သဘာဝငလျင်ဘေးသင့် ယာယီ၊ နေ့စားဝန်ထမ်း များအားထောက်ပံ့လှူဒါန်း

မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် သဘာဝငလျင်ဘေးသင့်ဝန်ထမ်းများဖြစ်ကြသည့် မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီမှ ယာယီ၊ နေ့စားဝန်ထမ်း ၇၀၀ ဦးတိုအား အလှူရှင်မြန်မာပြည်ဖွားတရုတ်လူငယ်လုပ်ငန်းရှင်များအသင်းကလူသုံးကုန်ပစ္စည်းများ၊ စားသောက်ဖွယ်ရာပစ္စည်းများနှင့်တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၅၀၀၀၀)စီဖြင့် စုစုပါင်းတန်ဘိုးငွေကျပ် သိန်း(၇၅၀)တိတိကို ယနေ့မွန်းလွဲပိုင်းက မန္တ‌လေးမြိုတော် စည်ပင်သာယာရေးကော်မတီရုံး ယာယီကွပ်ကဲရေးနေရာရှိယာယီ၊နေ့စား ဝန်ထမ်းများအားတစ်ဦးချင်းစီအလိုက် လက်ဝယ်အရောက်လာရောက် ပေးအပ်လှူဒါန်းကြရာ တွဲဖက် အတွင်းရေးမှူး ဦးသက်နိုင်ထွန်းနှင့်ကော်မတီဝင်များ၊ ဌာနမှူးများ၊ အရာထမ်းများက ထောက်ပံကူညီမှုအတွက် ကူညီဆောင်ရွက်ပေးကြပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။(မန္တလေးနေ့စဥ်)

Loading

Leave a Comment