Skip to content

မန္တလေး၊ ချမ်းအေးသာစံမြိုနယ်အတွင်း ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

မန္တလေး ဧပြီ ၁၆
မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေး ချမ်းအေးသာစံမြိုနယ်အတွင်း ပြိုကျပျက်စီးနေမှုများအား စည်ပင်သာယာ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးစီး၍ စည်ပင်သာယာ ဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲဝင်များဖြင့် လမ်းပိတ်ဆိုနေရာများရှင်းလင်းခြင်း၊ ပြိုပျက်နေရာများရှင်းလင်းခြင်း စစ်ဆေးခြင်း၊ ဘာသာ ရေးအဆောက်အဦများအားပူပေါင်းလုပ်အားပေး ရှင်းလင်းပေးခြင်း၊ တိုင်းသမအဆောက်အဦ ဖျက်သိမ်းခြင်း၊အထက (၅) ကျောင်းဘောလုံးကွင်းနေရာ၌ ငလျင်ဘေးသင့်သူများအားနေရာချထားခြင်းများနှင့် Golden city ဟိုတယ်အား တိုင်းမီးသတ်ဦးစီးမှူး ဦးစီး၍ ထွေအုပ်၊စည်ပင်၊မီးသတ်တပ်ဖွဲဝင်များဖြင့် ပေါင်းစပ်ကာ ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(မန္တလေးနေ့စဉ်)

Loading

Leave a Comment





Translate »