မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို နှစ်ဆန်း တစ်ရက်နေ့တွင် အများပြည်သူဖူး‌မြော်နိုင်ရန် LED နှစ်ခုဖြင့် စီစဉ်ပေးသွားမည်

မန္တလေး ဧပြီ ၁၃

မန္တလေးငလျင်ကြီးကြောင့် မဟာမုနိရုပ်ရှင်တော်(ဘုရားကြီး)၏ မကိုဋ်တော်အနည်းငယ်စောင်းသွားရာ ဧပြီ ၁၂ ရက်နေ့က ပြင်ဆင်ပြီး ဖြစ်၍ လာရောက်ဖူး‌မြော်သူ အများဆုံးဖြစ်သည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရုပ်ပွားတော်မြတ်ကြီးအား အများပြည်သူ ဖူး‌မြော်နိုင်ရန် ၉၆ လက်မအရွယ်ရှိ LED နှစ်ခုဖြင့် စီစဉ်ပေးသွားမည်ဖြစ်သည်။

ငလျင်ဒဏ်ကြောင့် ဘုရားပုရိဝုဏ်အတွင်းရှိ ရှေးဟောင်းအဆောက်အဦ ၇၀ ရာခိုင်နှုန်း ပျက်စီးခဲ့သဖြင့် ရုပ်ပွား တော်မြတ်ကြီးအား အနီးကပ်ဖူး‌မြော်နိုင်မှု မရှိသေးသဖြင့် သင့်လျော်သော နေရာများတွင် LED နှစ်ခု ထားရှိပေးမည်ဖြစ်သည်။

Loading

Leave a Comment