Skip to content

စန္ဒာမုနိဘုရားအတွင်း ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

မန္တလေး ဧပြီ ၂၀

မန္တ‌လေးငလျင်ကြီး‌ကြောင့် ပြိုကျပျက်စီးခဲ့ရသော စန္ဒာမုနိဘုရား ပရိဝဏ်အတွင်းမှ အပျက်အစီးများနှင့် အုတ်ကျိုးအုတ်ပဲ့များအား ယနေ့နံနက်ပိုင်းတွင် နယ်မြေခံတပ်မှ တပ်မတော်သားများ၊ မန္တလေးမြိုတော် စည်ပင် သန့်ရှင်းရေးဌာနနှင့် ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနမှ ဝန်ထမ်းများကဆက်လက်ဖယ်ရှား ရှင်းလင်းလျက်ရှိရာ တာဝန်ရှိသူများ လာရောက်ကြည့်ရှုပြီး လုပ်ငန်းများ မြန်ဆန်ထိရောက်စွာနှင့် အန္တရာယ်ကင်းအောင် လုပ်ဆောင်ကြရေး မှာကြားကာ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ (မန္တလေးနေ့စဉ်)

Loading

Leave a Comment





Translate »