ဂျပန်ဆေးရုံမှ ငလျင်နှင့် အခြားရောဂါများအား အတတ်နိုင်ဆုံး ကုသပေးလျက်ရှိ

မန္တလေး၊ ဧပြီ ၁၁
မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီရုံးအတွင်း ဖွင့်လှစ်ထားရှိသော ဂျပန်ဆေးရုံမှ မန္တလေးငလျင်ကြီးဒဏ်ကြောင့်ခံစားရသော ထိခိုက်ဒဏ်ရာရရှိသူများနှင့် အခြားသော ရောဂါဝေဒနာရှင်များကို အတတ်နိုင်ဆုံး ကုသပေးလျက်ရှိကြောင်း အဆိုပါဆေးရုံတာဝန်ခံ မစ္စတာရာဇာမာက ပြောသည်။
ဆေးကုသမှုပြုလုပ်နိုင်ရန်အတွက် ဆရာဝန်၊သူနာပြု ၃၁ ယောက်ဖြင့် ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး လူနာပြသရန်နေရာ၊ ဆေးပေးခန်း၊ လူနာသုံး အိမ်သာ၊ X ray ဓာတ်မှန်ခန်းနှင့် အခြားသော ကျန်းမာရေးအတွက်လိုအပ်သည့် အထောက်အကူပြု ပစ္စည်းများလည်း ပါဝင်လာကြောင်းသိရသည်။
” ဆေးရုံကိုတော့ တစ်ပတ်လောက် ဆက်လက်ကုသပေးပါ့မယ်။ ဂျပန်အစိုးရက စေလွှတ်လိုက်တဲ့ ဒီနေရာ (မန္တလေးမြို)မှာ ကုသမှုတွေ ပြုလုပ်ပေးနေပါတယ်၊ ဒဏ်ရာရတဲ့သူ၊ ဒုက္ခရောက်တဲ့သူ လူနာတွေကို စေတနာရှိရှိနဲ့ အတတ်နိုင်ဆုံး ဂျပန်ဆရာဝန်၊သူနာပြုတွေက ကူညီေဆာင်ရွက်ပေးပါ့မယ် “ဟု ၎င်းက ပြောသည်။
ထိုပြင် ၎င်းက “မန္တလေးက ပြည်သူ၊ပြည်သားတွေဟာ အင်မတန် သဘောကောင်းတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။ ခင်မင်စွာနဲ့ ကျွန်တော်တိုကိုကြိုဆိုဆက်ဆံကြပါတယ်။ ဒီလိုအတွေ့အကြုံတွေကို ဂျပန်နိုင်ငံကိုလက်ဆောင်အနေနဲ့ ယူဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့ကြောင်း သိရသည်။ (မန္တလေးနေ့စဥ်)