Skip to content

Golden City Hotel အဆောက်အဦ ဖြိုချရှင်းလင်းရေးဆောင်ရွက်စဉ် ယနေ့ ညနေ ၄ နာရီကျော်က ပြိုကျခဲ့

မန္တလေး ဧပြီ ၂၀
လမ်း၃၀ ၊ ၇၀×၇၁ လမ်းကြားရှိ Golden City Hotel အဆောက်အဦအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဖြိုချနေစဉ် ယနေ့ ညနေ ၄နာရီ ၃ မိနစ်က ပြိုကျသွားပြီဖြစ်သည်။

အဆိုပါ နေရာသို မန္တလေးမြို‌တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမောင်၊မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲညွှန်ကြားရေးမှူးတို ရောက်ရှိလာကာ ဘေးကင်းစွာ ဆက်လက်လုပ်ဆောင်ကြရန်နှင့် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အဆောက်အဦ ဖျက်သိမ်းရေး လုပ်ငန်းများကို လွန်ခဲ့သည် တစ်ပါတ်ကျော်ကတည်းက မန္တလေးမြိုတော် စည်ပင်သာယာရေးကော်မတီနှင့်မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲမှ ကယ်ဆယ်ရေးတပ်ဖွဲဝင်များ ပူးပေါင်း၍ နေ့ည မပြတ် စက်ယန္တရားများနှင့် ဆောင်ရွတ်လျက်ရှိရာ ယနေ့ ညနေတွင် အလုံးစုံပြိုကျ သွားခဲ့သည်။

ထိုသိုပြိုကျသွားသည့်ဖြစ်စဉ်တွင် အဆောက်အဦ အနီးအနား၌ ကြီးကြပ်ဆောင်ရွက်နေသူများနှင့် စက်ယန္တရား ယာဉ်မောင်းများလည်း ဘေးကင်းခဲ့ကြောင်းသိရသည်။ (မန္တလေးနေ့စဉ်)

Loading

Leave a Comment





Translate »