောင်းချရာတွင်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်သွားရန်နှင့် လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ပါသည်။

၅။ မန္တလေးတိုင်းဒေသကြီးအတွင်း လူစုလူဝေးအများအပြားဖြင့် ကျင်းပမည့် ဘုရားပွဲတော်များ၊ တရားပွဲ /စခန်းများ၊ ဝတ်ပြုဆုတောင်းပွဲများ၊ ရဟန်းခံရှင်ပြုပွဲများ၊ မင်္ဂလာဧည့်ခံပွဲများ၊ အခြား ပွဲလမ်းသဘင်များ၊ လူမှုရေးလုပ်ငန်းများနှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးပွဲများကို ခေတ္တယာယီ ပိတ်သိမ်းထားရန်နှင့် ပိတ်သိမ်းခြင်းမပြုပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ပါသည်။

၆။ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်/မြို့/ရပ်ကွက်နှင့်ကျေးရွာများရှိ တန်ခိုးကြီး ဘုရားများ၊ စေတီပုထိုးများ ဖူးမြော်ခြင်းအား ခွင့်မပြုကြောင်း နှင့်ဖူးမြော်ခွင့်တောင်းခံလာပါက Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီထံ တင်ပြခွင့်ပြုချက်ရယူပြီး ခွင့်ပြုချက်ရရှိမှသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမည် ဖြစ်ပါသည်။

၇။ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်/မြို့/ရပ်ကွက်နှင့်ကျေးရွာများသို့ ပြည်ပနိုင်ငံများနှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုများပြားသည့် မြို့နယ်များမှ ပြန်လည်ရောက်ရှိသူများရှိနေကြောင်းတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ သတင်းပို့ကြရန် ဖြစ်ပါသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်/မြို့/ရပ်ကွက်နှင့်ကျေးရွာများသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိသူများနှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုများပြားသည့် မြို့နယ်များမှ ပြန်လည်ရောက်ရှိသူများအားလုံး Community Based Facility Quarantine (၁၄)ရက်နှင့်Home Quarantine(၇)ရက် ထားရှိဆောင်ရွက်သွားရန်နှင့် လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ပါသည်။  Coronavirus Disease 2019(COVID-19)
မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် နေ့စဉ် ည(၁၂)နာရီမှ နံနက်(၄)နာရီအတွင်း
ညမထွက်ရ Curfew အမိန့်များကို ဆက်လက်ထားရှိဆောင်ရွက်သွားမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူ
ခြင်းခံရမည် ဖြစ်ပါသည်။
၁ဝ။ သို့ဖြစ်ပါ၍ အများပြည်သူအနေဖြင့် COVID-19 ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ခြင်းလုပ်ငန်းများကို အမျိုးသားရေးအသွင်အဖြစ် မှတ်ယူပြီး
လမ်းညွှန်ချက်များ၊ တားမြစ်ကန့်သတ်ချက်များကို (၁-၁၂-၂၀၂၀) ရက်မှစတင်၍ (၁၅-၁၂-၂၀၂၀)ရက်အထိ လိုက်နာဆောင်ရွက်ပေးပါရန်
နှင့်(၁၆-၁၁-၂၀၂၀) ရက်တွင် ထုတ်ပြန်ခဲ့သည့် ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်အား ဤအသိပေးကြေညာချက်ဖြင့် လွှမ်းမိုး
ပယ်ဖျက်ပါကြောင်း ပြည်သူများသိရှိစေရန် အသိပေးကြေညာချက် ထုတ်ပြန်အပ်ပါသည်။