မြို့တော် စည်ပင်၀န်ထမ်းများ နေ့စဉ် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်





မန္တလေး ငလျင်ကြီးကြောင့် အမရပူရမြိုနယ်အတွင်း ပျက်စီးမှုများအား မန္တလေးမြို့တော် စည်ပင်မှ ဝန်ထမ်းအင်အား၊ စက်ယန္တရားအင်အားများဖြင့် ဧပြီ ၁၃ ရက်တွင် ရှင်းလင်းလျက်ရှိရာ ဦးပိန်တံတားအနီးရှိ မယ်ဇယ်တန်းတွင် ပျက်စီးခဲ့သော ဈေးဆိုင်ခန်းများအား လည်းကောင်း၊ အိုးတော်ရပ်ကွက်၊ မင်္ဂလာကျောင်းတိုက်တွင် အန္တရာယ်ရှိကျောင်းဆောင် အဆောက်အဦအား လည်းကောင်း၊ ဆင်စွယ်ပွတ်ရပ်ကွက်၊ မဟာဂန္ဓာရုံကျောင်းတိုက်တွင် အန္တရာယ်ရှိ ကျောင်းဆောင်အား လည်းကောင်း၊ စစ်ကိုင်း-မန်းလမ်း၊ သိမ်ကြီးဈေးအနီး လမ်းဘေးဝဲ/ယာ ရေမြောင်းများအတွင်းရှိ အုတ်ကျိုး/မြောင်းစာများ ဆယ်ယူခြင်းအား လည်းကောင်း၊ ငယ်တိုးကျေးရွာ၊ တလိုင်းစုရပ်၊ ဈေးကုန်းကျောင်းတိုက်တွင် အန္တရာယ်ရှိအဆောက်အဦအား လည်းကောင်း၊ ဘုံးအိုးကျေးရွာ၊ ငလျင်ဘေးကယ်ဆယ်ရေးစခန်းရှိ အမှိုက်များအား သိမ်းဆည်းပေးခြင်းအားလည်းကောင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ (မန္တလေးနေ့စဉ်)